HOPE English School

HOPE English School

Share

18/04/2025

❣️❣️ Valedictorian ❣️❣️
‌ဒီကောင်က အတန်းထဲမှာ first ပဲလေ၊ စာအတော်ဆုံးကျောင်းသားပဲကွ လို့ ပြောလိုက်တဲ့အခါ ကျွန်တော်တို့အများစု ခေါင်းထဲ သိကြတာက a hard-working student၊ ဒါမှ မဟုတ်ရင် the most outstanding student ဆိုပြီးပဲ သိကြတာ။ အတန်းထဲမှာ စာအတော်ဆုံး‌ကျောင်းသားကို စကားလုံး တစ်လုံးတည်းသုံးပြီးပြောလို့ရတာရှိတယ်။ ❣️❣️"Valedictorian"❣️❣️ လို့ခေါ်တယ်။
ပိုပြီးတိတိကျကျပြောရမယ်ဆို ကျောင်းသားတစ်ယောက်ရခဲ့တဲ့ GPA ပေါ် အခြေခံပြီး GPA အများဆုံးရတဲ့သူကို Valedictorian လို့ခေါ်တယ်။ အမေရိကန်ပညာရေးမှာဆိုရင် Valedictorian တစ်ယောက်ကို ပညာရေးပြီးဆုံးခြင်း အခမ်းအနားကျင်းပပွဲ ( ဘွဲ့နှင်းသဘင်အခမ်းအနား) တွေမှာ မိန့်ခွန်းပြောခိုင်းလေ့ရှိတယ်။ သူတို့ပြောတဲ့ မိန့်ခွန်းကို Valedictory speech လို့ခေါ်တယ်။

စာတော်တဲ့ ကျောင်းသားတွေကို တခြားအခေါ်အဝေါ်သုံးတာလည်းရှိသေးတယ်။ High achiever တို့ Academic standout တို့လည်း သုံးလို့ရသေးတယ်။

ဒါပေမယ့် ဘာသာရပ်တစ်ခုခုမှာ အရမ်းထူးချွန်‌ေအာင်တော်ပြီး လူမှုဆက်ဆံရေးနယ်ပယ်မှာ ညံ့ဖျင်းတယ် ကြောင်တောင်တောင် နိုင်တယ့်ပုံစံမျိုးဆိုရင်တော့ "nerd"ဆိုပြီး သုံးလေ့ရှိတယ်။

Want your school to be the top-listed School/college in Hlaing?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

6th Thiri Street
Hlaing
11051