Education For All
28/05/2021
စာသင်ကြားရေးနှင့် အသက်မွေးနေကြသော
ဆရာ၊ဆရာမ များ အတွက် အသိပေးခြင်း
====================================
အင်းတော်မြို့ အောင်မြင့်မိုရ်ပညာရေး မှ
ဆရာဦးအောင်ဌေးဝင်း (ဘ) ဦးစံဖေ ကို
ကိုယ်ပိုင်ကျောင်းဥပဒေပုဒ်မ ၃၃ နဲ့ တရားစွဲဆိုပြီး
ရာဇသတ် အမှုအမှတ်၆/၂၀၂၀ နဲ့
အင်းတော်မြို့နယ်တရားရုံးမှ အမှုလက်ခံလိုက်ကြောင်းကြားသိရပါတယ်
ဒီအမှုကတော့
ဒေါက်တာစိုးမြင့်ထွန်း ဒုညွန်ချုပ်တိုင်းပညာရေးမှူးရုံး စစ်ကိုင်းတိုင်း ဒေသကြီး က
တရားလိုလုပ်ပြီး
အင်းတော်ရဲစခန်းမှာ (ပ)၁၃၉/၂၀၁၉ နဲ့
အမှုဖွင့်လှစ်ခဲ့တာလို့ ဆိုပါတယ်
ဘော်ဒါဆောင်ဖွင့်လှစ်သင်ကြားခဲ့တဲ့
ဆရာဦးအောင်ဌေးဝင်း အာမခံမရရှိဘဲ
ချုပ်ရက်ရမာန်ယူပြီး
အင်းတော်မြို့မရဲစခန်းမှာထိန်းသိမ်းထားတယ်လို့
သိရပါတယ်။
ဒါဟာ စာသင်ကြားရေးနဲ့ အသက်မွေးတဲ့
ပြင်ပ ဆရာ ဆရာမ တွေကို တပ်လှန့်လိုက်တာ
ဆိုရလေမလား
ဟုတ်ပြီ အခု တရားစွဲတဲ့
ကိုယ်ပိုင်ကျောင်းဥပဒေပုဒ်မ ၃၃ ဆိုတာ
ဘာလဲဆိုတာကို သိဖို့လိုပါတယ်
ကိုယ်ပိုင်ကျောင်းဥပဒေ ပုဒ်မ ၂၈ကိုကျူးလွန်ရင်
ပုဒ်မ ၃၃နဲ့ တရားစွဲဆိုအရေးယူမှာဖြစ်ပါတယ်
ပုဒ်မ၂၈မှာဘာကိုဖော်ပြထားသလဲဆိုတော့
(အောက်ပုံမှာ ကြည့်ပါ)
ကောင်းပြီ ပုဒ်မ ၃၃ ကြည့်ရအောင်
(အောက်ပုံမှာ ကြည့်ပါ)
တို့က ကိုယ်ပိုင်ကျောင်း မှမဟုတ်တာလို့ မတွေးလိုက်နဲ့ ဘာသာရပ်သင် တွေလဲ ၁၉၈၄ ဥပဒေနဲ့သွားမှာ ၂၀၁၁ကိုယ်ပိုင်ကျောင်းဥပဒေဟာ၁၉၈၄
ကျူရှင်အက်ကို အခြေခံပြီးဆွဲထားတာ
ဒါကြောင့် လွယ်လွယ်ပြောရရင် ကျူရှင်နဲ့ ပရိုက်ဗိတ်တွေက ဒီဥပဒေတွေကိုပြင်ဖို့ အသစ်ရေးဆွဲဖို့ အစဉ်တစိုက်ကြိုးပမ်းလာကြတာပဲ
တချို့ကပြောပါတယ် စာသင်တာ ဘာဖြစ်လဲ
ရာဇဝတ်မှုမှမဟုတ်တာ သင်မယ်ကွာ ဆိုတာ
အခုမျက်မြင်တွေ့ပါပြီ တရားတာတွေ မတရားတွေနောက်မှရှင်း ဥပဒေကဥပဒေပဲ အခုဆိုအာမခံတောင်မရဘဲ အချုပ်ထဲကနေဖြေရှင်းရတာ သဘောပေါက်ရမယ်
အခု အင်းတော်မှာဖြစ်လာတဲ့ အမှုက ညီနောင်တို့ကို အလင်းပြလိုက်ပါပြီ ကျူရှင်လောကသားအားလုံးအတွက်
မျှတ သင့်လျော်တဲ့ပညာရေး ဥပဒေ တစ်ခု ထွက်ပေါ်လာဖို့ ကြိုးပမ်းရလိမ့်မယ် ကိုယ်နဲ့မဆိုင်ဘူးလို့ မတွေးလိုက်ကြပါနဲ့ တော်ကြာ ကိုယ့်အလှည့်ရောက်လာနိုင်တယ်ဆိုတာ သတိချပ်ကြပါ။
စာသင်ကြားခြင်းနဲ့အသက်မွေးသူတိုင်း
ဟာ ထောင်နှုတ်ခမ်းလျှောက်နေကြတာမျိူး ဖြစ်နေသလားဆိုတာ ၂၀၁၁ ကိုယ်ပိုင်ကျောင်းဥပဒေနဲ့ ၁၉၈၄ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေ ကို လေ့လာကြပါ နှစ်ခုစလုံးတည်ဆဲဥပဒေများဖြစ်ပါတယ် အရေးမယူဘဲ နေရင်တော့ ဘာမှမဖြစ်သေးဘူးပေါ့ လုပ်ချင်လာရင်တော့
အခု အင်းတော်ကိစ္စဟာ လက်တွေ့ပါပဲ
ဘာသာရပ်သင်ဥပဒေက ပြစ်မှု ပြစ်ဒဏ်တချို့
ပြပါမယ်
(အောက်ပုံမှာ ကြည့်ပါ)
ဆိုကြပါစို့
ဆရာတစ်ယောက်က အိမ်ဝိုင်းသင်တယ်
အိမ်ဝိုင်းဆိုတာ မှတ်ပုံတင်စဉ်က စာသင်ခန်းဘယ်ဟုတ်မလဲ ငှားတဲ့အိမ်လိုက်သင်ရတာလေ
ဒီတော့ လိုင်စင်ယူထားရင်တောင် ပုဒ်မ ၁၅ (ဂ)နဲ့ငြိတယ် ၂၃ နဲ့ တရားစွဲမယ် ထောင်ဒဏ်သုံးနှစ် နဲ့ ဒဏ်ငွေ သုံးသောင်းပေါ့
အသေးစိတ် သုံးသပ်ပြရင်
ဥပဒေတွေဟာ ဘယ်လောက်ကျပ်တည်းလဲဆိုတာ
တွေ့ပါလိမ့်မယ်
ကဲ အဖွဲ့အစည်းတွေ အငြင်းပွားနေကြဦးမှာလား
စာသင်ကြားရေးနဲ့အသက်မွေးသူတွေ
တစ်ဦးနဲ့တစ်ဦး မေးငေါ့နေကြဖို့ပဲလား မေးချင်တယ်
ဒီဥပဒေတွေကို လွှတ်တော်ကသာ ပြင်လို့
အသစ်ဆွဲလို့ရမယ်
အဲဒီတော့ အတွင်း အပြင် တညီတညွတ်တည်း
လုပ်သင့်မလုပ်သင့် စဉ်းစားကြပါ
ဘာကြောင့်ပြင်ဖို့ လုပ်နေကြတယ်ဆိုတာ သိကြပါ
Crd
အောင်ကျော်စိုး
အတွင်းရေးမှူး
မြန်မာနိုင်ငံဆရာများ အဖွဲ့ချုပ်
လပွတ္တာမြို့နယ်
28/05/2021
ပညာရေးဝန်ကြီးဌာနမှ ထုတ်ပယ်ထားသည့် ပညာရေးဝန်ထမ်းများကို ကိုယ်ပိုင်ကျောင်းများ၌ ခန့်အပ်ခြင်းမပြုရန် အကြောင်းကြားခြင်းကိစ္စ
Click here to claim your Sponsored Listing.