MSD Branded Cosmetic
29/05/2026
ခရမ်းလေးရ
L’Oréal Shampoo တွေထဲမှာ ထင်းထွက်နေတဲ့ နှစ်ကောင်ဆိုရင် ဒီ 2 ခုကိုပြောရမှာပဲဗျ ✨
အထူးသဖြင့် မြန်မာနိုင်ငံလို ပူအိုက်စိုစွတ်တဲ့ ရာသီဥတုမှာ လူအများဖြစ်လေ့ဖြစ်ထရှိတဲ့ ဦးရေပြားအဆီပြန်တာ ၊ ယားယံတာ ၊ စေးထန်းတာ ၊ ဒီနေ့ခေါင်းလျှော် နောက်နေ့ ကပ်တာ စတဲ့ ပြဿနာတွေကို ထိထိရောက်ရောက်ဖြေရှင်းပေးနိုင်သလို လျှော်ပြီးသွားရင်လည်း တစ်မျိုးစီ ပုံကျပြီး လှသွားလို့ သုံးရတာလည်း တအားတန်တယ်
🩷 Glycolic Gloss ပန်းရောင်ကို ငုံးစမ်းထားတာ မကြာသေးတော့ review တော့မဟုတ်ဘဲ သူ့ အလုပ်လုပ်ပုံက စိတ်ဝင်စားဖို့ကောင်းလို့ ပြောလိုက်ဦးမယ် လျှော်ပြီးရင် ဆံသားက ပြောင်လက်သွားတာပဲလို့ နာမည်ကြီးတာကတော့
Cosmetic Chemistry အရ ဒီ shampoo ကို acidic PH ဘက် အနည်းငယ်သွားအောင် formulate လုပ်ထားတာဖြစ်ပြီး Glycolic Acid 3% နဲ့ Salicylic Acid တွေက dull flim တွေဖြစ်တဲ့ ရေထဲမှာပါတဲ့ minerals တွေ ၊ calcium တွေကို လုံးဝ ရှင်းထုတ်သန့်စင်လိုက်ပြီး ပွင့်နေတဲ့ cuticle လေးတွေကို silicone 2 မျိုးနဲ့ clear coat လုပ်လိုက်သလို ဖန်တီးပေးတာမို့ လျှော်လိုက်ရင် ပြောင်ပြောင်လက်လက်နဲ့ Extra Gloss Shampoo ဆိုတဲ့ နာမည်နဲ့ လိုက်ဖက်နေရောပဲဗျ
🩷 L’Oréal တို့ ထုံးစံအတိုင်း ရနံ့ပိုင်းမှာလည်း ကောင်းမွန်တယ် မွှေးတယ် ဆိုပေမယ့် personally ငုံး ဒီအနံ့ကို သိပ်တော့သဘောမကျဘူး
💜 သုံးတာကြာပြီဖြစ်သလို ကုန်ခါနီးပြီဖြစ်တဲ့ ခရမ်းလေးကတော့ အဆီတအားပြန်တဲ့သူတွေ ၊ ကပ်တဲ့သူတွေအတွက် အတော်လေးကိုကောင်းတယ် လျှော်ပြီးရင် Volume ရတယ် deep cleansing ပိုဖြစ်တယ်ဗျ ရနံ့ပိုင်းကိုလည်း ငုံး ဒီကောင်လေးကို ပိုကြိုက်တယ်
💜 သူကတော့ ငုံး details review တင်ပြီးသားမို့ အများကြီးမပြောတော့ဘူး Salicylic Acid နဲ့ အဆီတွေ ၊ ဂျေးတွေကို အကုန်ရှင်းထုတ်ပြီး ဆံသားသိပ်မခြောက်သွားအောင် HA နဲ့ပြန်ထိန်းထားတာ
Silicone တစ်ခုမှတော့ မပါလို့ လျှော်ပြီး ပြောင်ပြောင်လေးဖြစ်တာမျိုးတော့ ရှိမှာမဟုတ်ဘူး
2 မျိုးလုံးက လျှော်ပြီးရင် ဆံသားခြောက်သွားနိုင်လ်ု့ treatment step တစ်ခုခု နောက်ကနေ သေချာပေါက် လိုက်မှရမယ်ဗျ Hair Mask ပြန်သုံးပေးရင်တော့ အကောင်းဆုံးပဲ ပြီးရင်တော့ Hair Serum လေးတစ်ခုခု သေချာလေးလိမ်းပေးရင် Good Hair Day ပါပဲဗျာ 😻
28/05/2026
အမဲစက်ပါး ကြည်လင်တောက်ပတဲ့ မျက်နှာလေးအတွက် Celimax pore+ Dark spot brightening cream Instock 🍦
🍦Niacinamide နဲ့ tranexamic acid 5% စီပါဝင်လို့ ချွေးပေါက်လေးတွေကျဉ်းလာစေပြီး အမဲစက်အမာရွတ်၊ တင်းတိပ်၊မှဲ့ခြောက်တွေကို သိသိသာသာ လျော့ပါးစေပါတယ်
🍦Melazero ကနေလောင်လို့ အသားအရေညစ်ပြီး skin tone မညီညာတာတွေကိုသက်သာစေတဲ့အပြင်
🍦ceramide ပါဝင်လို့ ဝက်ခြံ/နေလောင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ skin barrier ကိုပြန်လည်ကောင်းမွန်စေပါတယ်
🍦လိမ်းလိုက်ရင်စေးကပ်မှုမရှိဘဲ စိမ့်ဝင်လွယ်လို့ အခုလိုနွေရာသီနဲ့လည်းကွက်တိ
ဆိုင်လိပ်စာ- တက္ကသိုလ်ညောင်ပင်ဘေးလမ်း ရက်ကွက် ၁ Paragon English Class အနီး
NCC ဘေး( လားရှိူးမြို့)
Ph-09669394888
Viber. 09790556555
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
HTTPS://M.YOUTUBE.COM/WATCH?V=ARN7Y0X2E8A