K&S Learning Hub
🔴🔴Think of (စိတ်ထဲပေါ်လာခြင်း / အိုင်ဒီယာရခြင်း)
✅ စိတ်ထဲတွင် အကြံဉာဏ် သို့မဟုတ် အရာဝတ္ထုတစ်ခု ရုတ်တရက် ပေါ်လာချိန်တွင် သုံးသည်။
ရေရှည် တွေးတောနေခြင်းမျိုး မဟုတ်ပါ။
🔴အိုင်ဒီယာ အသစ်ရခြင်း: I need to think of a plan. (ငါ အစီအစဉ်တစ်ခု စဉ်းစားဖို့ လိုတယ်။)
🔴သတိရခြင်း / စိတ်ထဲပေါ်လာခြင်း: Think of a number between 1 and 10. (၁ နဲ့ ၁၀ ကြားက ဂဏန်းတစ်ခု စိတ်ထဲမှာ စဉ်းစားလိုက်ပါ။)
🔴အမြင် သို့မဟုတ် သဘောထားမေးခြင်း: What do you think of this movie? (ဒီရုပ်ရှင်ကို မင်း ဘယ်လိုမြင်လဲ / ကြိုက်လဲ။)
🔵🔵Think about (အသေအချာ စဉ်းစားတွေးတောခြင်း)အကြောင်းအရာတစ်ခုကို အချိန်ပေးပြီး အာရုံစိုက်ကာ အသေအချာ အသေးစိတ် တွေးတောနေခြင်း (သို့မဟုတ်) ဆုံးဖြတ်ချက်ချရန် စဉ်းစားနေခြင်း ဖြစ်သည်။
🔵အသေအချာ စဉ်းစားခြင်း: I am thinking about my future. (ငါ့ရဲ့ အနာဂတ်အကြောင်း ငါ အသေအချာ စဉ်းစားနေတယ်။)
🔵ဆုံးဖြတ်ချက်ချရန် ဝေဖန်ပိုင်းခြားခြင်း: She is thinking about buying a new car. (သူမ ကားအသစ်တစ်စီး ဝယ်ဖို့ စဉ်းစားနေတယ်။)
Difference:
🔴I thought of you yesterday. (မနေ့က မင်းကို စိတ်ထဲ ရုတ်တရက် သတိရသွားတယ်။)
🔵I thought about you all day yesterday. (မနေ့က တစ်နေ့လုံး မင်းအကြောင်းကိုပဲ တစိမ့်စိမ့် တွေးနေမိတယ်။)
Click here to claim your Sponsored Listing.
Category
Website
Address
Insein
11011