Tavoy Korean Language Class

Tavoy Korean Language Class

Share

Photos from Tavoy Korean Language Class's post 10/12/2024

ဆောလားပိတ်ရက်ခရီးသွားကြမယ် ချင်းဂူတို့ရေ...
ပင်လယ်ရေမျက်နှာပြင်အထက် 1,573 မီတာမြင့်တဲ့ 함백산 က ရေခဲချိုင့်ဝမ်း နှင်းပန်းတွေနဲ့ အရမ်းလှလို့ ကိုရီးယားမှာနေတဲ့သူတွေ သွားသင့်တဲ့တောင်တစ်ခုပါ❄️🌨️🏔️

#함백산 #눈꽃 #겨울여행

Photos from Tavoy Korean Language Class's post 20/08/2024

ဆိုးလ်မှာလည်စရာအဖြစ်နာမည်ကြီးလာမယ့်
မိုးပျံပူပေါင်းစီးခြင်း(ဆိုးလ် လ)
서울달

ကောင်းကင်ပေါ်ကနေ ဆိုလ်းရဲ့ နေ့နဲ့ည အလှကို
ကြည့်ရှုးခံစားနိုင်မယ့် ဆိုလ်းမိုးပျံပူပေါင်းစီးခြင်းကို
၈လိုင်း ၂၃ရက်နေ့မှ စတင်ပြီးဖွင့်လှစ်မည်ဟုသိရပါသည်။
ဆိုလ်းမြို့ ရဲ့ အဓိကနေရာ ယောအွီဒိုမှာ ဆိုလ်းလကြီးကို စီးပြီး ၁၃၀မီတာ အမြင့်ကနေ ဆိုလ်းရဲ့ နေ့နဲ့ည အလှကို မျက်စိတဆုံးကြည့်လိုက်စမ်းပါ။
တစ်ကြိမ်မှာ လူ အယောက် ၂၀လောက်ပဲ စီးလို့ရပါသည်။

စီးတဲ့အချိန်ကြာချိန်။ ။၁၅မိနစ်ခန့်
အချိန်။ ။နေ့လည်၁၂နာရီမှ ည ၁၀နာရီအထိ
အသုံးပြုခ။ ။လူကြီး ၂သောင်း၅ထောင်၀မ်
အုပ်စုလိုက်ဆို ၁၀ရာခိုင်နှုန်းလျော့ပေးသည်။
ဒီထက်အကြောင်းအရာတွေ ထပ်သိချင်ရင် အောက်က link မှာ ၀င်လေ့လာနိုင်ပါသည်။
( https://bit.ly/seouldal-official-info )

သတိပြု။ ။လေပြင်း၊မိုးသန်းထန်စွာ ရွာတဲ့နေ့တွေဆို စီးမရပါ။

လိပ်စာ
서울 영등포구 여의공원로 68

လမ်းညွှန်။ ။မြေအောက်ရထား (၅)လိုင်းကိုစီးပြီး 여의도역ဘူတာမှာဆင်း ထွက်ပေါက် နံပတ်(၃) မှထွက် လမ်း ၁၂မိနစ်လောက် လျှောက်ရင် ရောက်ပါပြီ။
5호선 여의도역 3번 출구에서 도보 12분

လမ်းညွှန်။ ။မြေအောက်ရထား (၉)လိုင်းကိုစီးပြီး 국회의사당역ဘူတာမှာဆင်း ထွက်ပေါက် နံပတ် (၃)မှထွက် လမ်း ၁၂ မိနစ်လောက် လျှောက်ရင် ရောက်ပါပြီ။
-9호선 국회의사당역 3번 출구에서 도보 11분

Photos from Tavoy Korean Language Class's post 26/04/2024

နောက်ဆို YUFL ကျောင်းဆင်း EPSသင်တန်းသားဆိုပြီး
ဂုဏ်ဆာလို့ရတော့မည် 🙂

YUFL တွင် EPS-TOPIK သင်တန်း ပထမဆုံးစဖွင့်မည်
--------------------------
ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်(YUFL)မှာ ကိုရီးယားအလုပ်အကိုင်ဘာသာစကား EPS-TOPIK သင်တန်းကို ပထမဆုံးအကြိမ်အဖြစ် စတင်ဖွင့်လှစ်သင်ကြားပေးသွားမယ်လို့ အဲဒီတက္ကသိုလ်ကနေ သိရပါတယ်။ အဲဒီသင် တန်းရဲ့ လျှောက်လွှာပုံစံတွေကို ဧပြီ ၂၉ ရက်ကနေ မေလ ၉ ရက်အထိ YUFL ကျောင်းသားရေးရာဌာနမှာ ထုတ် ယူနိုင်ပြီး အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း လျှောက်ထားနိုင်တယ်လို့ ဆိုပါတယ်၊၊

အဲဒီသင်တန်းကို လျှောက်ထားသူတွေအနေနဲ့ အနိမ့်ဆုံးပညာအရည်အချင်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင် ထားရမှာဖြစ်ပြီး လျှောက်လွှာတွေကို တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ် ဒါမှမဟုတ် ဘွဲ့လက်မှတ်၊ မှတ်ပုံ တင် မူရင်း မိတ္တူတွေနဲ့အတူ ပတ်စ်ပို့ဆိုဒ်ဓာတ်ပုံ ၃ ပုံကို ပူးတွဲတင်ပြရမယ်လို့ သိရပါတယ်၊၊

သင်တန်းကို မေလ ၁၁ ရက် စတင်ဖွင့်လှစ်မှာဖြစ်ပြီး သင်တန်းကာလ ၆လ ကြာမြင့်မှာဖြစ်ကာ အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့တွေမှာ မနက် ၉ နာရီကနေ ၁၂ နာရီအထိ သင်ကြားပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်၊၊ သင်တန်း ကြေးကိုတော့ ကျပ် ၃ သိန်းသတ်မှတ်ထားတယ်လို့ သိရပါတယ်၊၊

Want your school to be the top-listed School/college in Dawei?
Click here to claim your Sponsored Listing.

Website

Address

10
Dawei