DEC Teacher-Page
24/05/2021
သူမရဲ့ ဆံပင်မှာ
ပန်းပွင့်တွေ မမြင်ရသော
🥺
05/02/2021
23/01/2021
မြန်မာနိုင်ငံကိုယ်စားပြု သွားရောက်ယှဥ်ပြိုင်နေတဲ့ ESports Burmese Ghouls အသင်း Grand Final တက်ရောက်သွားလို့ ဂုဏ်ယူပါကြောင်း😍🇲🇲
😁ဝမ်းသာရတာလေ
23/01/2021
#ပညာဝန်အဆက်ဆက်ဖြုတ်ပစ်ချင်ခဲ့သော
ဗျည်းအက္ခရာများနှင့်
#ဆရာကြီးတင်မိုး၏လှပသေသပ်ချစ်စရာကောင်းသော ဗျည်းကဗျာလေးများ
***************************
ပညာရေး၀န်ကြီးဌာန အဆက်ဆက်သည် မြန်မာစာတွင် ပါရှိသော ဋ-ဋ္ဌ-ဍစသော အက္ခရာများကို မျက်မုန်းကျိုးနေကြသည်မှာ ကြာခဲ့ပြီဖြစ်သည်၊ ထိုအက္ခရာများကို ဖြုတ်ပစ်ဖို့ကြိုးစားခဲ့ကြသည်မှာ ယခုခေတ်မှမဟုတ် ရှေးရှေးခေတ်တွေကလည်း ဖြုတ်ပစ်ကြဖို့ ကြိုးစားခဲ့ကြဖူးသည်။
ဗဟန်း၊ မြို့မကျောင်းလမ်းရှိ စိန်ရတာစာသင်တိုက်တွင် ရှိုင်းဟုပ်ကုမ္ပဏီက ဓမ္မာစရိယစာချ သံဃာတော်များအား ပိဋကတ်သုံးပုံ အိုင်ပက်များလှူစဉ် ဟင်္သာတ မိုးကောင်းဆရာတော်ကြီး သြ၀ါဒပေးရာတွင် ဦးနေ၀င်းလက်ထက်က ဋ-ဋ္ဌ-ဍ-စသော အက္ခရာအချို့ကို အသုံးအစွဲလည်း သိပ်မရှိ၊ ကလေးတွေအတွက်လည်း သင်ရခက်တယ်ဟုဆိုကာ ဖြုတ်ပစ်လိုကြောင်း တင်ပြခဲ့ကြဖူးသည်ဟုဆိုသည်။
ထိုအဆိုကို ဦးနေ၀င်းက ဟ- ဘာလို့ဖြုတ်ပစ်ရမှာလဲကွ၊ ကိုယ်နားမလည်တိုင်း ဖြုတ်ပစ်လို့ ဖြစ်မလား၊
ဒါဆို မင်းတို့ ပဋိသန္ဓေကို ဘယ်လိုရေးမလဲ ပတိသန္ဓေလို့ တ၀မ်းပူနဲ့ ရေးမှာလား ကိုယ်ရေးချင်တိုင်းရေးလို့မရဘူးလေ စသည်ဖြင့် ငေါက်ငန်းပြောဆို တားမြစ်လိုက်သဖြင့် အက္ခရာအချို့ ဖြုတ်ပစ်မည့် အစီအစဉ်ပျက်ခဲ့ရဖူးကြောင်း သမိုင်းတစ်ခုကို ပြောပြပြီး မိုးကောင်းဆရာတော်ကြီးက ဦးနေ၀င်းကို ကျေးဇူးတင်သင့်ကြောင်း မိန့်ကြားခဲ့ဖူးပါတယ်။
ထိုနည်းတူစွာ ငွေကြာရံကျောင်းအမကြီး ဒေါ်ဒေါ်စီကလည်း ရှေးခေတ် ပညာရေး၀န်ကြီးတို့သည် ဆရာတော်ကြီးများထံ ချဉ်းကပ်ပြီး ဋ-ဋ္ဌ-ဍစသော အက္ခရာအချို့ကို ပယ်ဖျက်လိုကြောင်း လျောက်ထားရာ ဆရာတော်ကြီးတွေက ဒကာကြီးတို့ အဲဒီအက္ခရာတွေ ဖျောက်ပစ်မယ်ဆိုရင် ပိဋကတ်စာပေတွေ ပျက်ကုန်မှာပေါ့ဟု မိန့်ကြားသဖြင့် ထိုအစီအစဉ် လက်လျှော့ခဲ့ကြရကြောင်း ပြောပြခဲ့ဖူးပါသည်။
အခုလောလောဆယ် ဖြုတ်ပစ်မည့် အက္ခရာတွေ အကြောင်းကို မပြောခင် မဖြုတ်ပဲ ကျန်နေသည့် အက္ခရာများအကြောင်းကို နည်းနည်း ပြောချင်ပါသေးသည်။
မြန်မာအက္ခရာတွေကို အင်္ဂလိပ်အက္ခရာနှင့် တွဲပြသောအခါ
ဒ-ကို DA-လို့ရေးတာ မှန်ပေမယ့်
ဓ-ကို DA-လို့ ရေးထားတာ မမှန်ပါ။
စတုက္ခရာ (လေးခုမြောက်အက္ခရာ)သည်
ဓနိတ-ဃောသ-လေးလေးနက်နက် အသံပြင်းပြင်း ရွတ်ရမည့် အက္ခရာဖြစ်သောကြောင့်
H-ထည့်လျက် DHA-ဟုရေးရမည်ဖြစ်ပါသည်၊
ထိုနည်းတူစွာ
ဗ-ကို BA-နှင့် ရေးထားတာ မှန်သော်လည်း
ဘ-ကိုမူ H-ထည့်လျက် BHA-ဟုသာ ရေးရမည် ဖြစ်ပါသည်။
အက္ခရာ စီစဉ်သူများ ပေါ့တီးပေါ့ဆလုပ်သဖြင့် ဟိုတလောက်က ကချင် ကျောင်းသုံးစာအုပ်နှင့် ပါတ်သက်ပြီး အမှားပေါင်း မြောက်များစွာပါရှိလို့ ဒေါ်ဒွဲဘူး ဝေဘန်လိုက်တာ တော်တော် ဆူဆူညံညံဖြစ်သွားတာ ကြားလိုက်ရသေးသည်။
မြန်မာတို့သည် ဒ-နှင့် ဓ- အသံထွက်မထူးသော်လည်း ပါဠိစာပေမှာ အလွန်ထူးခြားလှသည့် အသံထွက်စည်းကမ်းလည်း ရှိသည်၊
သူ့အသံနှင့် သူထွက်ရမည် ဖြစ်သည်၊
အကယ်၍ ဓ-ကို ဒ-အသံ၊ ဘ-ကို ဗ-သံနှင့်ထွက်ပြီး ရဟန်းခံကမ္မဝါရွတ်မိပါက ရဟန်းလောင်းမှာ ရဟန်းမဖြစ်၊ အန္တရာယ်ကင်း ကမ္မဝါစာတို့မှာလည်း အစွမ်းမထွက်နိုင်တော့ပါ၊
ထို့ကြောင့် အက္ခရာတို့၏ အသံထွက်သည် အလွန်အရေးကြီးလှပေသည်။
မိမိအိန္ဒိယနိုင်ငံမှာ စာသင်စဉ်က ဓ-ကို ဒ-အသံဖြင့် ထွက်ဆိုရာ မမှန်ဘူး ပြန်ဆိုဟုဆိုကာ အကြိမ်ကြိမ်ပြန်ဆိုခိုင်းတာ ခံခဲ့ရဖူးသည်။
(မိမိက ဗမာဖြစ်၍ ဒ-နှင့်ဓ-အသံသိပ်မကွဲသော်လည်း ပါဠိစာပေနားလည်ထားပြီးဖြစ်သဖြင့် သူတို့သင်ပေးတာ အလွယ်တကူ သဘောပေါက် နားလည်ခဲ့သည် ပါဠိမသင်ဖူးသော ဗမာတစ်ယောက်အနေနဲ့ ထိုအသံထွက်တွေအတွက် နားလည်ဖို့ မလွယ်ကူနိုင်ပါ) အိန္ဒိယသားတို့နားမှာ
ဒ-သံနှင့် ဓ-သံ အလွန်သဲသဲကွဲကွဲရှိကြသည်။
အခု ဖြုတ်ပစ်မည်ဆိုသည့် အက္ခရာများမှာ
(ဃ-စျ-ဋ-ဋ္ဌ-ဍ-ဎ-ဏ-ဠ)ဟုကြားသိရသည်၊ ထိုအက္ခရာများသည် လူတို့တွင် အသုံးနည်းသော်လည်း ပါဠိစာပေ၌မူ အလွန်အသုံးတွင်သော အက္ခရာများ ဖြစ်ကြသည်၊ ပါဠိစာပေဥပမာဖြင့် ပြပါက ပြလို့မကုန်နိုင်အောင် များပြားလှပေသည်၊
ထို့အပြင် မြန်မာသတ်ပုံကျမ်းရေးသော စာပေပညာရှင်တို့တွင်လည်း ပါဠိပညာရှင်ပါဟန်မတူ ထို့ကြောင့် ထို အက္ခရာများနှင့် ပတ်သက်လာလျှင် မြန်မာ့သတ်ပုံကျမ်းတွင် အကျယ်တ၀င့် ရေးပြနိုင်စွမ်းမရှိသည်ကို တွေ့ရသည်။
မိမိအနေနဲ့ လူအများနားလည်ရုံမျှသာ ရေးမည်ဖြစ်၍ ပါဠိစာပေအသုံးအနှုံးများ ရေးမပြတော့ပါ၊ ထိုပယ်ဖျက်မည့် အက္ခရာများထဲမှ လူတို့အသုံးအနှုံးအချို့ရှိသေးကြောင်းကိုသာ သတိရတာလေးတွေ တင်ပြလိုက်ပါမည်။
ဥပမာ=
ဃ=ဂဃနဏ၊သံဃာတော်၊ (သံဃဿ ဒေမ) ဃနာနို့ဆွမ်း၊ ကုမ္ဘဃောသကလုလင်၊ ဃရာဝါသ=အိမ်ရာတည်ထောင် လူတို့ဘောင်၊ဃောသကသူဌေး၊ အရှင်မဟာဗုဒ္ဓဃောသ၊ဃဋိကာရဗြဟ္မာ၊ ရှေးသတ်ပုံကျမ်းမှာ မိုဃ်းရွာသည်ဟုရေးထုံးရှိ (ပါဠိမေဃ)။
စျ= စျေးသူစျေးသားများ၊ စျေးရောင်းကောင်းသည်၊
ဥပဇ္စျာယ်ဆရာ၊ ရွတ်ဖတ်သရဇ္စျာယ်သည်၊ ကောင်းကင်ခရီးကို စျာန်ဖြင့်ကြွသွားတော်မူသည်စည်၊ စျာန်၀င်စားသည်။
ဋ=သိန်း သန်း ကုဋေ၊ ပဋိသန္ဓေ၊ ပိဋကတ်သုံးပုံ၊ မကိုဋ် သရဖူ၊ ဂန္ဓကုဋီ၊ ကုဋီအိမ်၊ ၀ဋ်လည်မယ်၊ ၀ဋ်ဒုက္ခ၊ ဋီကာချဲ့သည် စသည်နှင့်
ဦးရဲထွဋ်-ဇော်၀င်းထွဋ်တို့မှာ ပါသော ထွဋ်-ကိုလည်း အထွဋ်အထိပ်ဟော ကူဋ-ပါဠိသဒ္ဒါကလာသောကြောင့် ဋ-နှင့်သတ်ရေးရပါမည်။
ဋ္ဌ=မှာ ဌ-နှင့် ဋ္ဌ-ဟု နှစ်မျိုးရှိသေး၏ အသုံးမတူပေ၊ ဒေါ်ဌေး၊ ဥက္ကဋ္ဌ၊ အဋ္ဌမတန်း၊ပြဌာန်းကျမ်းစာ၊ဌာနချုပ်၊ ရာထူးဌာနန္တရ၊၊ဘုရားဌာပနာ၊ ဌာန်ကရိုဏ်းကျကျ၊ ပဋ္ဌာန်းရွတ်သည်၊ သမ္မာဒိဋ္ဌိ၊ ဒိဋ္ဌိပြုတ်သည်၊အနိဋ္ဌာရုံ၊ အဓိဋ္ဌာန်အောင်သည်၊သစ္စဓိဋ္ဌာန်၊ဓမ္မဓိဋ္ဌာန်၊ပုဂ္ဂလဓိဋ္ဌာန်၊ဒါ ဌာန်ကုန်ပဲ၊ ပုံပန်းသဏ္ဌာန်၊သတိပဋ္ဌာန်တရား။
ဍ= အခန်းကဏ္ဍ ပုံပြင်ဒဏ္ဍာရီ၊နားမှာပန်ဆင်သော နားကပ်ကို နားဍောင်းဟုရေးရသည်၊ (ပါဠိ ကုဏ္ဍလ)
ဎ=ကတော့ လူတို့ အသုံးအနှုံးမတွေ့မိ သတိမထားမိ (ပါဠိမှာတော့ ၀ဍ်ဎကီ=လက်သမားစသည်များစွာရှိ)
ဏ= တစ်ခဏတာ၊ ခဏ ခဏလုပ်သည်၊ ခဏပန်း၊ ခေတ္တခဏ၊ စျာန်ကသိုဏ်း၊ အတိုင်းအတာ ပမာဏ၊ သရဏဂုံတင်သည်၊ ပုဏ္ဏား၊ သု၀ဏ္ဏသျံ၊ ဥဏ္ဏလုံမွေးရှင်တော်၊ ဒက္ခိဏသာခါ၊ ဥမင်လှိုဏ်ခေါင်း၊ ကဏန်းလက်မ၊ ဖောင်စီးကဏန်း၊ ကုမ္ပဏီ၊ မောင်၀ဏ္ဏ၊ မယ်ကု၀ဏ်၊ ဂိုဏ်း ဂဏ၊ လူဆိုးဂိုဏ်း၊ ဂုဏ်ကျက်သရေ၊ အရုဏ်တက်သည်၊ အဏုမြူ၊ အဏုကြည့်မှန်ပြောင်းစသည်။
ဠ= ဂဠုန်၊ (ဂရုဠှ) ဆင်ကြီး ဂဠုန်ချီ၊ ဠင်းတငှက်၊ ကာဠုဒါယီ၊ မောင်ကာဠု၊ကာဠီမယ်တော် ကာဠီဒါသ၊၊ ဝေဠု၀န်ကျောင်း၊ ပါဠိမှာ လဠာနမဝိသေသောဟု လနှင့်ဠ မထူးခြားသောနေရာလည်းရှိ၏ ထူးခြားသောနေရာလည်းရှိ၏
ဥပမာ ၁၆-သင်္ချာဟော သောဠဿကိုတော့ (သောဠေဿ နိစ္စံ) အမြဲ ဠကြီးဖြင့်သာ ရေးရမည်ဟု သတ်မှတ်ချက်ရှိသည်၊ သောလဿ-ဟုမရေးရ။
ဤသည်တို့ကား မိမိတစ်ခဏမျှ စဉ်းစားမိသည်များကို ရေးသားတင်ပြလိုက်ခြင်းဖြစ်သည်၊ မြန်မာနိုင်ငံသားတို့အနေနဲ့ တန်ဖိုးရှိသော မိမိပိုင်ပစ္စည်းများကို ဖျောက်ဖျက်ပစ်ခြင်းထက် ထိမ်းသိမ်းစောင့်ရှောက်ထားခြင်းကသာမြတ်ပေသည်၊ ခုတော့ ပိဋကတ်တော် ဗုဒ္ဓဘာသာ ဘာ- ညာ စိတ်မ၀င်စားသူတွေက ဖြုတ်ချင်ကြ ဖျက်ချင်ကြ တကဲကဲဖြစ်နေတာ ကြားနေရပါပြီ၊ ၀မ်းနည်းဖွယ်ပင်၊ စောင့်လေမျိုးနွယ်ဟူသော ရိုးရာယဉ်ကျေးမှုကို တန်ဖိုးထားကြသောသူများအနေနှင့် မိမိတို့ရဲ့ လူမျိုး ဘာသာ စာပေ ယဉ်ကျေးမှုများကို တန်ဖိုးထား ထိမ်းသိမ်းကြရမည်သာ ဖြစ်သည်၊ ရေရှည်တည်တန့်အောင် ထိန်းသိမ်းပေးကြပါ၊ ဝိုင်း၀န်းစောင့်ရှောက်ပေးကြပါဟု ဆန္ဒပြုလျက်ဖြင့်။
✍ဦးနန္ဒာစာရ-မုံရွာ🙏
🙏🙏🙏
Click here to claim your Sponsored Listing.