Aung Htoo Pharmacy

Aung Htoo Pharmacy

Share

23/03/2022

သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်တဲ့ သဘာဝကထုတ်တဲ့ Probioticပါဝင်သော (Biofat) ဆေးအပြင် တခြားဆေးများကိုပါ Page Messagerကနေတစ်ဆင့် လာရောက်မှာယူ သုံးဆွဲနိုင်ပါသည်။

သွေးတွင်းအဆီဓာတ်ကို ကျဆင်းစေနိုင်သော ပရိုဘိုင်အိုတစ်များ
-----------------------------------
သွေးတွင်းအဆီဓာတ် နည်းခြင်း/များခြင်းသည် အူအတွင်းရှိ ပိုးမွှားများ၏ဖွဲ့စည်းပုံနှင့် ဆက်စပ်နေကြောင်းကို ပြီးခဲ့သည့် ရက်သတ္တပတ်က တင်ပြခဲ့ပြီးဖြစ်ပါသည်။ ထိုတွေ့ရှိချက်ပေါ် အခြေခံ၍ ဆိုးကျိုးပေးသော ရောဂါပိုးများကို နည်းပါးအောင် ပြုလုပ်ပေးခြင်း (သို့) အကျိုးပြု ပရိုဘိုင်အိုတစ်ပိုးမွှားများ တိုးပွားလာအောင် ပြုလုပ်ပေးခြင်းတို့ဖြင့် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်ပါသည်။ ပရိုဘိုင်အိုတစ်များ သောက်သုံးခြင်းဖြင့် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်သည့် အာနိသင်ကို သုတေသနများစွာကိုလည်း ပြုလုပ်ခဲ့ပြီးဖြစ်ရာ ဤနေရာတွင် အကျဉ်းချုပ်တင်ပြလိုပါသည်။

ဆေးသုတေသန ရလဒ်များကို ရှာဖွေလေ့လာရာတွင် သုတေသနများစွာ၏ တွေ့ရှိချက်များကို စနစ်တကျ ရှာဖွေလေ့လာပြီး ခြုံငုံကောက်ချက်ချသော Systematic review and Meta-analysis ဟုခေါ်သည့် သုတေသနစာတမ်းများမှာ အလွန်အသုံးဝင်ပါသည်။ Systematic review and Meta-analysis များကို သုတေသနများ၏ အထောက်အထားခိုင်လုံမှု အဆင့်များ (Levels of evidence) တွင် အမြင့်ဆုံးအဆင့် အဖြစ် သတ်မှတ်ထားကြသောကြောင့် ၎င်းတို့၏ ခြုံငုံသုံးသပ်ထားသော ကောက်ချက်များသည် ဆေးကုသရာတွင် အလွန်ခိုင်လုံ အသုံးဝင်လှပါသည်။

၂၀၂၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော The effect of probiotics on serum lipid levels in non-obese healthy adults with hyperlipidemia: a systematic review and meta-analysis of randomized controlled trials သုတေသနစာတမ်းတွင် ပရိုဘိုင်အိုတစ် သောက်သုံးခြင်းသည် သွေးတွင်းရှိအဆီဓာတ်များကို လျှော့ချရန်အတွက် အလားအလာရှိသော နည်းလမ်းတစ်ခု ဖြစ်ကြောင်း ကောက်ချက်ချခဲ့ပါသည်။ ထိုစာတမ်းတွင် သွေးတွင်းအဆီဓာတ် များနေသောလူများ၌ ပြုလုပ်ခဲ့သည့် သုတေသန (၂၁) ခုမှ ရလဒ်များကို စုပေါင်းပြီး သုံးသပ်ထားခြင်း ဖြစ်ပါသည်။ ဒိန်းမတ်၊ ကိုရီးယား၊ အီရန်၊ ဘရာဇီး၊ စပိန်၊ ဖင်လန်၊ ကနေဒါ၊ ယူကေ၊ ဆွီဒင်၊ မလေးရှား၊ ထိုင်း၊ သြစတြေးလျ၊ တရုတ် နှင့် ဂျပန်နိုင်ငံတို့မှ လူပေါင်း ၁၄၂၉ ဦး (ကျန်းမာ၍ အဝလွန်ရောဂါမရှိသော) တွင် ပြုလုပ်ခဲ့သော သုတေသနများကို စုစည်းထားခြင်း ဖြစ်ပါသည်။ Lactobacillus မျိုးစုမှ L. acidophilus, L. paracasei, L. plantarum, L. curvatus, L. rhamnosus, L. reuteri, L. fermentum ၊ Bifidobacterium မျိုးစုမှ B. lactis, B. bifidum, B. longum တို့အပြင် Streptococcus thermophilus, Enterococcus faecium နှင့် Propionibacterium freudenreichii တို့ကိုလည်း အသုံးပြုခဲ့ကြသည်ကို တွေ့ရပါသည်။ သုတေသန (၂၁) ခုစလုံးကို ခြုံငုံသုံးသပ်လိုက်သည့်အခါတွင် ပရိုဘိုင်အိုတစ် တိုက်ကျွေးခြင်းသည် သွေးတွင်းအဆီဓာတ်များ အနက်မှ Total cholesterol နှင့် LDL cholesterol တို့ကို သိသာစွာ ကျဆင်းစေနိုင်ကြောင်း တွေ့ရပါသည်။ Lactobacillus မျိုးစုကို အများဆုံး အသုံးပြုခဲ့ကြပြီး အာနိသင်ပြရန်အတွက် ၁လခွဲနှင့်အထက် သောက်သုံးရန် လိုအပ်သည်ကို တွေ့ရပါသည်။ [1]

သွေးတွင်းအဆီဓာတ် များခြင်းသည် အဝလွန်သူများတွင် တွေ့ရများသဖြင့် အဝလွန်သူများတွင် အာနိသင်ရှိ/မရှိ သိနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၌ ထုတ်ဝေခဲ့သော Effects of probiotic supplementation on the regulation of blood lipid levels in overweight or obese subjects: a meta-analysis စာတမ်းကိုလည်း လေ့လာသင့်ပါသည်။ ထိုသုတေသနစာတမ်းတွင်လည်း ပရိုဘိုင်အိုတစ် တိုက်ကျွေးခြင်းသည် Total cholesterol နှင့် LDL cholesterol တို့ကို လျော့ကျစေကြောင်း ထပ်ဆင့်အတည်ပြုခဲ့ပါသည်။ ဂျပန်၊ အိန္ဒိယ၊ ကိုရီးယား၊ ဖင်လန်၊ အီရန်၊ တူရကီ၊ ဒိန်းမတ်၊ ပိုလန်၊ ယူကေ၊ ကနေဒါ နှင့် သြစတြေးလျနိုင်ငံ တို့တွင် ပြုလုပ်ခဲ့သော သုတေသန (၁၂) ခုမှ အဝလွန်သူပေါင်း ၇၆၇ ယောက်တွင် လေ့လာခဲ့ခြင်း ဖြစ်ပါသည်။ ပရိုဘိုင်အိုတစ်အနေနှင့် Pediococcus pentosaceus, Lactobacillus (L. acidophilus, L. gasseri, L. salivarius, L. rhamnosus, L. casei, L. bulgaricus, L. brevis), Bifidobacterium (B. longum, B. Lactis, B. breve, B. bifidum, B. longum), Streptococcus thermophilus , Enterococcus faecium နှင့် Lactococcus lactis တို့ကို အသုံးပြုခဲ့ကြပြီး၊ အနည်းဆုံး ၁ မျိုးမှ အများဆုံး ၉ မျိုးအထိ ပေါင်းစပ်ပါဝင်ပြီး Lactobacillus နှင့် Bifidobacterium အုပ်စုများ အဓိကပါဝင်ပါသည်။ ဘက်တီးရီးယားအမျိုးအစား တစ်မျိုးထက် ပို၍ပါဝင်သော ပရိုဘိုင်အိုတစ်များသည် Total cholesterol level ကို ပိုမိုကျဆင်းစေနိုင်ကြောင်း တွေ့ရပါသည်။ အဆီကျစေသော အာနိသင်ကို လူကြီးများတွင်သာမက ကလေးများနှင့် ဆယ်ကျော်သက်များတွင်ပါ တွေ့ရှိရပြီး အမျိုးသားနှင့် အမျိုးသမီးများကြား ကွာခြားမှုမရှိပါ။ [2]

အထက်ပါ သုတေသနစာတမ်းများအရ ပရိုဘိုင်အိုတစ်များသည် သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးနိုင်ကြောင်း သိကြရပြီဖြစ်သည်။ အများအားဖြင့် Lactobacillus ပါဝင်သော ပရိုဘိုင်အိုတစ်များ၊ ပိုးအမျိုးအစား တစ်မျိုးထက် ပိုမိုပါဝင်သော ပရိုဘိုင်အိုတစ်များသည် ပိုမိုအစွမ်းထက်သည်ကို တွေ့ရပါသည်။ ထို့ပြင် ပရိုဘိုင်အိုတစ်များသည် ဖြည့်စွက်ဆေးဝါး အမျိုးအစားတွင် ပါဝင်ပြီး ဘေးထွက်ဆိုးကျိုး အလွန်နည်းပါးသဖြင့် လူအများစုနှင့် သင့်တော်ပါသည်။ ပရိုဘိုင်အိုတစ်များ၏ သွေးတွင်းအဆီဓာတ်ကို လျှော့ချပေးသော အရင်းခံ အကြောင်းတရားများ (Mechanism of action) ကိုလည်း နိုင်ငံတကာတွင် သုတေသနပြုလုပ် ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်ရာ အလျဉ်းသင့်လျှင် ဆက်လက်ဝေမျှပါဦးမည်။

ကိုးကားထားသော သုတေသနစာတမ်းများကို အောက်ပါ Link များတွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

[1] The effect of probiotics on serum lipid levels in non-obese healthy adults with hyperlipidemia: a systematic review and meta-analysis of randomized controlled trials
(http://dx.doi.org/10.20960/nh.03688)

[2] Effects of probiotic supplementation on the regulation of blood lipid levels in overweight or obese subjects: a meta-analysis
(https://doi.org/10.1039/C8FO02163E)

ဒေါက်တာခင်မောင်လွင် (FAME)

Photos from Aung Htoo Pharmacy's post 15/10/2021
Want your business to be the top-listed Health & Beauty Business in Insein?
Click here to claim your Sponsored Listing.

Category

Website

Address

Aung Zay Ya Housing
Insein