Soe Moe - Singer

Soe Moe - Singer

Share

19/07/2026

⭐အာဇာနည်နေ့တို့မမေ့⭐
*********************
၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင်ကျရောက်သော (၇၉)ကြိမ်မြောက် “အာဇာနည်နေ့” ကို ရိုသေစွာဖြင့် ဂုဏ်ပြုအပ်ပါသည်။

#အာဇာနည်နေ့

16/07/2026

ပြင်ဦးလွင်မှာရွာတဲ့မိုး🥰

Photos from Soe Moe - Singer's post 07/07/2026

မေတ္တာအကျိုး (၁၁) ပါးက ဘယ်လိုရတာလဲ?

မေတ္တာကို ဘယ်အထိထားရမလဲ
ခုမှမေတ္တာကျင့်စဉ် စ ကျင့်မှာ ဘယ်လို ကျင့်ရမလဲ?

အခြေခံစိတ်က စကျင့်ပါတဲ့
သူများကို ဒုက္ခမပေးနဲ့
ကိုယ့်ကြောင့် သူတပါး ဆင်းရဲခြင်း မရစေနဲ့

အဲ့ဒီကနေ အဆင့်တက်ရင်
မြင်မြင်သမျှ တွေ့တွေ့သမျှ မေတ္တာလိုက်ပို့နေ
ပြီးရင်တော့ မေတ္တာဘာဝနာစကျင့်ပေါ့လို့

မေတ္တာထားတဲ့သူမှာ သူများကို ဒုက္ခမပေး
ကောင်းကျိုးကိုသာ လိုလားတဲ့အတွက်
အဲ့ဒီလူမှာ guilty ဖြစ်နေတာမရှိဘူး

အပြစ်မကင်းသလိုခံစားရတာမျိုး
အပြစ်ရှိသလို ငါ့ကြောင့် ဖြစ်ရတာဆိုတာမျိုးမရှိဘူး
ဒါ့ကြောင့်

ချမ်းသာစွာ အိပ်စက်ရတယ်
ချမ်းသာစွာ နိုးထရတယ်
မကောင်းသော အိပ်မက်တွေလည်း မမက်တော့ဘူး

အစားအသောက်ကအစ
တဖက်သားကို ကောင်းတာပဲ ပေးချင် ကျွေးချင်တဲ့ စိတ်ကြောင့်

ကိုယ့်ကို ကောင်းတာပေးတဲ့လူကို
တော်ရုံ လူတိုင်းက ကြည်ဖြူတာပေါ့

အဲ့တော့
လူနတ်တို့၏ ချစ်ခင်သနားခြင်းကို လက်ခံရရှိခြင်းဆိုတာဖြစ်လာတာ

လာသမျှဘေး ကင်းလွတ်အောင်လို့ လူတွေ
နတ်တွေက စောင့်မပေးတာတဲ့
ငါတို့ကို သူကကောင်းထားတာ
ငါတို့ ပြန်ကောင်းပေးမယ်

အဲ့ဒီ လူမှာ
မီးမလောင်နိုင်ဘူးတဲ့
လက်နက် မထိနိုင်ဘူးတဲ့
အဆိပ်တို့နှင့် မသေနိုင်ဘူးတဲ့

ကောင်းတာပဲ ဖြစ်စေချင်နေတဲ့သူမှာ
မကောင်းတဲ့ စိတ်များ ဘယ်ရှိပါတော့မလဲ
စိတ်ကြည်တော့ ရုပ် အဆင်း ကြည်လင်လှပခြင်းတယ်
Aura တက်တာပေါ့

အဆုံးမှာ တဖက်သားကို အမြဲချမ်းသာစေလိုတယ်
ကျန်းမာစေလိုတယ်
ဘေးရန် ကင်းစေလိုတယ်
သူ့စိတ်မှာ အကုသိုလ်မရှိတဲ့အတွက်
နောက်ဆုံးအချိန်မှာ အေးဆေးတယ်

မတွေမဝေနဲ့ အမှတ်ကောင်းနဲ့ သေတဲ့အခါ
စျာန်ရပြီး ဗြဟ္မာပြည်သို့ရောက်စေနိုင်သတဲ့

စျာန်တွေ ဗြဟ္မပြည်တွေက နောက်မှတွေ့ရမှာ
ခုချိန်တွေ့ရမှာက
စိတ်ကြည်လင်တဲ့အတွက် အေးချမ်းခြင်းပါပဲ

တို့တွေ အတူကြိုးစားကြရမယ်နော်

Photos from Soe Moe - Singer's post 04/07/2026

တစ်ခါတလေကျရင်လည်း တကယ့်အလှတရားဆိုတာ
တန်ဖိုးကြီးပြီး ရှားပါးတဲ့အရာတွေထဲမှာပဲ ရှိနေတာ မဟုတ်ပါဘူး။

လမ်းဘေးဝဲယာမှာ အလေ့ကျ ပွင့်နေတတ်တဲ့
ဒီလိုရိုးရိုးရှင်းရှင်း ပန်းလေးတွေကလည်း
စိတ်ကို အေးချမ်းစေတဲ့ အစွမ်းရှိပါတယ်။
ရိုးရှင်းခြင်းထဲက အေးချမ်းမှုကို ရှာဖွေပါ🌿💚
အေးချမ်းသော နေ့ရက်လေးဖြစ်ကြပါစေ🙏

30/06/2026

အသက်ကြီးလာတာနဲ့ မြင်ချင်တဲ့ မက်စေ့ကတော့ ဒါပဲဗျာ😁😁

Photos from Soe Moe - Singer's post 29/06/2026

Morning ဗျာ😍😍

23/06/2026

မနှစ်က MDYရောက်တုန်း ကိုသာဒီးလူရဲ့ သီချင်းလေးကို ဝါသနာအရ သီဆိုခဲ့တဲ့ အမှတ်တရလေး❤️❤️



#သာဒီးလူ
#ဝါသနာအရ

Photos from Soe Moe - Singer's post 17/06/2026

🌷စိတ်ပေါ့ပါးအောင် နေတတ်ပါစေ🌷

စိတ်ကို ဘယ်အရာတွေ အတွက်နဲ့မှ
အပူလောင် မခံပါနဲ့.....။

ပြောခံရပြီးတာ‌တွေနဲ့ ပတ်သက်လို့လည်း
တစ်ဖန်ခံစားပြီး ဆင်းရဲမခံပါနဲ့ ။

ပြီးသွားတာတွေနဲ့ပတ်သက်ပြီးတော့လည်း
ယူကြုံးမရ နောင်တတွေ ရမနေပါနဲ့ ။

မတွေ့သေးတာတွေနဲ့ ပတ်သက်ပြီးလည်း
အလေးခံခါ သောကမပွားပါနဲ့ ။

မပြည့်နိုင်တာတွေ အတွက်နဲ့လည်း
စိတ်မောခံကာ ပင်ပန်းလို့ မနေစေပါနဲ့ ။

အပိုတွေဆို စိတ်ကိုရှုပ်စေလို့
စွန့်ပစ်ပြီးတော့ ကျောခိုင်းထားလိုက်ပါ ။

မလိုတွေဆို လက်မခံလို့ မရနိုင်လို့
စိတ်အေးအေးထားကာ ကျော်ဖြတ်လိုက်ပါ ။

တစ်ခဏတာလေးသော လူ့ဘ၀မှာ
စိတ်အပူ သောကကင်းစွာ နေနိုင်ဖို့ရယ်

အပြစ်ကင်းအောင် နေတတ်ဖို့ရယ်ဟာ
အင်မတန်မှ အရေးကြီးတဲ့အတွက်

ဘာဖြစ်ဖြစ် စိတ်အရည်သွေးမကျအောင်
လက်တွေ့မှာ နေတတ်ဖို့ တကယ်လိုပါတယ် ။
~ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး~

13/06/2026

ဘယ်လောက်ပဲ ထက်မြက်နေပါစေဦး
နားထောင်ပေးတဲ့ နားတစ်စုံ ရှိနေမှ
ဘဝက သက်တောင့်သက်သာ ပိုရှိလာတယ်

သိလား ဒီနေ့ ဒီမှာမိုးတွေ ရွာနေတယ်
ညနေ 7 နာရီမှ ဒီမှာ နေဝင်တယ်
ဘာတွေ ဖြစ်နေလဲ သိလား
စသဖြင့် နေ့တိုင်း ပြောစရာကို မကုန်နိုင်ဘူး

ရီစရာ ဟာသတွေကိုလည်း
သူနဲ့ပြန်ပြောပြီး ရီနိုင်တယ်

အဆင်မပြေတဲ့အကြောင်းအရာတွေကိုလည်း
သေးသေးလေးကအစ ဘယ်သူက မျက်လုံးနဲ့
ဘယ်လိုဝေ့လိုက်လဲ ဆိုတာအဆုံး
မျက်လုံးထဲ မြင်အောင် သေချာပြောပြတယ်

သူကလည်း ကိုယ်ပြောတာတွေကို
သေချာ အာရုံစိုက်ပြီး နားထောင်ပေးတယ်
အကြံဉာဏ်ပေးတယ်

ဘဝမှာ နားထောင်ပေးတတ်တဲ့
နားတစ်စုံရှိနေတာ ကံကောင်းခြင်းပါပဲ ။

03/06/2026

ဝဋ်ကြွေးပါလာရင် ဘယ်လောက်ပဲ ဘုရားတရား လုပ်လုပ် အဲ့ဝဋ်ကြွေးကိုတော့ အရင်ဆပ်ရပါတယ် ......

ပဋ္ဌာန်းရွတ်တိုင်း တစ်ခုခု ကံဆိုးမိုးမှောင်
ကျတဲ့ အကြောင်းက သံသရာတိုအောင်
ခွာချနေတာပါတဲ့ ...

ပဋ္ဌာန်းဒေသနာတော်ကို ရွတ်ဖတ်ရာမှာ
( မိမိတစ်နိုင် အကျဉ်းဖြစ်စေ ၊ အကျယ်
ဖြစ်စေ ၊ ပဉှာဝါရ ဖြစ်စေ ပဋ္ဌာနပါဠိ ငါးအုပ်
ပဲဖြစ်ဖြစ် ဘာပဲဖြစ်ဖြစ် ပူဇော်ရွတ်ဖတ်
သရဇ္ဇျယ်ခြင်းဟာ)

မိမိရဲ့သံသရာ ဘဝအဆက်ဆက်မှာ
ရှိခဲ့သော သိ၍ ဖြစ်စေ မသိ၍ဖြစ်စေ
ပြုခဲ့မိတဲ့ အကုသိုလ် အညစ်အကြေးတွေကို ခွာချနေခြင်းနဲ့တူတယ် ဆိုတာ သတိလေး ကပ်ထားဖို့ လိုပါတယ် ။

တစ်ချို့ရှိကြပါတယ်
ပဋ္ဌာန်းရွတ်မှ ပူလောင်လာတယ်၊
ပြဿနာတွေ တစ်ခုမဟုတ်တစ်ခု ဖြစ်ကြတယ်၊ စီးပွားတွေကျကုန်တယ်ဆိုတာ ရံဖန်ရံခါ ရှိတတ်ပါတယ်။
တကယ်လည်းလက်တွေ့ပါ။

ဒါပေမယ့် သတိထားရမှာက
ဒါဟာ ပဋ္ဌာန်းဒေသနာတော်ကြောင့် မဟုတ်ပဲ မိမိရဲ့ အကုသိုလ်အညစ်အကြေးကို
မိမိကိုယ်တိုင် အသက်သာဆုံးနည်းနဲ့ သံသရာတိုအောင် ခွာချနေတယ်ဆိုတာပါ ။

သံသရာမှာမိမိရဲ့ အကုသိုလ် ဝဋ်ကြွေး အညစ်အကြေးတွေ မကုန်စင်သေးပဲ
သံသရာကနေ ထွက်သွားလို့ ရရိုးထုံးစံမရှိပါ။

ဒါကို မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်ကြီးမှအစ အဂ္ဂသာဝက မဟာသာဝက ရဟန္တာအရှင်မြတ်ကြီးများပါမကျန် သက်သေပြခဲ့ကြပြီးပါပြီ။

ပဋ္ဌာန်းဒေသနာတော်ကြီးကို ရွတ်ဖတ်ပူဇော်ခွင့်ရနေပြီ ဆိုကတည်းက မိမိမှာ ကံကြီးငါးပါးထိုက်သူထဲ မပါဖို့ ရာခိုင်နှုန်းများပါတယ်။

ဒီတော့ ရှိသမျှ အကုသိုလ်ဝဋ်ကြွေးကို တောင့်ခံပြီး မြန်မြန်ဆပ် နာနာဆပ်
ပေတေပြီးတော့ သဒ်ဒါတရားနဲ့ ဖြေးဖြေးမှန်မှန် ရွတ်ဖတ်ကြဖို့ တိုက်တွန်းလိုပါတယ်။

အဲ့ဒီလို ပူဇော်လေ မိမိသန္တာန်မှာ အနှေးနဲ့အမြန် အငြိမ်းဓါတ် အအေးဓါတ် တစ်မျိုးကို တစ်ဦးနှင့်တစ်ဦး စရိုက်ပေါ်မူတည်ပြီးတော့ ခံစားရမှာ မလွဲဧကန်ပါ။

ပဋ္ဌာန်းတရားတော်ကြီးရဲ့ ကျိုးကြောင်းဆင်ခြင်သုံးသပ်မှု ဒေသနာ တော် စွမ်းအားအာနုဘော်ကြောင့် မိမိရဲ့ သန္တာန်မှာ အကုသိုလ် အညစ်အကြေးကင်းစင်လာတာ
နဲ့အမျှ ....

အကုသိုလ် ဝဋ်ကြွေးဖြစ်မယ့် အရာမှန်သမျှလည်း လုပ်ကိုင်လိုစိတ်လည်း တစ်ဖြေးဖြေးလျော့နည်းပျောက်ကွယ်သွားပြီး အကုသိုလ် လုံးဝလုပ်ချင်စိတ်လည်း မရှိတော့မှာလည်း လက်တွေ့ ဒိဌဓမ္မ သေချာတဲ့ အကျိုးရလဒ်ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ မထင်မှတ်လောက်အောင်
မိမိရဲ့ ယုံကြည်မှု့ သဒ်ဒါတရားနဲ့ အေးမြမှုတို့ဟာ မထင်မှတ်လောက်အောင် ခိုင်မြဲနေတာကိုတွေ့ရပါလိမ့်မယ်။

မိမိရဲ့ လူမှုစီးပွားဘဝလည်း အေးချမ်း တည်ငြိမ်ပြီး အရာရာ ပြည့်စုံနေတာကို မျက်မြင်တွေ့ရပါလိမ့်မယ်။

ဒီထက်မက ထပ်ပြီးတော့ မှအနုစိတ်ကျကျတို့ကို လေ့လာချင်စိတ် သဒ်ဒါတှေ တဖွားဖွားပေါ်လာပြီးအနုလုံ ပဋိလုံ သိမြင်နားလည်လာတဲ့အခါ ...

အလိုလိုနေရင်း တရားက သူ့အလုပ်သူလုပ်ပြီး ခန္ဓာဉာဏ်ရောက် သွားတာကို အံ့သြဖွယ် ကောင်းစွာ ထပ်မံတွေ့ရပါမယ်။

မိမိရဲ့ ဝါသနာ စရိုက်နဲ့ ကိုက်ညီတဲ့ ကမ္မဋ္ဌာန်းနည်းပြ၊ အနီးကပ်လမ်းညွှန်ပေးမယ့်ဆရာလည်း ရောက်လာပါလိမ့်မယ်။

ဒါဟာဘာကို ပြသလဲဆိုတော့ မိမိသန္တာန်မှာ အကုသိုလ် အညစ်အကြေးတွေကို အကြွေးမထားပဲ အဖတ်လိုက် အဖတ်လိုက်ခွာချလိုက်တဲ့အခါ ...

မိမိဘဝ အဆက်ဆက် အနမတဂသံသရာအဆက်ဆက်ကပါခဲ့တဲ့ အထုံပါရမီတွေဟာ ...

ဒီဘဝမှာပြန်ပေါ်လာပြီး မဂ် ဖိုလ်လမ်းကြောင်းပေါ်ကို မဂ္ဂင်ရှစ်ပါးနဲ့အညီ
ခပ်မြန်မြန် ရောက်သွားခြင်းသာ ဖြစ်ပါကြောင်း ထပ်မံ ရေးသားရင်း...

သံသရာအဆက်ဆက် အကုသိုလ်အညစ်အကြေးများကို မဆုတ်မနစ်တဲ့
ဇွဲ သတ္တိ ဝီရိယ တို့နှင့် တရားအလုပ်အားထုတ်ရင်း ဒီဘဝမှာ တင်ခွာချကြရအောင်

ပဋ္ဌာန်းဒေဿနာတော်ကြီးရဲ့ လက်တွေ့တန်ခိုးအာနုဘော်ကြီး ဖြစ်ပါတယ်......

Want your public figure to be the top-listed Public Figure in Homalin?
Click here to claim your Sponsored Listing.

Category

Website

Address

Homalin