Moe Htet Laboratory

Moe Htet Laboratory

Share

03/12/2023

မိုးထက် ရောဂါရှာဖွေရေး ဓါတ်ခွဲခန်း အား ထား၀ယ်ဆေးရုံကြီး ရှေ့ မျက်နာချင်းဆိုင် သို့ ပြောင်းလိုက်ပီးဖစ်ကြောင်း customer များအား အသိပေးအပ်ပါသည်။။

မိုးထက် ရောဂါရှာ‌ဖွေရေး ဓါတ်ခွဲခန်း

27/10/2023

Happy thadingyut❣️❣️

ပျော်ရွှင်ကြည်နူးဖွယ် ကောင်းသော သီတင်းကျွတ် အခါသမယလေး ဖြစ်ပါစေလို့ မိုးထက် မိသားစုမှ ဆုမွန်ကောင်း တောင်း လိုက်ပါတယ်၊၊၊၊

🎇🎇🎇🪔🪔🪔

Photos from Dr. Khin Maung Lwin's post 09/08/2023
01/08/2023

ယနေ့ ၁.၈.၂၀၂၃ (အင်္ဂါနေ့) ၌ကျရောက်သော ဒုတိယဝါဆိုလပြည့်နေ့ (ဓမ္မစကြာနေ့)တွင် လူကြီးမင်းများအားလုံး ဘေးရန်ကင်းကွာပြီး ကျန်းမာချမ်းသာကြပါစေကြောင်း Moe Htet ဓါတ်ခွဲခန်း မိသားစုမှ ဆုတောင်းမေတ္တာများ ပို့သအပ်ပါတယ်ရှင်။ ရွှန်းလန်းချမ်းမြေ့ကြပါစေရှင်။ 🙏🙏

27/07/2023

🤞 မနက်ဖြန် ဇူလိုင်လ ၂၈ ရက်နေ့ ဟာ ကမ္ဘာ့ အသည်းရောင် အသည်းဝါ နေ့ World Hepatitis Day ဖြစ်ပါတယ်။

👉 ယခုနှစ် (၂၀၂၃) ခုနှစ်ရဲ့ World Hepatitis Day ဆောင်ပုဒ်မှာ " We aren't Waiting" ဖြစ်ပါတယ်။

🦠 အသည်းရော အသည်းဝါ ရောဂါသည် အစောပိုင်းတွင် ရောဂါလက္ခဏာ ပြလေ့မရှိပဲ၊ ရောဂါလက္ခဏာ ပြပီးဆိုပါကလည်း ပျောက်ကင်းအောင် ကုသရန် အချိန်နောက်ကျ သွားနိုင်ပါတယ်။

👍 ဒါကြောင့် လူတိုင်း လူတိုင်း မိမိတွင် အသည်းရောဂါရှိ၊ မရှိ စောစီးစွာ စစ်ဆေး၍ တတ်သိနားလည်သော အထူးကုဆရာ၀န်ကြီးများနှင့် တိုင်ပင် ဆွေးနွေးကာ မည့်သည် အရာကိုမှ မစောင့်ပဲ အချိန်မှီ စစ်ဆေး၊ ကာကွယ်၊ ကုသ သင့်ပါတယ်။

🔬🔬 ထိုကြောင့် ကမ္ဘာ့ အသည်းရောင် အသားဝါနေ့ World Hepatitis Day အထိမ်းအမှတ် အနေဖြင့် ကျနော်တို့ Moe Htet ရောဂါရှာဖွေရေး ဓါတ်ခွဲခန်းတွင် မနက်ဖြန် ၂၈.၇.၂၀၂၃ ရက်နေ့ အသည်းရောင် အသည်းဝါ ဘီပိုး၊ စီပိုး ကို 👉 အခမဲ့ 👈 လာရောက် စစ်ဆေးနိုင်ကြောင်းကို သတင်းကောင်းပါးလိုက်ပါတယ် ခင်ဗျာ။။။။

♦️ We aren't Waiting ♦️

လိပ်စာ - အမှတ် (၂၉၇)၊ ဆေးရုံလမ်း ၊ ရှမ္မလည်ဆွဲ ရပ်၊ ထား၀ယ်မြို့

ဆက်သွယ်ရန်ဖုန်း - 09776776818 , 09403393327


#မိုးထက်ရောဂါရှာဖွေရေးဓါတ်ခွဲခန်း

14/06/2023

🩸🩸🩸🩸🩸

နှစ်စဉ် အမြဲတမ်း ဇွန်လ ၁၄ ရက်နေ့ကို ကမ္ဘာ့သွေးလှူရှင်များနေ့အဖြစ်သတ်မှတ်ကာ WHO (World Health Organization) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးမှ ကြီးမှူးကျင်းပကြပါတယ်။

ဒီကနေ့ ၂၀၂၃ ခုနှစ်ရဲ့ ဆောင်ပုဒ်အနေဖြင့် " သွေးနှင့်သွေးရည်ကြည် မကြာခဏလှူဒါန်းခြင်းဖြင့် အသက်များကိုကယ်ဆယ်ပါ" " Give blood, give plasma, share life, share often" လို့သတ်မှတ်ထားပါတယ် ခင်ဗျာ။။။

သွေးလှူဒါန်းခြင်းဟာ သန့်စင်မွန်မြတ်တဲ့ အသက်ကယ်အလှူဖြစ်သည့်အတွက် ကမ္ဘာ့ အရပ်ရပ်မှာရှိတဲ့ သွေးလှူရှင်များအား ဂုဏ်ပြုလျှက် ကျွန်တော်တို့ မိုးထက် ဓါတ်ခွဲခန်းမှ ၀န်ထမ်းများကလည်း ကမ္ဘာသွေးလှူရှင်များနေ့တွေ ပါ၀င်လိုက်ပါသည် ခင်ဗျာ။။။။။။။



#မိုးထက်ဓါတ်ခွဲခန်း

Want your business to be the top-listed Health & Beauty Business in Dawei?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

အမှတ် (၂၉၇)၊ ဆေးရုံလမ်း၊
Dawei