Second Pyo

Second Pyo

Share

11/07/2023

[ အခန်း-၁ ]
"မြို့အုပ်မင်းလာပြီလား..."

စကားခြောက်လုံးမျှကိုမေးတာတောင်
မောဟိုက်နေသောသူဋ္ဌေးကတော်ဒေါ်နွေအေး။
ဖြူဖပ်နေသောသူမမျက်နှာက
လောကဓံ၏နောက်ဆုံးဒဏ်ကိုအလူးလဲ
ခံစားနေရရှာ၏....

နံဘေးမှာထိုင်ကာအားပေးနေရသော
သူမ၏တူမဟေသာယိမ်းနဲ့
အိမ်ဖော်မလေးအိဇာမှာ
တယောက်ကိုတယောက်ကြည့်၍
အခြေနေမကောင်းတော့ဘူးဆိုတာ
နားလည်သဘောပေါက်လိုက်ကြသည်။

"ဟေသာယိမ်း..."

"ရှင် ဒေါ်ဒေါ်..."

"ဟင်း....ဟင်း"

ဒေါ်နွေးအေးအသက်ရှူသံတွေ
ပြင်းထန်လာ၏....သူမခေါင်းအုံး
အောက်ကိုတုန်တုန်ယင်းယင်းလက်ချောင်းများက
ထိုးပြတော့ဟေသာယိမ်းခေါင်းအုံးအောက်ကို
လက်နှိုက်လိုက်ရာစာချုပ်လေးတစ်ခု
သူမလက်ထဲပါလာ၏....

"အဲ့...အဲ့တာကို..."

"ဒေါ်ဒေါ်...."

ဒေါ်နွေအေးမျက်ဖြူတချက်တချက်လန်လာသည်မို့
ဟေသာယိမ်းဒေါ်နွေအေး၏ပိန်ကပ်ကပ်
လက်ချောင်းတွေအားလှမ်း၍
ဆုပ်ကိုင်လိုက်သည်။

"မြို့...မြို့အုပ်မင်းကို
ပေး...ပေးပေးပါ...."

"ဟုတ်ကဲ့ပါဒေါ်ဒေါ်
ဟေသာပေးလိုက်ပါ့မယ်"

"ပြီး....ပြီးတော့....
အ ...အညို့ကို"

"အညိုစင်လားဒေါ်ဒေါ် ဟုတ်ကဲ့ ပြောပါ
အညိုကိုဘာမှာချင်လို့လဲဒေါ်ဒေါ်"

"သူ့ကို...ပြန်မသွားပဲဒီအိမ်မှာပဲနေပါလို့"

"ဟုတ်ကဲ့ ဒေါ်ဒေါ်အညိုစင်လာရင်
ဟေသာသေချာပြန်ပြောလိုက်ပါ့မယ်"

ဒေါ်နွေအေးအသက်ရှူနှုန်းများပြင်းထန်၍လာ၏
တချက်ရှူလိုက်တိုင်းထွက်သွားတော့မလား
ထင်ရကာ ဟေသာယိမ်း၏လက်ကို
ဖိဆုပ်ထားတဲ့လက်တွေကတဖြည်းဖြည်း
ပြေလျော့လာ၍....
နောက်ဆုံးတော့ဟင်းခနဲအသံရှူသံ
တချက်နဲ့အတူမျက်ဝန်းများကမျက်နှာကျက်အား
ကြည့်လျှက်ညိမ်သက်သွားလေသည်။

"ဒေါ်ဒေါ်....ဒေါ်ဒေါ်"

ခေါ်၍မရတော့မှန်းသေချာသွားခဲ့လေတော့
ဟေသာယိမ်း ဒေါ်နွေအေး၏လက်အား
ဖွဖွလေးရင်ဘက်ပေါ်တင်လိုက်၍
အသာထရပ်လိုက်သည်။

"ဒေါ်ဒေါ်ဆုံးပြီ"

ဒေါ်နွေအေးပေါ်သံယောဇဥ်ကြီးတဲ့
အိဇာကငိုရှိုက်လေသည်။
ဟောသာယိမ်း...ဒေါ်နွေအေး၏
မျက်လွှာအားလက်ဖဝါးနဲ့အသာ
သပ်ချလိုက်ပြီးပြတင်းပေါက်ကိုဖွင့်
လှစ်လိုက်သည်။

နေရောင်များပြတင်းပေါက်ကနေ
ဝင်လာတော့မှ အခန်းနံရံကြီး၌ချိတ်ဆွဲထားသော
ဓာတ်ပုံကြီးကားခမ်းနားတောက်ပစွာ...
​လှပတဲ့ဒေါ်နွေအေးနားမြို့အုပ်မင်းဝတ်ဆုံနဲ့
ထိုင်နေသည့်လူတယောက်....
ဆံပင်တွေကိုအကုန်အပြောင်လှန်ဖီးတင်၍
အေးစက်စက်မျက်နှာကခံစားချက်မဲ့စွာပင်
ဒေါ်နွေအေး၏နံဘေးထိုင်နေသည်။

သူကား...

ဒေါ်နွေအေးအသက်ထက်ချစ်ရသည့်
သူမ၏ချစ်လင်"အမုန်းခေါင်ခိုက်"
ပင်ဖြစ်လေသည်။

ဟေသာယိမ်းဓာတ်ပုံကြီးကို
တချက်ကြည့်၍လက်နှစ်ဖက်ကို
ယှတ်ကာ....

"မြို့အုပ်မင်းကိုအကြောင်းကြားလိုက်ပါ"

"ဟုတ်ကဲ့!"

အိမ်ထဲကနေဂျစ်ကားလေးတစ်စီးက
လျှင်မြန်သောအရှိုန်အဟုန်ဖြင့်
ထွက်သွားခဲ့လေသည်။

******************************
(25ရက်ခန့်ကြာသော်)

တဂျုတ်ဂျုတ်နဲ့ခုပ်မောင်းနေတဲ့သင်္ဘောပေါ်
ပဝါဖြူလေးနဲ့မျက်ရည်စများအား
တို့သုပ်နေတဲ့မိန်းခလေးအားလူအများက
စိတ်ဝင်တစားလှမ်းကြည့်နေကြလေသည်။

ဖြူဖွေးနေသောဂါဝန်လေးဖြင့်
ဦးထုပ်ဖြူဖြူဝိုင်းဝိုင်းလေးကိုဆောင်းထားသော
သူမမျက်နှာလေးကချစ်စဖွယ်ပါးဖောင်းဖောင်း
လေးနဲ့အပြစ်ကင်းစင်လွန်းလှ၏....

သူမ၏နံဘေး၌အမျိုးသမီးကြီး
တယောက်ပါကာထိုအမျိုးသမီးက
သူမ၏အထိန်းတော်ဒေါ်စံပယ်ဖြစ်၍
ချစ်စရာအသွင်နဲ့သူမကတော့
မြို့အုပ်မင်းကတော်ဒေါ်နွေအေး၏တူမ
"အညိုစင်"ဖြစ်၏

"ဒေါ်ဒေါ်နောက်ဆုံးအချိန်မှာတောင်
အညိုတွေ့လိုက်ရဘူး ဒေါ်ကြီးရယ်"

အညိုဝမ်းနည်းစွာငိုငြီးရင်းကပင်
ပါးပေါ်ကမျက်ရည်တို့က
စီးကျလာရသည်။

အညို၏မိဘနှစ်ပါးလုံးငယ်ငယ်ထဲက
ဆုံးပါးသွားခဲ့ကာအညိုကတကောင်ကြွက်ပါ...
ဒေါ်ဒေါ်နွေးအေးကသာအညိုကို
မကျွေးမွေးခဲ့ရင်အညိုယခုလိုတောင်
အသက်ရှင်နိုင်မည်မထင်ပေ...
ငယ်ငယ်ထဲကအညို့ကိုမြို့တက်၍
ကျောင်းထားစေကာအစဆုံးထောက်ပံ့
ပေးတဲ့ကျေးဇူးရှင်၏နောက်ဆုံးခရီးကို
အညို နောက်ဆုံးစာမေးပွဲကြောင့်
မမှီလိုက်နိုင်တော့ပေ....။

"မငိုပါနဲ့အညိုရယ်
မြို့အုပ်မင်းကတော်ကလဲအညိုကို
ခွင့်လွှတ်နားလည်ပါတယ်
ပြီးခဲ့တာတွေကိုမလုပ်လိုက်ရလေခြင်းရယ်
ဆိုပြီးဝမ်းနည်းခံစားနေမဲ့အစား
နောင်ဘာဆက်လုပ်မလဲဆိုတာပဲ...တွေး
ဟုတ်ပြီလား..."

"ဟုတ်ကဲ့...အညိုကြိုးစားပါ့မယ်ဒေါ်ကြီး"

"အေးပါကွယ် မငိုနဲ့တော့နော်
အညို့ရဲ့မျက်လုံးတွေဖောင်းနေပြီ"

အညို...ဒေါ်ကြီးစံပယ်စကားကြောင့်
လက်ချောင်းထိပ်လေးနဲ့စမ်းကြည့်တော့
မျက်ခွံတွေကဖောင်းအစ်နေပြီဖြစ်၏

မကြာခင်ဆိပ်ကမ်းသို့ဆိုက်တော့မှာမို့
လူတွေအားလုံးလှုပ်လှုပ်ရှားရှားဖြစ်လာကြသည်။
မကြာပေဆိပ်ကမ်းထဲ
ဝင်လာခဲ့ကာသင်္ဘောရပ်တန့်၍သွား၏
သူ့ထက်ငါအလုအရက်ဆင်းလာတဲ့
သင်္ဘောပေါ်ကနေအညိုအိတ်လေးကို
ဆွဲကာဆင်းလာခဲ့တော့ဆိပ်ကမ်းအဖျားမှာတင်
ရပ်စောင့်နေသောဟေသာယိမ်းအား
တွေ့လိုက်ရသည်မို့...

"မမဟေသာ"

"အညို..."

အညိုပြေး၍ဖက်လိုက်လေသည်။
ဟေသာကအသာအယာပင်ကျောပြင်အား
ပုတ်ပြီးနှစ်သိမ့်ပြီးမှဒေါ်စံပယ်ဘက်ကို
လှမ်းကြည့်ကာ...

"အိဇာနဲ့လိုက်သွားလိုက်ပါဒေါ်စံပယ်"

"ဟုတ်ကဲ့..."

ဟေသာယိမ်းကအနီးနားကတခြား
လူတွေအားပထုပ်ပြီးအညိုလက်ကို
ဆွဲကာလူနည်းတဲ့နေရာဆီ
ဆွဲခေါ်လာခဲ့သည်။
အညိုမျက်လုံးလေးဝိုင်းကာဖြင့်...

"ဘာဖြစ်လို့လဲမမဟေသာ
အညို့ကိုဘာပြောစရာရှိလို့လည်း"

"အညိုခုပြန်လာတာအပြီးလား"

"ဟင့်အင်း ...အညိုခဏပါပဲ
ဟိုမှာကျောင်းကမပြီးသေးဘူးလေ"

"ဒါဆိုတို့တစ်ခါထဲပြောလိုက်မယ်
ဟိုရောက်လို့သေတမ်းစာဖတ်တဲ့အခါ
အညို့ကိုဒေါ်ဒေါ်ကရတနာဝိုင်းစံအိမ်ကြီး
မှာနေဖို့မှာခဲ့တာတွေ့ရလိမ့်မယ်..."

"ဟင်...ဒေါ်ဒေါ်ကလား"

"ဟုတ်တယ် အဲ့အခါကျရင်
အညိုကကျောင်းကိုအကြောင်းပြပြီး
ငြင်းလိုက်နော်..."

"ဟင် ဘာဖြစ်လို့လဲမမဟေသာ"

"တို့ပြောတာနားထောင်ပါအညို
မင်းငြင်းလိုက်ပါ..."

".............."

"ပြောလေမင်းငြင်းမယ်လို့"

ဟေသာယိမ်း၏အတင်းကျပ်တွန်းအား
ပေးမှု့တွေကြောင့်အညိုနားမလည်နိုင်စွာပင်
ခေါင်းလေးကိုညိမ့်ပြလိုက်သည်။

ခုမှစိတ်အေးသွားသလိုသက်ပြင်းချသွားတဲ့
ဟေသာယိမ်းပြုံးနိုင်သွား၍ကားဆီသို့
အညို့ကိုပြန်ခေါ်လာခဲ့လေသည်။

အညိုရယ်မောနေကြတဲ့ဒေါ်စံပယ်နဲ့အိဇာ
တို့၏စကားကိုနားထောင်လိုက်
ကျေနပ်စွာပြုံးနေတဲ့ဟေသာယိမ်းကို
ကြည့်လိုက်နှင့်ပင်ရတနာဝိုင်းဆိုတဲ့
စံအိမ်ကြီးသို့ပါလာခဲ့ရသည်။

*****************************

"ဂျိမ်း!....ဒလိန်း...."

လျှပ်စီးရောင်ကြီးကကောင်ကင်မှာ
အပြည့်ပင်လင်းလက်၍နေသည်။
မီးရောင်တွေနဲ့ကြီးမားသော
မြို့အုပ်မင်း၏စံအိမ်ကတစ်လုံးထဲ
မာန်ဝင့်လို့နေလေသည်။

သိပ်မကြာပေမီးရောင်စူးစူးဖျဖျနဲ့
ကားတစ်စီးခြံထဲသို့ကွေ့ဝင်လာ၏
ထိုကားက
မြို့အုပ်မင်း​အမုန်းခေါင်ခိုက်၏
ကားဖြစ်လေသည်။

ပေါ်တီအောက်ကားရပ်သည်နဲ့
သူ့လူယုံတန်ခိုးကထီးဆွဲ၍နောက်ခန်းအား
လာဖွင့်သည်။

ချပ်ခနဲပွင့်သွားတဲ့တံခါးကနေ
အရင်ဦးဆုံကြလာသည့်အရာက
အကောင်းစားပိုးထည်ပုဆိုးနဲ့
ခြေထောက်တစ်စုံ....
ထို့နောက်မှာတော့ရင်စေ့လည်ကတုံး
ဝတ်ထားသောမြို့အုပ်မင်းအမုန်းခေါင်ခိုက်
ဆင်းလာ၏....

မျက်မှောင်ကုတ်ခြင်းလဲမရှိပဲ
ခပ်ပြေပြေရှိနေတဲ့မျက်နှာကပင်
အေးစက်၍ခက်ထန်နေသယောင်...
ထူထဲသောမျက်ခုံးကြီးနဲ့...
အညိုရောင်နှုပ်ခမ်းတွေပိုင်သော
လေးထောင့်ကျကျမျက်နှာက
အသက်လေးဆယ်နီးပါးရှိနေသော
သူ့ကိုပို၍နုပျိုစေသယောင်ပင်။

"ဒီနေ့မင်းစောစောနားတော့"

လေသံကမာထန်၏
သို့ပေမဲ့ညီညာသေသပ်သည်။
သြဇာအာဏာတို့ဖြင့်ပြည့်နေသောအသံဟု
ပြောရင်ပို၍မှန်ပေမည်။

တန်ခိုးကဦးညွှတ်၍ကျန်ရစ်နေခဲ့ကာ
အိမ်ပေါ်သို့ခြေလှမ်းကျဲကြီးတွေနဲ့
တက်လာခဲ့သောခေါင် ဧည့်ခန်းထဲက
မမြင်ဖူးသေးတဲ့စိမ်းသက်သော
ပုံရိပ်လေးတစ်ခုကြောင့်ခြေလှမ်းတွေ
နှေးသွားရသည်....

သူ့အားကျောပေးကာသူမြတ်နိုး၍
ဘယ်သူ့မှမထိရန်မှာထားသော
ဓာတ်ပြားစက်ကိုသူမကလက်ညိုးလေးနဲ့
လှည့်ပတ်ကစားနေသည်။
သူမအရပ်လေးကပုဝင်ကာ...
ဆံနွယ်လေးကကျောအလည်လောက်ရှိသည်။
ခြေသလုံးတဝက်ဂါဝန်လေးကလတ်ပြတ်မို့
ခပ်ပါးပါးခြည်ပဝါလေးကိုပခုံးကနေ
ခြုံကာဓာတ်ပြားစက်ကသီချင်းကို
ခလေးတယောက်လိုဆိုနေသော
ထိုမိန်းခလေး.....

ခေါင်ခြေလှမ်းများဦးတည်ချက်ပြောင်းကာ
ဧည့်ခန်းထဲဝင်လာခဲ့သည်။
အစွန်အဖျားလေးတဝက်တပျက်မြင်
နေရသောမျက်နှာလေးကငယ်မည်ထင်၏
သူနောက်တည့်တည့်မှာရပ်လိုက်၍
မျက်မှောင်ကိုကုတ်ညွှတ်လိုက်ကာ....

"မင်းဘယ်သူလည်း"

"ဟင် အမေ့!"

သူ့ကိုဆတ်ခနဲလှည့်ကာလန့်ဖျက်သွားတဲ့
သူမကျောပြင်နဲ့ဓာတ်ပြားစက်ခုံနဲ့
ပြားကပ်၍ကြောက်လန့်စွာမော့ကြည့်သည်။
ပြူးသည်ထက်ဝိုင်းစက်သောမျက်လုံး
ပါးလျသောနှုပ်ခမ်းနီနီလေးနဲ့သူမ...
ခေါင် မှင်သက်သွားရသည်....

ဒီမိန်းခလေးဘယ်သူလဲသူမသိပေ...
တစ်ခါးမှလဲသူ့အိမ်ထဲမမြင်ဖူးခဲ့ပါ...

"မင်းဘယ်သူလည်း..."

"ရှင်..."

သူ့မျက်လုံးကတည့်တည့်စိုက်ကြည့်၍
မျက်ခုံးကိုကျုတ်လိုက်သည်။

"မင်းဘယ်လိုဒီအိမ်ထဲရောက်နေတာလဲလို့
မေးနေတာ...."

"သ...သမီးကအညိုစင်ပါဦး
ဒေါ်ဒေါ်နွေအေးရဲ့တူမပါ"

"ဘာ...."

"သမီးနဲ့ဦးနဲ့တစ်ခါးမှတော့မတွေ့ဖူးသေဘူး
ခုမှတွေ့ဖြစ်တာ မင်္ဂလာပါ ဦး"

သိမ်မွေ့စွာနှုတ်ဆတ်လာသောနှုပ်ခမ်းပါး
လေးကိုစိုက်ကြည့်ပြီးသူ့အသဲတွေ
တဆက်ဆက်တုန်သွားရသည်။
ဦးနဲ့သမီးတဲ့လား....

"ဟို သမီးအခန်းထဲမှာ
လုပ်စရာလေးရှိလို့သွားတော့မယ်နော်"

အညိုဦးလေးတချက်ညွှတ်၍
သူ့ဘေးကအဖြတ်ဖြန့်ချထားတဲ့
ဆံနွယ်တို့ကပြတင်းပေါက်ကနေ
ဝင်ချလာသောလေတို့ကြောင့်လူးလွန့်ကာ
ခေါင်မျက်နှာပေါ်သို့ပိုက်ကွန်တစ်ခုလို
အုပ်၍သွားသည်။

ခေါင်မျက်ဝန်းများမှိတ်ကျ၍သွားရသည်။
လာဗင်ဒါနံ့လေး....
ပျိုမြစ်ပြီးလတ်ဆတ်တဲ့
ကိုယ်နံ့သင်းသင်းလေး....
အနံ့နဲ့တင်အထိတွေ့ကိုခံစားနိုင်တဲ့
ထိခတ်မှု့မျိုး....

ခြေသံပါးပါးလေးကအိမ်ပေါ်
တက်သွားသည်အထိခေါင်ရပ်တန့်၍
ကျန်ရစ်နေခဲ့ကာ...
လက်တဖက်ကသူမမှီထောက်၍
သွားသောဓာတ်ပြားစက်တင်ခုံနေရာကို
လှမ်းထောက်လိုက်သည်။

အညိုစင်တဲ့လား....

*****************************

21+
ဒါကအချစ်နဲ့ရမ္မက်ကြားက
ဆက်သွယ်ချက်တွေနဲ့အမှောင်ခန်းသုံးခန်းတိတိ
ပါသောအချစ်ဝတ္ထုလေးပါ....
နှစ်သက်မှသာဝယ်ယူဖတ်ရှူ့ရန်သတိပေးပါတယ်

စဆုံးဝယ်ယူဖတ်ရှူ့နိုင်ပါပြီ
pdf -3500
gp -3500
ငွေလွဲဖုန်း -09895063529
Wave - May Thal Nwet
K Pay - Daw May Thal Nwet

ဖုန်းဘေလ် MPT-4000 ကျပ်

ငွေလွဲSsနဲ့အတူ page cb မှာ
Gp. pdf linkလေးလာရောက်ထုပ်ယူ
နိုင်ပါပြီရှင့်💙

Want your public figure to be the top-listed Public Figure in Hpa-an?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Hpa-an