Shwe Dae
12/10/2024
crd #
ကိုယ့်အလုပ်ကိုယ်လုပ်
------------------------
ဥပုသ်နေ့ဖြစ်သဖြင့် ဘုန်းကြီးကျောင်းထဲတွင် ဥပုသ်လာစောင့်သူများ။ ကောင်းမှုကုသိုလ် လာလုပ်သူများနှင့် စည်ကားနေသည်။
လူကြီးတွေက ဥပုသ်စောင့်၊ တရားနာရန် စောင့်မျှော်နေကြသလို၊ လူငယ်တွေကလည်း ကျောင်းဝင်းအတွင်း တံမြက်စည်းလှည်းခြင်း၊ ဘုရားရင်ပြင်ပေါ်တွင် သန့်ရှင်းရေးလုပ်ခြင်းဖြင့် ကုသိုလ်ကောင်းမှုများ လုပ်နေကြ သည်။ သူတို့ မနက်အစောကြီးကတည်းက လာလုပ်နေကြခြင်း ဖြစ်သောကြောင့် အလုပ်ပြီးချိန်တွင် ထိုင်နားရင်း သူတို့ဆီမှာ ပါလာသော ဖုန်းတွေကို ထုတ်ကာ ကြည့်နေကြသည်။
တရားဟော သီလပေးမည့် ခန်းမအတွင်း၌လည်း အဘိုးအို၊ အဘွားအိုများသည် ဆရာတော် မကြွလာမီ သူတို့ထံတွင် ပါလာသော ဖုန်းတွေကို ကိုယ်စီထုတ်ကာ ကြည့်ပြီး ပြုံးနေကြသည်။
ဆရာတော်က သီလပေးရန် ကြွလာပြီ။
သီလယူမည့်သူများက ဖုန်းတွေကို သိမ်းလိုက်ပြီး ဆရာတော်ကို ရှိခိုးကြသည်။ ဆရာတော်က သီလပေးရန် အတွက် တရားဟော ပလ္လင်ပေါ်ကို တက်လိုက်သည်။
ရှေ့ဆုံးတွင် ထိုင်နေသော ကျောင်းအစ်မကြီး ဒေါ်ခင်အေးကို ဆရာတော်က
“ဒကာမကြီး ဘာဖြစ်နေသလဲ ... မျက်နှာကြီး စူပုပ်နေပါလား”
“မှန်လှပါဘုရား ... ခုခေတ်လူတွေကို စိတ်ပျက်လို့ပါဘုရား”
“ဘာကြောင့်များလဲ ဒကာမကြီး"
“ဘယ်နေရာကြည့်လိုက် ကြည့်လိုက် ဖုန်းတွေကိုထုတ်ပြီးတော့ ပြုံးလိုက်၊ ရယ်လိုက်လုပ်နေကြတော့တာပဲ ဘုရား။ ဘုရားပေါ်မှာလည်း ကလေးတွေကိုကြည့်လိုက် ... ဖုန်းတွေနဲ့ အလုပ်ကို ရှုပ်နေတာ။ ဟောကြည့် ... သီလလာယူတဲ့ လူတွေတောင် ဖုန်းနဲ့ မျက်နှာ ခွာကြတာ မဟုတ်ဘူး။ တပည့်တော်တော့ ဘုန်းကြီး ကျောင်းကိုတောင် မလာချင်တော့ဘူး”
“ဘာဖြစ်လို့လဲ ဒကာမကြီး”
“လူတွေ ရူးနေကြပြီလေ ... ဖုန်းတွေနဲ့ သူတို့လောကကို တည်ဆောက်နေကြပြီ”
“ဒါနဲ့ပဲ ... ဒကာမကြီးက ဘုန်းကြီးကျောင်းကို ဘာကြောင့် မလာချင်တော့ဘူးလို့ ပြောရတာလဲ။ ကဲ သီလမပေးခင်လေး ဒကာမကြီးကို တစ်ခုလောက် လုပ်ခိုင်းကြည့်ချင်တယ်”
“မိန့်တော်မူပါဘုရား”
ဆရာတော်က ရှေ့တွင်ချထားသည့် ရေဖန်ချိုင့်ထဲကရေကို ဖန်ခွက်ထဲ အပြည့် ငှဲ့ခိုင်းလိုက်သည်။ ထို့နောက်
“ဒကာမကြီး ... အဲဒီဖန်ခွက်ကိုယူလိုက်” ဟု ပြောလိုက်သည်။
“ဒကာမကြီး မတ်တတ်ထလိုက်” ဟု ဆရာတော်က ပြောသဖြင့် ဒေါ်ခင်အေးက မတ်တတ်ထလိုက်သည်။
“ရော့ ... ဒီအပြည့်ထည့်ထားတဲ့ ဖန်ခွက်ကို ဟောဒီ ကျောင်းပေါ်ကနေဆင်း ... ဘုရားကို တစ်ပတ် ပတ်ပြီး ကျောင်းပေါ်ကို ပြန်ယူလာခဲ့ ... ကိုင်း သွားတော့။ မဖိတ်စေနဲ့နော်။ ပြန်လာရင် အပြည့်အတိုင်းပါလာရမယ်”
ဒေါ်ခင်အေးလည်း ဆရာတော်ထံက ဖန်ခွက်ကို ယူလိုက်ပြီး ကျောင်းပေါ်က လူတွေကို ရှောင်ကွင်းကာ ဆင်းသွားသည်။
လူအများကလည်း ဆရာတော် ဘာလုပ်နေသနည်းဟု စိတ်ဝင်စားကာ ကြည့်နေကြသည်။
မကြာမီ ဒေါ်ခင်အေး ကျောင်းပေါ်ကို ပြန်ရောက်လာသည်။ ဆရာတော်ရှေ့တွင် ဒူးတုတ်လိုက်ပြီး
“ဒီမှာ ဖန်ခွက်ပါဘုရား” ဟု ပြန်ကပ်သည်။
“ရေနည်းနည်းမှ မဖိတ်ဘူးလား”
“နည်းနည်းလေးတော့ လျှံကျတာပေါ့ဘုရား ... ရေမဖိတ်အောင်တော့ အတော်လေး ဂရုစိုက်ခဲ့ရပါတယ်”
“ဟုတ်ပြီ ... ဒကာမကြီးကို ဘုန်းကြီး မေးခွန်း သုံးခုမေးမယ် ... ဖြေကြည့်စမ်းပါ”
“မိန့်တော်မူပါဘုရား”
“ဒကာမကြီး လျှောက်သွားခဲ့တဲ့ လမ်းတစ်လျှောက်မှာ ဖုန်းကြည့်နေတဲ့ လူတွေကို တွေ့သလား”
“မတွေ့ပါဘုရား”
“ဒကာမကြီး လျှောက်ခဲ့တဲ့လမ်းမှာ အတင်းအဖျင်းပြောနေတဲ့သူတွေကို တွေ့လား”
“သတိမထားမိပါဘုရား”
“ဒကာမကြီး သွားခဲ့တဲ့လမ်းတစ်လျှောက်မှာ လူတွေ အမှားတွေများ လုပ်နေတာ တွေ့သလား”
“မကြည့်မိဘူးဘုရား”
“ဘာကြောင့်လဲ"
“ဖန်ခွက်ထဲကရေတွေကို မဖိတ်အောင် ဂရုစိုက်နေရတာနဲ့ ဘာကိုမှ သတိမထားလိုက်မိပါဘူးဘုရား”
“ပြောချင်တာ အဲဒါပဲ ဒကာမကြီး ... ဒကာမကြီး ဘုန်းကြီးကျောင်းကို ဘာကြောင့်လာသလဲ ... ဘုရားကို ဘာကြောင့် လာသလဲ။ သီလဆောက်တည်ချင်လို့၊ တရားနာချင်လို့၊ ဘုရားကို အာရုံပြုချင်လို့ မဟုတ်လား။ ကိုယ့်အလုပ်ကိုယ်လုပ်၊ ကိုယ်လုပ်ရမှာကို ကိုယ်က အာရုံစိုက်နေရင် ဘယ်သူတွေဘာလုပ်လုပ် သတိထားမိမှာ မဟုတ်တော့ဘူး။ ကိုယ့်အလုပ် ကိုယ်မလုပ်၊ ကိုယ့်သတိကိုယ်မကပ်တော့ တစ်ပါးသူတွေကို အပြစ်တွေ လိုက်မြင်ပြီး အကုသိုလ်တွေများနေမိရော။ ကိုယ့်အလုပ်ကိုယ်လုပ် ... ကိုယ့်အားထုတ်ရမှာ ကိုယ်အားထုတ် လိုက်ပါ ဒကာမကြီး”
တင်ညွန့်
၁၇.၉.၂၀၂၄
ဟာရီကိန်း"Milton”အမေရိကန်ပြည်ထောင်စုဖလော်ရီဒါကမ်းခြေကိုတစ်နာရီလျှင်(၁၈၅)မိုင်နူန်းဖြင့်စတင်ဝင်ရောက်တိုက်ခိုက်။
21/08/2024
#အာဆီယံ ဒေသတွင်း ပထမဆုံး မျောက်ကျောက် (M Pox)ရောဂါတွေ့
ယခုလ ၁၈ ရက်နေ့မှာ ဖိလစ်ပိုင်နိုင်ငံ ကျန်းမာရေးဝန်ဌာန
တာဝန်ရှိသူများက အသက် ၃၃ နှစ်အရွယ် ဖိလစ်ပိုင်အမျိုးသား
တစ်ဦးမှာ မျောက်ကျောက် ရောဂါ ပိုးတွေ့ရှိခဲ့တယ်လို့
အတည်ပြု ပြောကြားထားပါတယ်။
၎င်းလူနာဟာလတ်တလော ပြင်ပနိုင်ငံ ခရီးသွားထားတာမရှိပေမယ့်
လွန်ခဲ့တဲ့ ၃ ပတ်လောက်ကတော့ ကူးစက်နိုင်တဲ့
အခြေအနေမျိုးရှိခဲ့တယ်လို့လည်း ဆိုပါတယ်။
အဖျားတက်ခြင်း နဲ့ ခန္ဓာကိုယ်မှာ အစက်အပျောက်များ
ပေါ်ခြင်းတို့ ခံစားနေရပြီး တာဝန်ရှိသူများက
တစ်ကိုယ်ရည် သန့်ရှင်းရေးဂရုပြုဖို့နဲ့ ကူးစက်ရောဂါ
နဲ့ပါတ်သက်ပြီး သတိပြုဆင်ခြင်သင့်ကြောင်း
အကြံပြုထားပါတယ်။
#မျောက်ကျောက်ရောဂါ စင်ကာပူရောက်လာ
စင်ကာပူမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံရသူ ၁၀ ဦးတွေ့လို့ ကျန်းမာရေးဝန်ကြီးဌာနက အရေးကြီး သတိပေးချက် ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။
-
#မျောက်ကျောက်ရောဂါဟာ တစ်ဦးနဲ့တစ်ဦးကူးစက်တတ်တာကြောင့် Mask တပ်ဖို့၊ ခဏခဏလက်ဆေးဖို့၊ လူစုလူဝေးတွေကို ရှောင်ကြဉ်ရမယ်လို့ ထုတ်ပြန်ထားပါတယ်။
Click here to claim your Sponsored Listing.
Contact the school
Website
Address
Dedaye
SHWE
Opening Hours
| Monday | 09:00 - 17:00 |
| Thursday | 09:00 - 17:00 |
| Sunday | 09:00 - 17:00 |
07/11/2024