Thinkabout Myself - Pages

Thinkabout Myself - Pages

Share

19/04/2026

တစ်စုံတစ်ယောက်က သင့်ကို တိတ်တဆိတ် မုန်းတီးနေကြောင်း ဖော်ပြနေသည့် အချက် (၃၀)..

​၁။ သင့်အတွက် အမှန်တကယ် ဝမ်းသာအားရဖြစ်မှုမျိုး ရှားရှားပါးပါးသာ ပြသတတ်သည်..

၂။ သင့်ကို ကူညီထောက်ပံ့ပေးတာထက် ဝေဖန်ပြစ်တင်တာက ပိုများသည်..

၃။ သင့်ရဲ့ အောင်မြင်မှုတွေကို လျစ်လျူရှုထားတတ်သည်..

၄။ သင့်ကွယ်ရာတွင် သင့်အကြောင်း မကောင်းပြောတတ်သည်..

၅။ သင့်အပေါ် လှောင်ပြောင်သရော်သည့် မှတ်ချက်များ ပေးတတ်သည်..

၆။ သူတစ်ပါးရှေ့တွင် သင့်ကို အရှက်ရအောင် ကြိုးစားတတ်သည်..

၇။ သင် အောင်မြင်မှုရသည့်အခါ သူတို့ စိတ်မသက်မသာ ဖြစ်နေတတ်သည်..

၈။ သူတို့ကိုယ်သူတို့ သင်နှင့် အမြဲတမ်း နှိုင်းယှဉ်နေတတ်သည်..

၉။ သင့်အမှားတွေကို လူပုံအလယ်တွင် ထုတ်ဖော်ပြောဆိုတတ်သည်..

၁၀။ သူတစ်ပါးက သင့်ကို ဝေဖန်သည့်အခါ သင့်ဘက်က ကာကွယ်ပေးလေ့ မရှိပေ..

၁၁။ စိတ်မပါပဲ ဟန်ဆောင်ချီးမွမ်းတတ်သည်..

၁၂။ အရာရာတိုင်းမှာ သင့်ကို အနိုင်ယူ ယှဉ်ပြိုင်ဖို့ ကြိုးစားသည်..

၁၃။ လူရှေ့တွင် ဖော်ရွေဟန်ပြသော်လည်း နှစ်ယောက်တည်းရှိချိန်တွင် အေးစက်နေတတ်သည်..

၁၄။ သင့်အရည်အချင်းကို ခဏခဏ သံသယဝင် မေးခွန်းထုတ်တတ်သည်..

၁၅။ သင့်အမြင် သဘောထားတွေကို လျစ်လျူရှုတတ်သည်..

၁၆။ သင့်ရဲ့ အားနည်းချက်တွေကို ထောက်ပြရတာကို သဘောကျသည်..

၁၇။ သင့်ရဲ့ ကြိုးစားအားထုတ်မှုတွေကို အသိအမှတ်ပြု ချီးကျူးတာ ရှားသည်..

၁၈။ သင့်ရဲ့ ကျရှုံးမှုတွေကို တိတ်တဆိတ် ဝမ်းသာနေတတ်သည်..

၁၉။ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်တွေကို စိတ်ဓာတ်ကျအောင် လုပ်တတ်သည်..

၂၀။ သင့်အကြောင်း ကောလာဟလများ ဖြန့်ဝေတတ်သည်..

၂၁။ သင့်အပေါ်တွင် အကောက်ကြံလိုသော (သို့မဟုတ်) ရွဲ့စောင်းသော အမူအရာများ ပြုမူတတ်သည်..

၂၂။ သူတစ်ပါးရှေ့တွင် သင့်ကို အထင်အမြင်သေးအောင် လုပ်တတ်သည်..

၂၃။ သင့်ဆီမှာ ကောင်းကျိုးတွေဖြစ်ထွန်းနေချိန်တွင် သင့်ကို ရှောင်ဖယ်နေတတ်သည်..

၂၄။ သင်ပြောသမျှကို သေချာနားထောင်လေ့မရှိပေ..

၂၅။ သင့်အောင်မြင်မှုတွေကြောင့် သူတို့ စိတ်တို ဒေါသထွက်တတ်သည်..

၂၆။ သင့်ရဲ့ ရွေးချယ်မှုတွေကို အမြဲတမ်း ဝေဖန်ဆုံးဖြတ်နေတတ်သည်..

၂၇။ သင့်ရဲ့ တိုးတက်မှုတွေအပေါ် မနာလိုမှု ပြသတတ်သည်..

၂၈။ သင့်အောင်မြင်မှုတွေကို တိတ်တဆိတ် လိုက်လံယှဉ်ပြိုင်နေတတ်သည်..

၂၉။ ဘာအကြောင်းပြချက်မှ မရှိပဲ အေးစက်စက် ဆက်ဆံတတ်သည်..

၃၀။ သူတို့အနားမှာရှိနေလျှင် သင့်စိတ်ထဲတွင် မကောင်းသော ခံစားချက် (Negative Energy)ကို ခံစားရတတ်သည်..

ABC Channel.
.

09/04/2026

ချွေးကျတာက တစ်ယောက်၊ နာမည်ရတာက တစ်ယောက် (The Brutal Art of Credit Stealing)

"ဓားပြ" ဆိုတာ လမ်းပေါ်မှာတင် ရှိတာမဟုတ်ပါဘူး။ Air-con ခန်းထဲမှာ၊ တိုက်ပုံအင်္ကျီတွေ၊ ဝတ်စုံပြည့်တွေ ဝတ်ထားတဲ့သူတွေထဲမှာလည်း ရှိပါတယ်။ အဆိုးဆုံးကတော့ သူတို့က သင့်ရဲ့ ပိုက်ဆံအိတ်ကို မခိုးပါဘူး၊ သင့်ရဲ့ "အနာဂတ်နဲ့ ကြိုးစားအားထုတ်မှု"ကို ခိုးတာပါ။

ဒါကို "Credit Stealing" လို့ ခေါ်ပါတယ်။

"မင်းက အပင်စိုက်တယ်၊ သူက အသီးခူးစားတယ်" ဆိုတဲ့ ဗျူဟာပါပဲ။

အောင်မြင်မှုကို ခိုးယူသူတို့၏ ပရိယာယ်များ (The Theft Tactics)

ဒီလိုလူတွေဟာ သင့်ကို တိုက်ရိုက် မထိခိုက်ပေမယ့် သင့်ရဲ့ လုပ်ဆောင်ချက်တွေကို သူတို့ရဲ့ အရိပ်အောက်မှာ ပျောက်ကွယ်သွားအောင် အောက်ပါနည်းလမ်းတွေနဲ့ လုပ်တတ်ကြပါတယ်။

"ငါတို့" ဆိုတဲ့ စကားလုံးဖြင့် ဝါးမြိုခြင်း (The "WE" Trap)

သင်တစ်ယောက်တည်း ပင်ပင်ပန်းပန်း လုပ်ထားတဲ့ အလုပ်ကို အထက်လူကြီးရှေ့ ရောက်တဲ့အခါ "ဒါက ကျွန်တော်တို့ လုပ်ထားတာပါ" လို့ ပြောလိုက်တာမျိုးပါ။

"ငါ" လို့ တိုက်ရိုက်မပြောပေမယ့် "ငါတို့" ဆိုတဲ့ စကားလုံးနောက်မှာ သင့်ရဲ့ တစ်ကိုယ်တော် ကြိုးစားမှုကို ဖျောက်ဖျက်ပြီး သူလည်း အတူတူလုပ်သယောင် ရောချလိုက်တာ ဖြစ်ပါတယ်။

စကားဦးသန်းခြင်း (The Meeting Hijacker)

သင်က အိုင်ဒီယာအသစ်တစ်ခုကို သူ့ကို ယုံကြည်လို့ ကြိုပြောပြမိတဲ့အခါ၊ အစည်းအဝေးထဲမှာ သင် စကားမစရသေးခင် သူက အရင်ဦးအောင် ထပြောလိုက်တာပါ။ "ကျွန်တော် စဉ်းစားထားတာ တစ်ခုရှိတယ်..." ဆိုပြီး သင့်ဦးနှောက်ထဲက ထွက်တဲ့ အသီးအပွင့်ကို သူ့ပါးစပ်ထဲ ထည့်လိုက်တာမျိုး ဖြစ်ပါတယ်။

နောက်ဆုံးမှ ဝင်ပါပြီး အပိုင်စီးခြင်း (The Final Polish Excuse)

အလုပ်တစ်ခုလုံး ပြီးခါနီးမှ သူက အသေးအဖွဲလေးတစ်ခု ဝင်ပြင်ပေးတတ်ပါတယ်။ ပြီးရင်တော့ "ဒီအချက်လေးကို ငါသာ ဝင်မပြင်ပေးရင် ဒီပရောဂျက်က အောင်မြင်မှာ မဟုတ်ဘူး" ဆိုတဲ့ ပုံစံမျိုးနဲ့ အောင်မြင်မှု အသီးအပွင့် အားလုံးကို သိမ်းပိုက်သွားတာပါ။

"သူခိုး" လက်ထဲက သင့်အောင်မြင်မှုကို ဘယ်လို ကာကွယ်မလဲ?

ကိုယ့်ချွေးနည်းစာ အခိုးခံရတာကို ငြိမ်ခံနေရင် နောက်တစ်ခါလည်း ထပ်ခိုးခံရဦးမှာပါပဲ။ ဒါကြောင့် ဒီဗျူဟာ (၃) ခုကို သုံးပါ။

၁။ အသံတိတ် အလုပ်မလုပ်ပါနဲ့ (Don't be the "Silent Hero")

အလုပ်တော်ရင် လူသိတယ်ဆိုတာ အမြဲတမ်း မမှန်ပါဘူး။ အလုပ်လုပ်နေစဉ်အတွင်းမှာပဲ အဆင့်ဆင့်သော တိုးတက်မှု (Progress) တွေကို အများသိအောင် (သို့မဟုတ်) သက်ဆိုင်ရာလူတွေဆီ Update ပေးနေပါ။ ဒါမှသာ အဆုံးသတ်မှာ တစ်ယောက်ယောက်က ဝင်ခိုးဖို့ ကြိုးစားရင် "ဒါက သူစကတည်းက လုပ်နေတာ" ဆိုတာ လူတိုင်း သိနေမှာပါ။

၂။ ဒီဂျစ်တယ် ခြေရာလက်ရာ ထားခဲ့ပါ (Leave a Digital Paper Trail)

စကားနဲ့ ပြောတာထက် စာနဲ့ (Email/Chat) အထောက်အထား ထားတာဟာ အကောင်းဆုံးပါ။ "ငါ အိုင်ဒီယာ တစ်ခုရတယ်၊ မင်းကို အီးမေးလ် ပို့ထားတယ်" ဆိုတာမျိုးက သင့်အိုင်ဒီယာကို ဘယ်သူမှ လိမ်ယူလို့မရအောင် သံမဏိတံတိုင်း ခတ်လိုက်တာပါပဲ။

၃။ အခွင့်အရေးရရင် ကိုယ့်အကြောင်းကိုယ် ပြောပါ (Claim Your Spotlight)

အစည်းအဝေးမှာ တစ်ဖက်လူက "ကျွန်တော်တို့ လုပ်ထားတာပါ" လို့ ရောချရင် "ဟုတ်ပါတယ်၊ အစ်ကိုက လမ်းညွှန်ပေးပြီး ကျွန်တော်ကတော့ ဒီအပိုင်း (A မှ Z အထိ) ကို အသေးစိတ် တာဝန်ယူ လုပ်ဆောင်ခဲ့တာပါ" လို့ ယဉ်ယဉ်ကျေးကျေးနဲ့ ထိထိမိမိ ပြန်လည် ချေပပါ။ သင့်ရဲ့ တိကျတဲ့ လုပ်ဆောင်ချက်တွေကို လူပုံလယ်မှာ ချပြလိုက်ခြင်းက သူခိုးကို ပါးရိုက်လိုက်တာနဲ့ အတူတူပါပဲ။

သင့်ရဲ့ အရည်အချင်းကို ဘယ်သူမှ ခိုးလို့မရပေမယ့်၊ အဲဒီအရည်အချင်းကြောင့် ရလာမယ့် "အခွင့်အရေး"တွေကိုတော့ ခိုးသွားလို့ ရပါတယ်။

တစ်ခါခိုးခံရတာဟာ သင်ခန်းစာဖြစ်ပေမယ့်၊ နှစ်ခါခိုးခံရတာကတော့ သင့်ရဲ့ အားနည်းချက် ဖြစ်သွားပါလိမ့်မယ်။ ကိုယ့်ရဲ့ ကြိုးစားမှုကို ကိုယ်တိုင် ကာကွယ်တာဟာ အတ္တကြီးတာမဟုတ်ဘူး၊ "တရားမျှတမှု" ကို ရှာဖွေတာပဲ ဖြစ်ပါတယ်။

ဆရာသုခကျော်ရဲ့ထွက်ရှိပြီးသော စာအုပ်ကောင်းတွေဖြစ်တဲ့ ..

၁။ အာဂယောက်ျား
၂။ ပျော့ညံ့ညံ့ယောက်ျားတစ်ယောက်အဖြစ်ကနေ ရုန်းထွက်ပစ်လိုက်ပါ
၃။ စိတ်ကို လွှမ်းမိုးခြယ်လှယ်ခြင်း
၄။ စွမ်းအင်စုတ်ယူသူများ (Energy Vampire) စာအုပ်များကို

စာအုပ်ဆိုင်များနဲ့ City Mart များမှာ ဝယ်ယူရရှိနိုင်ပါပြီ။

#သုခကျော်

29/03/2026

အသက်ကြီးတိုင်း လေးစားဖို့လိုသလား

လူကြီးမိဘတွေကြား ပတ်ဝန်းကျင်လုပ်ငန်းခွင်မှာဆို
"ကိုယ့်ထက် အသက်ကြီးရင်၊ ဝါရင့်ရင် ခေါင်းငုံ့ခံရမယ်” ဆိုပြီး ပုံရိုက်နှိပ်ထားတာ အခုဆိုအရိုးဆွေးလို့နေလောက်ပါပြီ
ဒါပေမဲ့ သေချာစဉ်းစားကြည့်ရအောင်...
တကယ်ရော အသက်ကြီးတာ ရုပ်ရင့်တာနဲ့တင်
လူတစ်ယောက်ဟာ "လေးစားမှု" ကို အလိုလိုရဖို့ ထိုက်တန်သွားပြီလား ဘာသာရေးရှုထောင့်ကနေကြည့်ရင်တော့ မှန်တာပေါ့ဗျာ
ဒီနေရာမှာ "ယဉ်ကျေးခြင်း" နဲ့ "လေးစားခြင်း" ကို ကွဲကွဲပြားပြား သိဖို့လိုပါတယ်
လူကြီးကို ရိုသေတ စီနီယာကိုနေရာပေးတာက မြန်မာတို့ရဲ့ "ယဉ်ကျေးမှု" ဓလေ့ထုံးစံပါ
အသက်ကြီးတဲ့သူကို ရိုင်းရိုင်းစိုင်းစိုင်း မဆက်ဆံရဘူးဆိုတာသိထားရမယ့်အခြေခံလူ့ကျင့်ဝတ်ဆိုတာ လူမှန်ရင်သိပါတယ်

ဒါပေမဲ့ "လေးစားမှု" ဆိုတာကတော့ ကိုယ့်ဘက်က အလိုလိုပေးရမယ့်အရာမဟုတ်ဘူး
သူတို့ရဲ့ လုပ်ရပ်၊ စိတ်ဓာတ်၊ ဖြောင့်မတ်မှုနဲ့ အရည်အချင်းကနေတစ်ဆင့် ရယူသွားရမယ့် အရာဖြစ်ပါတယ်

ဗုဒ္ဓမြတ်စွာဘုရားရဲ့ အဆိုအမိန့်တစ်ခု ဟောထားတဲ့တရားတစ်ပုဒ်နာဖူးတာရှိတယ် အမည်မမှတ်မိတော့ဘူး
"ခေါင်းမှာ ဆံပင်ဖြူနေရုံနဲ့ လူကြီးမမည်ဘူးအသက်အရွယ်သာ ကြီးရင့်သွားတယ် အသိဉာဏ် မရှိရင်သူ့ကို အချည်းနှီး အိုမင်းသောသူလို့ပဲခေါ်ရမယ်" တဲ့

ဆိုလိုတာက အချိန်ကြာလို့ အသက်ကြီးလာတာက သဘာဝတရား
အသိဉာဏ်နဲ့ စိတ်ဓာတ်ပါ ရင့်ကျက်လာမှ၊ လူငယ်တွေအပေါ် စေတနာထားနိုင်မှသာ တကယ့် "လူကြီး" ပီသတယ်လို့ခေါ်တယ်

လုပ်ငန်းခွင်တိုင်း၊ နယ်ပယ်တိုင်းမှာ ဂျူနီယာတွေကို သားသမီးလို၊ ညီအစ်ကိုမောင်နှမလို စောင့်ရှောက်ပြီး ပညာတွေ လက်ဆင့်ကမ်းပေးတဲ့ တကယ့် "ခေါင်းဆောင်" စီနီယာတွေအများကြီးရှိပါတယ်
အဲဒီလိုလူမျိုးတွေကိုကျွန်တော်တို့က ဦးညွှတ်ပြီးကို လေးစားရမှာပါ တန်ဖိုးထားရမှာပါ
ဒါပေမဲ့...
▪️ကိုယ့်ထက်အရည်အချင်းရှိတဲ့ လူငယ်တွေကို မြင်ရင် နေရာပျောက်မှာစိုးလို့ မနာလိုဖြစ်တဲ့သူ
▪️အလုပ်နဲ့ သက်သေမပြနိုင်ဘဲ "ငါက စီနီယာကွ" ဆိုတဲ့ အတ္တ နဲ့ ဖိနှိပ်တတ်တဲ့သူ
▪️အကျိုးကြောင်းဆီလျော်အောင် မဝေဖန်နိုင်ဘဲ အနောက်ကနေအသက်နဲ့မလိုက် ရွဲ့စောင်းပစ်ပေါက်တတ်တဲ့ သူတွေကိုတော့... "ယဉ်ယဉ်ကျေးကျေးပဲဆက်ဆံလိုက်ပါ”
ရင်ထဲကနေ လေးစားနေစရာမလိုပါဘူး အဲ့လိုလူတွေက သူတို့ထက်ရာထူးကြီးတဲ့သူတွေရှေ့၊ သူတို့ပေါင်းသင်းနေတဲ့သူတွေရှေ့မှာတော့ ခြောက်ပစ်ကင်းသဲလဲစင်နေသလို ဟန်ဆောင်နေပေမဲ့ အကြောင်းသိပြီးသားသူတွေကတော့ ရွံစမြဲပါပဲ

ဒီတော့... ကိုယ့်ကိုရွဲ့စောင်းနေတဲ့ လူတွေကိုဘယ်လို တုံ့ပြန်မလဲ
ပြန်ပြီးရန်မတွေ့နဲ့ အဲဒီလို လုပ်လိုက်ရင် ကိုယ်ပါ သူတို့နဲ့ Level တူသလိုဖြစ်သွားလိမ့်မယ်
အကောင်းဆုံးတုံ့ပြန်မှုက ကိုယ့်အလုပ်ကိုကိုယ် အကောင်းဆုံးဖြစ်အောင် ဆက်လုပ်နေဖို့ပါပဲအောင်မြင်မှုဆိုတဲ့ ရလဒ်နဲ့ပဲစကားပြောပါ
သူတို့က အခန်းကျဉ်းလေးထဲမှာ "ငါက ဆရာကြီး" လို့ ကြွေးကြော်နေချိန်မှာ ကိုယ်ကပိုကြီးတဲ့ ကမ္ဘာကို အေးအေးဆေးဆေးဆက်လျှောက်နေလိုက်

အသက်ကြီးလို့ ရိုသေရတာထက် စိတ်ဓာတ်သဘောထားကြီးလို့ လေးစားရတဲ့လူကြီးတွေပိုများလာပါစေ

Jason Khant (Founder, Personal Coach)

Want your business to be the top-listed Media Company in Kamayut?
Click here to claim your Sponsored Listing.

Category

Website

Address


Pyay Road
Kamayut