Dip IFR

Dip IFR

Share

Photos from Dip IFR's post 07/05/2026

သင့်လက်ထဲက ငွေ တန်ဖိုးဘယ်လောက်ကျလဲ တွက်ချက်နည်း

ဒီတစ်ခါ မိတ်ဆွေတွေ လက်ထဲမှာ ရှိတဲ့ငွေက inflationဆိုတဲ့ ငွေကြေးဖောင်ပွမှုရယ် အချိန်timeရယ် အပေါ်မှုတည်ပြီး ဘယ်လိုတန်ဖိုးကျလဲဆိုတာကို ဘယ်လိုပုံစံနဲ့လွယ်လွယ် တွက်ကြည့်လို့ရလဲဆိုတာလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ဒီလိုတွက်ချက်မယ်ဆိုရင် ပထမဦးဆုံး inflationဟာ ဘယ်လောက်လောက်ဖြစ်နေလဲကို ကိုယ်ကခန့်မှန်းရပါမယ် ဒီလို inflationကို ခန့်မှန်းတဲ့နေရာမှာ ဒေါ်လာတို့ ရွှေတို့ ပဲကြည့်ပြီး ငွေကြေးဖောင်ပွပြီး ကုန်စျေးနှုန်းတက်ပြီးလို့ပြောလို့မရပါဘူး ဥပမာ ဒေါ်လာက 35%တက်သွားလို inflationက 35%ဖြစ်သွားပြီလို့ပြောလို့ မရပါဘူး အဓိကဘာကို ကြည့်ရမလဲဆိုတော အိမ်တစ်အိမ် လူတစ်ယောက်အတွက် မရှိမဖြစ်သုံးရစားရတဲ့ ကုန်ပစ္စည်းတွေရဲ့ average တက်တဲ့ %ကသာလျှင် အနီးအစပ်ဆုံး inflationကို ရနိုင်ပါတယ်။

ဒီတော့ ဒေါ်လာစျေးတက်တော့ ပစ္စည်းစျေးမတက်ဘူးလား မေးရင် တက်တဲ့ပစ္စည်းတက်ပါတယ် အဓိက importသွင်းတဲ့ ပစ္စည်းတွေကြိမ်သေးတက်ပါမယ် ဒါပေမယ့်ပြည်တွင်းမှာ ထွက်တဲ့ ဆန်၊ အသားအငါး၊ အသီးအရွက် ၊ပြည်တွင်းထုပ်ဆီတွေကတော့ ဓာတ်ဆီစျေးတက်တာကြောင့်သာ %အသင့်အတင့်တက်နိုင်ပါ ဒါကြောင့် အခု inflation rateက တက်တော့တက်ပါတယ် ဒေါ်လာ 35%တက်သွားလို့ inflation 35%ဖြစ်သွားတယ်ဆိုတာမဟုတ်ဘူးဆိုတာကို သိစေချင်ပါတယ်။အခု inflation %က ခန့်မှန်းခြေ ၂၀%​ကျော်လောက်ရှိပါတယ်။

ဒီတော့ မိတ်ဆွေရဲ့ ငွေတန်ဖိုး ဘယ်လောက်ကျလဲဆိုတာကို inflation 5% နဲ့ 10% ဥပမာ ၂ခုနဲ့ပြောပြသွားပါ့မယ်။ပုံမှာ ဇယားအကွက် အဖြူလေး ၂ခုရှိပါတယ် ဘယ်ဘက်ဘေးမှာ periodဆိုတာက အချိန်နှစ် yearကိုပြောတာဖြစ်ပါတယ် 1ဆိုရင် 1နှစ်ကြာပြီး၊ 2ဆိုရင် 2နှစ်ကြာပြီးလို့ဆိုလိုခြင်းဖြစ်ပါတယ် အပေါ် interest ကတော့ inflation%ကို ထည့်ပြီး စဥ်းစားရမှာဖြစ်ပါတယ် inflationက 5%ဆိုရင် အဲ့နေရာနှင့် နောက် 2နှစ်ကြာရင်ဆိုရင် 2ဆိုတဲ့နေရာနဲ့ 5% နဲ့ဆုံတဲ့ ဂဏန်းနဲ့ ကိုယ့်ငွေကို မြှောက်ပေးရမှာဖြစ်ပါတယ်။ဇယား ၂ခုပေးထားပါတယ် inflation 20%အထိတွက်လို့ရပြီး 20years အထိရပါတယ် ဒီထက်ကျော်ရင်တော့ formulaနဲ့ တွက်လို့လည်းရပါတယ် ဒီမှာဇယားနဲ့ပဲပြောပြပါမယ်။

ဒီမှာ မိတ်ဆွေက လက်ထဲ သိန်း၁၀၀ရှိတယ် ဆိုပါဆို့ inflation 5% နဲ့ နောက် ၈နှစ်အတွင်းငွေတန်ဖိုး ဘယ်လိုတွေကျမလဲ နဲ့ inflation 10% နဲ့နောက် ၈နှစ်ဘယ်လိုရှိမလဲဆိုတာ အောက်ကပုံ ၂ခုမှာကြည့်လို့ရပါတယ်။

5% inflation
မိတ်ဆွေရဲ့ သိန်း၁၀၀ ကို ဇယားရဲ့ 5% ရယ် နှစ်အလိုက်က 1,2,3တွေဆုံရာတွေက ဂဏန်းတွေနဲ့မြှောက်ရင် တစ်နှစ်ကြာရင် ၉၅သိန်းလောက်ပဲ တန်ဖိုးကျန်တော့ပါမယ်၊ ၅နှစ်ကြာရင် ၇၈သိန်းလောက်ပဲ တန်ဖိုးကျန်မှာဖြစ်ပါတယ် နှစ်အလိုက်ကျသွားတဲ့တန်ဖိုးတွေ ခန့်မှန်းတွေ့ရှိမှာဖြစ်ပါတယ်။

10%inflation
Inflation က 10%ဆိုရင် ဇယားရဲ့ 10% နဲ့ နှစ်အလိုက် 1,2,3 တို့ရဲ့ဆုံရာ ဂဏန်းတွေ နဲ့မြှောက်ရမှာဖြစ်ပါတယ်။၁နှစ်ကြာရင် သိန်း၉၀လောက်ပဲတန်ဖိုးရှိမယ် ၅နှစ်ကြာရင် ၆၂သိန်းလောက်ပဲရှိတော့မှာဖြစ်ပါတယ်။တကယ်လို့ကိုယ်က တစ်နှစ်ပဲသိချင်ရင် inflation % နဲ့ 1 နဲ့ဆုံတဲ့ ဂဏန်းကိုမြှောက်ပေးရင် နောက်နှစ် ငွေတန်ဖိုးဘယ်လောက်ကျမလဲဆိုတာကို သိမှာဖြစ်ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
Myint Maung Maung Tun

Want your public figure to be the top-listed Public Figure in Kamayut?
Click here to claim your Sponsored Listing.

Category

Website

Address

Hledan
Kamayut
111111

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00