MOTA
13/12/2025
ဒီဇင်ဘာရောက်ပြီဆိုတော့ အားလုံးရဲ့ အိမ်တွေမှာ ခရစ္စမတ်ရဲ့ ပျော်ရွှင်စရာ အငွေ့အသက်တွေနဲ့ လှပနေစေဖို့ ခရစ္စမတ်နဲ့ပတ်သက်တဲ့ အလှဆင်ပစ္စည်းအစုံအလင်ကို ကျွန်တော်တို့ဆီမှာ ဝယ်ယူအားပေးလို့ ရနေပါပြီခင်ဗျ ! 🎅
ဖုန်းဖြင့် မှာယူရန် 👉 095066188
ဆိုင်လိပ်စာ 👉 ဒေါ(၂၅၉)/ဘူတာဝင်ပေါက်ရှေ့အတည့်/ဘူတာလမ်းမကြီး/ဒေါတမရပ်ကွက်/လွိုင်ကော်မြို့။
#ခရစ္စမတ် #အလှဆင်ပစ္စည်း #လက်ဆောင်
02/10/2025
ကျွန်တော့်ဆီမှာ ဖလက်ဆီနက်တွေ မရောင်းဖြစ်တော့ပေမဲ့ ပြောင်းလဲသွားတဲ့ဈေးနှုန်းကိုတော့ Update လုပ်ပေးလိုက်ပါတယ်။
ကဒ်တွေကို ဝယ်ယူခါစမှာ ကနဦးတုန်းက 100GB ရခဲ့ဖူးပေမဲ့ တဖြည်းဖြည်းလျော့လာရာကနေ အခုဆို 80GB ပဲ ကျန်ပါတော့မယ်။
ဒါ့အပြင် ဒေတာပတ်ကေ့ခ်ျတွေကလည်း
(1) 55GB - 15000 (30Days)
(2) 35GB - 10000 (20Days)
(3) 15GB - 5000 (7Days) ဆိုပြီး အသီးသီးဖြစ်သွားပါပြီ။
01/10/2025
ဒီတစ်ခေါက်ကတော့ Gaming PC ဆင်ရင် စတိုင်ကျပြီး အကြမ်းခံတဲ့ Asrock B450 Steel Legend Motherboard ကို ရောင်းချမှာပဲ ဖြစ်ပါတယ်။ သူကတော့ Original I/O Shield အပြင် ဘူးပါကင်အပြည့်အစုံရှိပါသေးတယ်။ Condition ကတော့ ၉၀% အထက် ကောင်းမွန်ပါဦးမယ်။
Steel Legend ဆိုတဲ့အတိုင်း Unique ဖြစ်တဲ့ Design နဲ့ လှပတဲ့ Addressable RGB (ARGB) Lighting ပါရှိပါတယ်။ Support လုပ်တဲ့ CPU တွေကတော့ Ryzen 1000, 2000, 3000, 5000 Series တွေဖြစ်လို့ Budget အတွက်ပဲဖြစ်ဖြစ်၊ Mid-Range အတွက်ပဲဖြစ်ဖြစ် အဆင်ပြေသလို အသုံးပြုနိုင်ပါတယ်။
ဈေးနှုန်း - ၂,၂၀၀၀၀ ကျပ်
ပြင်ပပုံတွေ ရိုက်မတင်ဖြစ်တာက Motherboard ကို ခုချိန်ထိ ပုံးထဲက မထုတ်ဖြစ်သေးလို့ပါ။ စိတ်ဝင်စားပါက Messenger မှတစ်ဆင့် တောင်းခံကြည့်ရှု့နိုင်ပါတယ်။
ဖုန်း - 09254521193, 09777838300
လိပ်စာ - ဒေါ (၂၅၉)၊ ဘူတာလမ်း၊ ဘူတာပင်မဝင်ပေါက် အရှေ့ပေါက်၊ ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့။
01/10/2025
GPU ထဲက RX 580 8GB (Used) တစ်ကဒ် ရောင်းပါဦးမယ်။ မိနစ် ၃၀ စမ်းသပ်ထားတဲ့ Furmark ရလဒ်မှာ 72 FPS ကို အပူချိန် 68° ပဲ တက်တဲ့အပြင် အော်စည်းမပျက်သေးတဲ့ ဒီကဒ်ရဲ့ Condition ပိုင်းဟာလည်း ၉၀%နှုန်းအထက် သန့်ပြန့်မှုရှိပါသေးတယ်။ RX 580 ကဒ်မှန်ပေမဲ့ Sapphire Nitro+ ဘရန်းဖြစ်တဲ့အတွက် Cooling ပိုင်းကတော့ အတော်လေးစိတ်ချရပြီးသားပါ။ ဒါ့အပြင် 8GB GDDR5 ဆိုတဲ့အတိုင်း VRAM များတာကြောင့် High Texture Resolution ကြီးတဲ့ဂိမ်းတွေအတွက်လည်း အဆင်ပြေပါတယ်။ 1080p မှာဆိုရင်တော့ CS2, Valorant, DOTA 2 နဲ့ AAA Games အတော်များများကို Low/Medium-High Settings တွေနဲ့ FPS ကောင်းကောင်း ရနိုင်ပါတယ်။ အရင်ကတည်းက Dota2 လို ပေါ့ပေါ့ပါးပါး ဂိမ်းလောက်ပဲဆော့ထားတာမို့ ရေရှည်သုံးမယ်ဆိုလည်း စိတ်ချရပါသေးတယ်ခင်ဗျ။ ကဒ်ကတော့ မူရင်းဘူးခွံမရှိတော့ပါဘူး။
GPU : RX 580 8GB
Brand/Model : Sapphire NITRO+
Cooling System : Dual-X Cooling
Power Connector : 8-pin + 6-pin
(ပါဝါတော့ ကောင်းကောင်းကျွေးရပါမယ်)
VRAM : 8GB GDDR5
Ports : 2x HDMI, 2x DP, 1x DVI
ဈေးနှုန်း - ၄၂၀,၀၀၀ ကျပ်
အာမခံတစ်ပတ်ပေးပါမယ်ခင်ဗျ။
ဖုန်း - 09254521193, 09777838300
လိပ်စာ - ဒေါ (၂၅၉)၊ ဘူတာလမ်း၊ ဘူတာပင်မဝင်ပေါက် အရှေ့ပေါက်၊ ဒေါတမရပ်ကွက်၊ လွိုင်ကော်မြို့။
20/08/2025
Ballistix 8GB x2 3200MHz DDR4 RAM (Heatsink)
Upgrade လုပ်လိုက်လို့ ပိုနေတဲ့ Ballistix RAM လန်းလန်းလေးတွေ ရောင်းပါဦးမယ်!
ဂိမ်းဆော့ဖို့ပဲဖြစ်ဖြစ်၊ ကွန်ပျူတာ အလုပ်လုပ်ဆောင်နိုင်စွမ်း မြှင့်တင်ဖို့ပဲဖြစ်ဖြစ် လိုအပ်နေသူတွေအတွက် Ballistix 8GB 3200MHz RAM ၂ ချောင်း (Total 16GB) ရောင်းဖို့ရှိပါတယ်။
နေ့စဉ်သုံးလုပ်ဆောင်မှုတွေဖြစ်တဲ့ Web Browsing, multitasking (တစ်ပြိုင်နက်တည်း application များစွာ ဖွင့်ထားခြင်း) နဲ့ data heavy tasks (ဥပမာ- video editing, 3D rendering) တွေလုပ်တဲ့အခါ ပိုမိုမြန်ဆန်သွက်လက်ဖို့ဆိုရင် Dual-Channel ဖြစ်နေခြင်းက အကောင်းဆုံးပါပဲ။
Used ဆိုပေမဲ့လည်း heavy tasks သုံးထားတာမျိုး မရှိတဲ့အပြင် Condition ပိုင်းမှာရော အသစ်နီးပါးပဲမို့ လုံးဝ စိတ်ချလက်ချ ဝယ်ယူနိုင်ပါတယ်။ ဝယ်ယူပြီးတဲ့နောက်ပိုင်း တစ်လအတွင်း ပစ္စည်းနဲ့ပတ်သက်ပြီး ပြဿနာတစ်စုံတစ်ရာ ပေါ်လာခဲ့ရင် ငွေအပြည့်အဝ ပြန်အမ်းပေးမယ့် (Full Refund Warranty) ကို ပေးထားပါတယ်။ ဒါကြောင့် စိတ်ပူစရာမလိုဘဲ ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ပါတယ်။
စိတ်ဝင်စားတယ်ဆိုရင် Chatbox ကနေဖြစ်ဖြစ်၊ ဖုန်းနံပါတ် 09254521193 ကိုဖြစ်ဖြစ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျ။
Condition ပိုင်းကို မြင်သာစွာ သိရှိစေနိုင်ဖို့အတွက် လက်တွေ့ပုံအချို့ကိုလည်း ထည့်သွင်းဖော်ပြပေးထားပါတယ်။
ောင်းမည်
10/08/2025
FlexiNet လေးတွေ ဒီတစ်ခေါက်အတွက် နောက်ဆုံးလက်ကျန် ၂ ကဒ်ပဲ ကျန်ပါတော့မယ်။
ဒါကုန်သွားရင် ATOM Wireless နဲ့ FlexiNet ကဒ်တွေ ရောင်းချတာကို အပြီးတိုင် ရပ်နားတော့မည်ဖြစ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။
ဒီကြားထဲ ဝယ်ယူအားပေးခဲ့ကြသော တစ်ဦးတစ်ယောက်ချင်းစီတိုင်းအား ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာ။ 💙
တည်နေရာ - ဒေါ/၂၅၉၊ ဒေါတမရပ်ကွက်၊ ဘူတာလမ်း၊ ဘူတာအရှေ့ထွက်ပေါက်အတည့်၊ လွိုင်ကော်မြို့။ (အိမ်လိပ်စာပါ။ ဆိုင်မဟုတ်ပါဘူး)
Phone No. - 09254521193, 09777838300
Viber - 09254521193
page- MOTA /
Messenger - m.me/539745639229459
01/08/2025
ဖလက်ဆီနက်တွေ ဈေးနှုန်းထပ်ပြောင်းပါတယ်။
အားရပါးရ ဂုတ်သွေးစုတ်မယ့် ဈေးနှုန်းတွေ ဖြစ်လို့လာပါပြီခင်ဗျ။
ဆင်းမ်ကဒ်ဝယ်ယူစဉ် ပါရှိတဲ့ 90GB ကို ဒီရက်ကနေစပြီး 80GB ပဲရပါတော့မယ်။
ပတ်ကေ့ခ်ျတွေဟာလည်း
18GB >>> 15GB - 5000ks (10 days)
40GB >>> 35GB - 10000ks (30 days)
66GB >>> 55GB - 15000ks (30 days)
ဆိုပြီး အသီးသီး ဈေးတက်သွားပါပြီ။
25/07/2025
ကြိုးမဲ့ဝိုင်ဖိုင်စက်တွေ ပစ္စည်းပြတ်နေတာကြောင့် အရောင်းပို့စ်တွေ မတင်ဖြစ်သေးပါဘူး။ ဒါပေမဲ့ ဒီပို့စ်မှာတော့ ကြိုးမဲ့ဝိုင်ဖိုင်စက်တစ်လုံးကို ရောင်းလိုက်ပါဦးမယ်။ ဘယ်လိုလဲဆိုတော့ ဒီလရဲ့ ၁၁ ရက်နေ့တုန်းက ရောင်းထားတဲ့ စက်တစ်လုံးဟာ လိုင်းမတက်လို့ဆိုတဲ့ အကြောင်းပြချက်ကြောင့် ရှေ့ရက်ကမှ ပြန်သိမ်းလာခဲ့ရပါတယ်။ ဆိုတော့ ပါကင်အသစ်မဟုတ်တော့တဲ့ ဒီရဲ့ဝိုင်ဖိုင်စက်ကို ၁၆၆,၅၀၀ ကျပ်ဖြင့် ရောင်းချပေးသွားပါမယ်။ လိုင်းနှေးလို့ ပြန်သိမ်းလာတယ်ဆိုလို့လည်း အတွေးမများလိုက်ပါနဲ့။ ကြိုးမဲ့ဝိုင်ဖိုင်စက်တွေ လိုင်းနှေးတတ်တဲ့ အကြောင်းကို ဟိုးအရင်ကတည်းက တောက်လျှောက် ရှင်းပြလာခဲ့ပြီးသားပါပဲ။ လိုင်းနှေးရခြင်းရဲ့ အဓိက အကြောင်းအရင်းတွေဟာ မြို့ရဲ့အခြေအနေအရ ဆက်သွယ်ရေးကွန်ယက်တွေ မတည်ငြိမ်သေးတာကြောင့်ရယ်၊ စက်တွေရဲ့လိုင်းဆွဲအား မှန်ကန်မှုမရှိရခြင်းတို့ကြောင့် ဖြစ်တယ်ဆိုတာကိုလည်း ထပ်တလဲလဲ အသိပေးထားပါတယ်။ လိုင်းတွေ နေ့ခင်းဖက်ဆို ကြပ်နေတတ်တာဟာ လွိုင်ကော်မြို့ပေါ်က အင်တာနက်လိုင်းမြန်နှုန်းတွေရဲ့ ထုံးစံတစ်ခုလိုကို ဖြစ်နေပါပြီ။ ညအချိန် ၁၀နာရီနောက်ပိုင်းနဲ့ မနက် ၉နာရီလောက်အထိကတော့ သုံးလို့ကောင်းတဲ့ အခြေအနေတစ်ခုမှာ ရှိနေတတ်ပြီး ကျန်တဲ့အချိန်တွေမှာ လိုင်းနှေးနေခြင်းကို ပုံမှန်မြန်နှုန်းလို့ပင် ဆိုရမလိုဖြစ်နေပါပြီ။ ဒါကြောင့် စက်ကိုမဝယ်ယူခင်မှာ အခုလိုမျိုး လိုင်းမကောင်းတဲ့ အခြေအနေတစ်ရပ်ကို သည်းခံနိုင်မှသာ ဝယ်ယူအားပေးဖို့ သတိပေးချင်ပါတယ်။
ဆိုတော့ ပို့စ်ကို အကျဉ်းပြန်ချုံ့ရမယ်ဆိုရင် စက်ကိုဝယ်ယူစဉ် ရက် ၆၀ ပါတဲ့ ဒေတာသက်တမ်းဟာ ၁၅ရက်ခန့်ဆုံးရှုံးထားပြီ ဖြစ်တာကြောင့် စက်ကို ၂သောင်းလျော့ဈေးနဲ့ ဝယ်ယူလို့ရပါမယ်။ စက်က လိုင်းနှေးနေတာမျိုးလည်း ရှိသေးတာကြောင့် မိမိအိမ်မှာ အရင်ဆုံး အစမ်းသုံးကြည့်ပြီးမှသာ ဝယ်မလား၊ မဝယ်ဘူးလား ဆိုတာကို မျက်မြင်ဆုံးဖြတ်လို့ရအောင် စီစဉ်ပေးပါမယ်။ အဓိကကတော့ ဒါပါပဲခင်ဗျာ။
ဒီရက်ပိုင်း ဝိုင်ဖိုင်စက်တွေ မှာယူလို့ မရနိုင်သေးတာကြောင့် အခုရောင်းပေးမယ့် တစ်လုံးကလွဲလို့ လတ်တလော အရောင်းနားထားပါတယ်။ ဒါပေမဲ့ အင်တာနက်သီးသန့်သုံးရတဲ့ FlexiNet ကဒ်တွေကတော့ လက်ကျန်တွေရှိသေးတာမို့ လာရောက်ဝယ်ယူအားပေးနိုင်ပါတယ်။ FlexiNet ဈေးတွေက အရင်လို ၃၅,၀၀၀ ကျပ်ပါပဲခင်ဗျာ။
တည်နေရာ - ဒေါ/၂၅၉၊ ဒေါတမရပ်ကွက်၊ ဘူတာလမ်း၊ ဘူတာအရှေ့ထွက်ပေါက်အတည့်၊ လွိုင်ကော်မြို့။ (အိမ်လိပ်စာပါ။ ဆိုင်မဟုတ်ပါဘူး)
Phone No. - 09254521193, 09777838300
Viber - 09254521193
Facebook -
Messenger - m.me/539745639229459
FlexiNet ကဒ်များအတွက် KBZPay မှတစ်ဆင့် ပတ်ကေ့ခ်ျဝယ်ယူနည်း
29/06/2025
ဖျားနေလို့ ဈေးရောင်းနားထားတာပါ။ ကဒ်ရော စက်ရော ဝယ်ယူဖို့ ဆက်သွယ်ထားသူတွေ အခုကစပြီး ပြန်လည်မှာယူနိုင်ပြီ ဖြစ်ကြောင်းပါခင်ဗျာ။
ဒါနဲ့ သိပြီးကြပြီလား။ ATOM တာဝါတိုင် ထပ်တိုးလိုက်ပြီလား အတပ်မပြောနိုင်ပေမဲ့ ဒေါနိုကူးဖက်နဲ့ နမ့်ကွတ်ရပ်ကွက် နေရာအချို့တွေမှာ Cellular Signal တွေ သိသိသာသာ တိုးလာရုံတင်မကဘဲ အင်တာနက်လိုင်း သုံးရာမှာလည်း Connection Stable ဖြစ်နေတာကို တွေ့ရပါတယ်။ ဒါကြောင့် ရှေ့လျှောက် ATOM ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ တဖြည်းဖြည်း ပိုကောင်းလာတော့မယ်လို့ ထင်မြင်မိပါတယ်။ ပိုကောင်းတဲ့ အင်တာနက်၊ ပိုတန်တဲ့ ဒေတာပလန်တွေကို ခံစားရယူချင်တယ်ဆိုရင် ATOM FlexiNet တွေကို ဦးစားပေးစဉ်းစားခြင်းက မှားမယ်မထင်ပါဘူး။ ခက်တာက ၄ လပိုင်းအစမှာ ဖလက်ဆီနက်ကဒ်တွေ ဈေးတက်သွားခဲ့သလို ဒီရဲ့ ၆ လပိုင်းထဲမှာလည်း ဒေတာခံစားခွင့်တွေကို လျှော့ချပစ်တာကြောင့် သုံးစွဲသူတွေအနေနဲ့ စိတ်ပျက်ချင်စရာ အတွေ့အကြုံတွေကိုသာ ပိုပြီး အမှတ်ရနေကြမှာပါ။ ဒါပေမဲ့လည်း သာမန်ဆင်းမ်ကဒ်တွေမှာ ၁၅၀၀၀ ဖိုးဝယ်မှာ 16GB လောက်ပဲ ရနေတဲ့အချိန် FlexiNet တွေမှာတော့ ၅၀၀၀ ဖိုးနဲ့တင် 18GB ရနေသေးတဲ့အတွက် ဒေတာကုန်ကျစရိတ်ကို သိသိသာသာ လျှော့ချပေးနိုင်ဆဲပဲဖြစ်ပါတယ်။
နောက်ထပ် ပြောချင်တာတစ်ခု ရှိပါသေးတယ်။ အဲ့ဒါက ကျွန်တော့်ဆီကနေ ဝယ်ယူအားပေးသွားကြတဲ့ မိတ်ဆွေတွေထဲမှာ ရုပ်ရှင်ဝါသနာအိုးတွေ ရှိခဲ့မယ်ဆိုရင် ကျွန်တော်ကိုယ်တိုင် ဒေါင်းလုဒ်ဆွဲထားတဲ့ ရုပ်ရှင်ဇာတ်လမ်းကောင်းအချို့ကို အခမဲ့ကူးပေးဖို့ စီစဉ်ထားပါတယ်။ အဲ့အတွက်လည်း သီးသန့်ပို့စ်တစ်ခုနဲ့ ပြန်လာပါဦးမှာဖြစ်လို့ စောင့်မျှော်ပေးကြပါဦးဗျာ။
တည်နေရာ - ဒေါ/၂၅၉၊ ဒေါတမရပ်ကွက်၊ ဘူတာလမ်း၊ ဘူတာအရှေ့ထွက်ပေါက်အတည့်၊ လွိုင်ကော်မြို့။ (အိမ်လိပ်စာပါ။ ဆိုင်မဟုတ်ပါဘူး)
Phone No. - 09254521193, 09777838300
Viber - 09254521193
Facebook -
Messenger - m.me/539745639229459
24/06/2025
နောင်လွင်ဖြိုးနာမည်နဲ့ မှတ်ပုံတင်ကဒ် ကောက်ရထားပါတယ်။
ပိုင်ရှင်ဟုတ်မှန်ပါက ၀၉-၂၅၄၅၂၁၁၉၃ သို့ ဆက်သွယ်ပြီး လာယူနိုင်ပါတယ်။
ဒေါ(၂၅၉)၊ ဘူတာလမ်း၊ ဘူတာဝင်ပေါက်ရှေ့အတည့်၊ ကြွေပြားအစိမ်းအိမ်မှာ လူကိုယ်တိုင်တွေ့ပြီးတော့လည်း ပြန်ယူနိုင်ပါတယ်။
19/06/2025
မနက်ဖြန်ကစပြီး FlexiNet တွေမှာ ဈေးနှုန်းအပြောင်းအလဲ ရှိပါမယ်ခင်ဗျ။
ယခင်က ကဒ်ကိုဝယ်ယူစဉ် 100GB ရတယ်ဆိုပေမဲ့ လာမယ့်အပြောင်းအလဲမှာတော့ 90GB ပဲ ရတော့မှာပါ။
သက်တမ်းတိုးပတ်ကေ့ခ်ျတွေဟာလည်း အောက်ပါအတိုင်း အပြောင်းအလဲရှိပါမယ်။
(၁) 5,000 MMK - 20GB(10days) > 18GB
(၂) 10,000 MMK - 42GB(30days) > 40GB
(၃) 15,000 MMK - 66GB(30days) > ပြောင်းလဲမှုမရှိပါ
ပိုမိုကောင်းမွန်တဲ့ ပြောင်းလဲမှုမျိုးတော့ မဟုတ်ခဲ့ပါဘူး။
Click here to claim your Sponsored Listing.
Category
Telephone
Website
Address
Loikaw
09011
Opening Hours
| Monday | 11:00 - 16:00 |
| Tuesday | 11:00 - 16:00 |
| Wednesday | 11:00 - 16:00 |
| Thursday | 11:00 - 16:00 |
| Friday | 11:00 - 16:00 |
| Saturday | 11:00 - 16:00 |
| Sunday | 11:00 - 16:00 |