MLBB Beginner Guide Page

MLBB Beginner Guide Page

Share

02/08/2022

Maskman (mm) အခြေခံ ကစားနည်း
===

အ‌ခြေခံ အချက်တွေပဲ ဖြစ်လို့ အစပြုကစားလိုသူလေးတွေနဲ့ တကယ် လုံးလုံး နားမလည်သေးသူတွေ အတွက် ပို အဆင်ပြေစေပါတယ်နော်။

mm လို့ ခေါ်ကြတဲ့ Maskman တွေဟာ အများအား ဖြင့် သွေးအားပျော့တတ်ကြပြီး၊ စစချင်းမှာ ထိရောက်တဲ့ Damage ပေးနိုင်ဖို့ ခက်ခဲကြပါတယ်။ သူတို့ကို များသောအားဖြင့် မြန်မြန် Damage ထွက်ချင်တယ်ဆိုရင်တော့ အ‌ပေါ်လမ်း( Gold Lane) ကိုသွားသင့်ပါတယ်။
ဘာကြောင့်လဲဆိုတော့Maskman တစ်ကောင်ဟာ Level အနိမ့်ဆုံး ကာလမှာ တပ်သားလေးတွေကို Gold Lane ကနေ အမြန်ဆုံး ပစ်ခတ်ရှင်းလင်းပြီး ငွေရအောင် စုဖို့ လိုတာကြောင့်ပါ။
တချို့ကတော့ လူမသွားတဲ့ လမ်းကို သွားပေးတတ်ကြတယ်။ ဒါပေမဲ့ နည်းစနစ်တကျ ဆော့ဖို့ ဆိုရင်တော့ Maskman တွေဟာ Gold Lane ကိုပဲ သွားသင့်ပြီး လိုအပ်တဲ့ အခါ Gold Lane က သားကောင် အသေးတွေကို စားပေးသင့်ပါတယ်။

Maskman တစ်ကောင်ဟာ များသော အားဖြင့် နည်းစနစ်အမှန်အတိုင်း တဖြည်းဖြည်း ကစားပေးနေရုံနဲ့ Level မြင့်လာတဲ့ အခါ Damage Output ပြင်းပြင်းကို အလိုလို ရရှိလာတတ်ပါတယ်။

အကယ်လို့ Hp(Hyper) ကစားတဲ့ Maskman တချို့ကတော့ တောတိုးခြင်းကို အစောပိုင်းပြုလုပ်ရမှာဖြစ်ပြီး အဲ့လို လုပ်တဲ့ အခါ အခြား Roam ထားတဲ့ ဟီးရိုးတစ်ကောင်ကောင်က Maskman ရဲ့ Gold Lane ကို သွားဖြည့် ကစားပေးရမှာ ဖြစ်ပါတယ်။ Maskman တွေကို တောတိုးကစားဖို့ ဆိုတာ ကိုယ့်ဘက်က အသေအချာ ကစားတတ်တဲ့ ကစားသမား မျိုး ပါပြီး ကိုယ်နဲ့ အချိတ်အဆက်မိမှသာ ကစားသင့်တာဖြစ်ပါတယ်။

နို့ မဟုတ်ရင် လမ်းထိန်းတဲ့ နေရာမှာ သူသွားရနိုးနိုး ငါသွားရနိုးနိုး တွေ ဖြစ်ပြီး Tower တွေကို ပေးရတတ်ပါတယ်။

Maskman တစ်ကောင်ကို သေသေချာချာ ဖြည်းဖြည်းချင်း ကစားချင်ရင်တော့ Hp မဆော့ဘဲ Gold Lane ကိုသာ သွားဖို့ အကြံပြုပါရစေ။

တချို့က ဟီးရိုးရွေးချယ်တဲ့ နေရာမှာ Maskman ကိုတောင် ဘယ်သူတွေမှန်း မသိသေးတာတွေ ရှိနေပါတယ်။
လက်တလော Maskman စစ်စစ် ဖြစ်တဲ့ ဟီးရိုးတွေကတော့ အောက်ပါအတိုင်းပါပဲ။

- Mira
- Layla
- Bruno
- Clint
- Brody
- Hanabi
- Granger
- Natan
- Beatrix
- Melisa
- Moskov
- Wan Wan
- Claude
- Kimmy
- Popol & Kupa
- Karrie
- leslay
- Erithal

ဒါတွေက Maskman စစ်စစ်တွေ အဖြစ် အသုံးပြုကြတာတွေ ဖြစ်ပြီး၊( ကျန်ခဲ့တာရှိလည်း မန့်ပေးကြပါနော်) ကျန်တဲ့ အမျိုးအစားရောပြီး သုံးလို့ရတဲ့ နှစ်မျိုးစပ် Maskman တွေကတော့

- Yesung Shin (Ass+mm)
- Malthida (mm+mage)
- Edith (mm+ tank)
- Roger (fighter+mm)

တို့ပဲ ဖြစ်ကြပါတယ်။ အများကြီး ကျန်နေပါသေးတယ်။ အခြား ကျန်နေတဲ့ နှစ်မျိုးစပ် Maskman တွေကို မန့်ပေးလို့ ရပါတယ်နော်။

ကဲဒါလေးကတော့ Maskman ကစားချင်တဲ့ ပလေယာ အသစ်လေးတွေ အတွက် အလွယ်ကူ အရိုးရှင်းဆုံး ပြောပြပေးလိုက်တာဖြစ်ပါတယ်။

-Guide-Page

31/07/2022

ကဲ Bro တို့ Sis တို့ရေ

ဒီ ပေ့လေးကတော့ မိုးဘိုင်းလိဂျန့် ဝါသနာရှင် Beginner လေးတွေ အတွက် ရည်ရွယ်ပါတယ်..။ ဘာတွေတင်မလဲဆိုတော့ မိုဘိုင်းလိဂျန့် ဂိမ်းကို စတင်ကစားသူတွေ နားလည်ဖို့ လိုအပ်တဲ့ Item တွေ Emblem Set တွေ အကြောင်း အပြင် ဟီးရိုး ကစားပုံ တစ်ချို့နဲ့ စကေးဗွီဒီယိုတွေ ဟာသတွေကို တင်ဆက်ပေးမှာ ဖြစ်ပါတယ်။

ပေ့ဆက်သူဟာ ပရိုတစ်ယောက် မဟုတ်ပါဘူး။ MLBB ရူးသွပ်သူတစ်ဦးသာ ဖြစ်ပြီး လူငယ်သူငယ်ချင်းများ ပြုံးပျော်စေရန်၊ ဗဟုသုတ ရစေရန်၊ နည်းစနစ်ကျကျ ကစားတတ်စေရန် ရည်ရွယ်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။
Like & Share လေးနဲ့ ကူညီပေးကြမှာ မဟုတ်လား..။

Want your business to be the top-listed Media Company in Insein?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Ward(5), Myawaddy
Insein
13051