Guerrilla Dawei

Guerrilla Dawei

Share

Photos from Guerrilla Dawei's post 01/02/2025

" လူထုတော်လှန်ရေး ၄နှစ်ပြည့် ''
"စစ်အာဏာရှင်တော်လှန်ရေးလမ်းစဥ်မှ
သွေဖယ်နေသူများကို သတိပေး''

Dawei

#ထားဝယ်မြို့ပြပြောက်ကျားတပ်ဖွဲ့

#အရေးတော်ပုံမုချအောင်ရမည်

#စစ်အာဏာရှင်မုချကျရှုံးရမည်

14/01/2025

''စစ်ရေးသတင်းထုတ်ပြန်ကြေငြာချက်''

နေ့စွဲ။ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၊ ၅ ရက်နေ့။

သတင်းထုတ်ပြန်ချက်အမှတ် (၁/၁/၂၅)

Dawei

#ထားဝယ်မြို့ပြ ပြောက်ကျားတပ်ဖွဲ့

People's Security Force DPSF

#ထားဝယ်မြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့

#အရေးတော်ပုံမုချအောင်ရမည်

Photos from Guerrilla Dawei's post 11/09/2024

စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးအတွက်
လိုအပ်သောပစ္စည်းကရိယာများ ရရရှိနိုင်ရေးအတွက်
''ပြည်တွင်း ပြည်ပမှ စေတနာရှင် အလှူရှင်များ''
အသီးသီးကို Guerrilla Dawei အဖွဲ့ မှ အထူး
ကျေးဇူးတင်ဝမ်းသာ ဂုဏ်ယူ မှတ်တမ်းတင်
ဂုဏ်ပြုအပ်ပါသည်။......................

#အရေးတော်ပုံမုချအောင်ရမည်

#စစ်အာဏာရှင်စနစ် မုချကျရှုံးရမည်

#ပြည်သူ့ ဒီမိုကရေစီ မုချအောင်ရမည်

Dawei

Photos from Guerrilla Dawei's post 07/07/2024

ဆဲဗင်းဂျူလိုင် ကျောင်းသားအရေးတော်ပုံ — ကျောင်းသားပေါင်းရာနဲ့ချီအသတ်ခံခဲ့ရတဲ့သမိုင်း
________________

ရန်ကုန်တက္ကသိုလ်ထဲမှာ ကျောင်းသားပေါင်းရာနဲ့ချီပြီးအသတ်ခံခဲ့ရတဲ့ သမိုင်းဖြစ်ရပ်တခု ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့မှာ ဖြစ်ပွားခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်လို့ လူသိများတဲ့အဲ့ဒီအရေးတော်ပုံဟာ ဗိုလ်နေဝင်းစစ်တပ်ရဲ့ စစ်အာဏာသိမ်းခြင်းကို ပထမဆုံးဆန့်ကျင်ခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုတခု ဖြစ်သလို စစ်အုပ်စုရဲ့ မင်းသားမျက်နှာဖုံးကိုခွာချပြလိုက်တဲ့ အရေးတော်ပုံလည်း ဖြစ်ပါတယ်။

အာဏာသိမ်းမှုကို ဆန့်ကျင်
____________________

ဗိုလ်နေဝင်းခေါင်းဆောင်တဲ့ တော်လှန်ရေးကောင်စီအမည်ခံ အာဏာသိမ်းမှုကိုကန့်ကွက်ကြောင်း တကသ၊ ရကသ၊ ဗကသတို့က ၁၉၆၂ ခုနှစ် မတ်လ ၄ ရက်နေ့မှာပူးတွဲကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် မတ်လ ၆ ရက်နေ့မှာ ဗကသခေါင်းဆောင် ကိုခင်မောင်အုန်းက တော်လှန်ရေးကောင်စီကိုထောက်ခံကြောင်း လက်မှတ်ရေးထိုးကြေညာခဲ့ပါတယ်။ အဲ့ဒါကြောင့် ဗကသများအဖွဲ့ချုပ်က အမှုဆောင်အစည်းအဝေးခေါ်ပြီး ကိုခင်မောင်အုန်းကို ထုတ်ပယ်ကာ ဒု-ဥက္ကဋ္ဌ ကိုသက်ကို ဥက္ကဋ္ဌတင်မြှောက်ခဲ့ကြပါတယ်။

မတ်လ ၉ ရက်နေ့မှာတော့ ရန်ကုန်တက္ကသိုလ်နဲ့ မန္တလေးတက္ကသိုလ်အက်ဥပဒေကို တော်လှန်ရေးကောင်စီက ဖျက်သိမ်းလိုက်ပါတယ်။ အဲ့ဒီနောက်မှာတော့ တော်လှန်ရေးကောင်စီက တက္ကသိုလ်ကောင်စီကို အလိုတော်ရိများနဲ့ပြန်လည်ဖွဲ့စည်းခဲ့ပြီး မတရားကျောင်းဆောင်စည်းကမ်းများထုတ်ပြန်ကာ ကျောင်းသားထုကို စတင်ဖိနှိပ်လာပါတော့တယ်။ ဒါကြောင့် ကျောင်းသားထုကြားမှာ တော်လှန်ရေးကောင်စီအပေါ် မကျေနပ်မှုတွေ တစတစ တိုးပွားလာခဲ့ပါတယ်။

ဇူလိုင်လဆန်းမှ စတင်ပြီး ကျောင်းသားထုအစည်းအဝေးတွေကျင်းပကာ ဖိနှိပ်ချုပ်ချယ်တဲ့ မတရားကျောင်းဆောင်စည်းကမ်းတွေကို ကန့်ကွက်ကြောင်း တညီတညွတ်တည်း ဆုံးဖြတ်ခဲ့ကြပါတယ်။ ဇူလိုင်လ ၃ ရက်နေ့မှာတော့ ရန်ကုန်ခရိုင်ကျောင်းသားသမဂ္ဂက ကြီးမှူးပြီး သမဂ္ဂခန်းမမှာ ကျောင်းသားထုအစည်းအဝေးကျင်းပကာ ကမောက်ကမ ပညာရေးစနစ်ဖျက်သိမ်းပေးရေး နဲ့ မတရားအဆောင်စည်းကမ်းများ ရုပ်သိမ်းပေးရေး တောင်းဆို ဆန္ဒပြခဲ့ပါတယ်။

ဇူလိုင်လ ၆ ရက်နေ့ ရွှေဘိုဆောင်အစည်းအဝေးမှာ ကန့်ကွက်တယ်လို့ဆုံးဖြတ်ရုံတင်မကတော့ဘဲ ကြွေးကြော်သံတွေ အော်ဟစ်ပြီး အဆောင်အပြင်ထွက်ကာ လှည့်လည်ဆန္ဒပြကြပါတော့တယ်။ အဲ့ဒီအခါမှာ အနီးအနားကျောင်းဆောင်တွေက ကျောင်းသားတွေပါ ပူးပေါင်းပါဝင်လာတာကြောင့် ဆန္ဒပြကျောင်းသားထုကြီးဟာ တဖြည်းဖြည်းကြီးမားလာခဲ့ပါတယ်။ အဲ့ဒီညမှာ ဆန္ဒပြကျောင်းသားထုဟာ ပြည်၊ ပုဂံ၊ တကောင်းကျောင်းဆောင်တွေအထိပါ လှည့်လည်ဆန္ဒပြခဲ့ကြပါတယ်။

ဆဲဗင်းဂျူလိုင်
________

ဇူလိုင်လ ၇ ရက်နေ့ နေ့လယ် ၁ နာရီမှာတော့ သမဂ္ဂအဆောက်အဦအစည်းအဝေးခန်းမမှာ ကျောင်းသားထုအစည်းအဝေး ကျင်းပခဲ့ပါတယ်။ အဲ့ဒီအစည်းအဝေးမှာ တကသ ဥက္ကဋ္ဌကိုဗဆွေလေးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ပါတယ်။ အဲဒီအစည်းအဝေးမှာ ဖိနှိပ်ချုပ်ချယ်တဲ့ကျောင်းဆောင်စည်းကမ်းတွေကိုကန့်ကွက်ကြောင်းနဲ့ တက္ကသိုလ်အက်ဥပဒေတွေကို ကန့်ကွက်ကြောင်းတခဲနက် ဆုံးဖြတ်ခဲ့ကြပါတယ်။ အစည်းအဝေးအပြီးမှာတော့ ကျောင်းသားထုဟာ သမဂ္ဂအဆောက်အဦရှေ့က စတင်ကာ ကျောင်းဝန်းထဲ လှည့်လည်ကြွေးကြော်ဆန္ဒပြခဲ့ကြပါတယ်။

ကျောင်းသားတွေဟာ ဆန္ဒပြပွဲအပြီး ဘွဲ့နှင်းသဘင်ရှေ့မှာ ငြိမ်းချမ်းစွာ လူစုခွဲလိုက်ပါတယ်။ နေ့လယ် ၂ နာရီမှာ ရဲကား ၂ စီး တကသထဲဝင်လာပြီး တကသဥက္ကဋ္ဌ ကိုဗဆွေလေး၊ ဗကသ ဥက္ကဋ္ဌကိုသက်၊ ရကသ အတွင်းရေးမှူး ကိုဉာဏ်ဝင်းအပါအဝင် ကျောင်းသားခေါင်းဆောင်တွေကို ဝင်ရောက်ဖမ်းဆီးလိုက်ပါတယ်။

ရဲကားတွေ ချက်ချင်းပြန်ထွက်သွားပြီး ကျန်ခဲ့တဲ့ရဲတွေကလည်း တကသကိုဝင်စီးလိုက်ပါတယ်။ ကျောင်းသားခေါင်းဆောင်တွေကို ရုတ်တရက်ဖမ်းဆီးလိုက်တာကြောင့် ကျောင်းသားထုဟာ လှုပ်လှုပ်ရှားရှားဖြစ်သွားရပါတယ်။ အဲ့ဒီနောက်မှာတော့ ကျောင်းသားတွေဟာ ရန်ကုန်တက္ကသိုလ်ဝင်းတံခါးကို သော့ခတ်ပြီး ပိတ်လိုက်ပြီး တကသဝင်းထဲဝင်ဖို့ကြိုးစားကြပါတော့တယ်။ ဒိုင်းကိုယ်စီကိုင်ထားတဲ့ ရဲတွေက ဝိုင်းဝန်းပိတ်ဆို့ပြီး နံပတ်တုတ်နဲ့ရိုက်သူကရိုက်ကာ မျက်ရည်ယိုဗုံးတွေနဲ့ စတင်ပစ်ခတ်ဖြိုခွင်းခဲ့ပါတယ်။

ကျောင်းသားတွေသွေးသံတရဲရဲဖြစ်လာပြီး ရဲများကလည်း မျက်ရည်ယိုဗုံးတွေနဲ့အဆက်မပြတ်ဖြိုခွင်းခဲ့ပါတယ်။ ဒါပေမယ့်ကျောင်းသားထုဟာ တစတစများပြားလာခဲ့တာကြောင့် ရဲများတက္ကသိုလ်ဝင်းထဲကပြန်လည်ထွက်ခွာသွားရပါတယ်။ နေ့လယ် ၄ နာရီခန့်မှာ တပ်ရင်း ၄ က စစ်သားအပြည့်တင်လာတဲ့ စစ်ကား ၂ စီး တက္ကသိုလ်ရိပ်သာလမ်းပေါ် ရောက်လာပြီး ဆေးရုံရှေ့မှ ဓမ္မာရုံထိတိုင်အောင် တပ်ဖြန့်ကာ တက္ကသိုလ်ဝန်းကျင် တခုလုံးကို ပိတ်ဆို့ထားလိုက်ပါတော့တယ်။ အဲ့ဒီစစ်သားတွေဟာ စစ်မြေပြင်မှာ တခါမှအသုံးမပြုရသေးတဲ့ ဂျီသရီးမောင်းပြန်ရိုင်ဖယ်တွေနဲ့ ကျောင်းသားထုကို တရစပ်ပစ်ခတ်ခဲ့ပါတယ်။ အဲ့ဒီလို ရုတ်တရက် ပစ်ခတ်မှုကြောင့် ကျောင်းသားပေါင်း ရာနဲ့ချီ ကျဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရခဲ့ပါတယ်။

သမိုင်းဝင် တကသ အဆောက်အဦ ဖြိုချခံရ
___________________________

ဇူလိုင်လ ၈ ရက်နေ့ မနက် ၃ နာရီအချိန်မှာ တကသအဆောက်အဦကို ဗိုလ်နေဝင်းအစိုးရက ဗုံးခွဲဖျက်ဆီးလိုက်ပါတော့တယ်။ အဲ့ဒီည ၇ နာရီအချိန်မှာ ဗိုလ်နေဝင်းက "ဓားကိုဓားချင်း လှံကိုလှံချင်းဆိုင်ရန်သာရှိတော့ကြောင်း" မြန်မာအသံရေဒီယိုကနေ အသံလွှင့်ပြီး စိန်ခေါ်ခဲ့ပါတယ်။ ဆဲဗင်းဂျူလိုင်ကျောင်းသားအရေးတော်ပုံမှာ မြောင်းမြမှ ကျောင်းသားကိုကျော်ဝင်းက သူ့ကိုယ်က သွေးနဲ့ မန္တလေးဆောင်နံရံမှာ "၇.၇.၆၂ မမေ့ကြနဲ့" လို့ ရေးသွားခဲ့ပါတယ်။

၁၉၆၃ ဇူလိုင်လ ကျောင်းတွေပြန်ဖွင့်တဲ့အချိန် သမဂ္ဂအဆောက်အဦနေရာမှာ ယာယီသမဂ္ဂတဲ တည်ဆောက်ခဲ့ကြပါတယ်။ သမဂ္ဂခြံဝန်းထဲက ဗိုလ်အောင်ကျော်ကျောက်တိုင်အနီးမှာ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ ကျောင်းသားပေါင်းရာကျော်ကို ရည်စူးပြီး "ရာကျော်ကျောက်တိုင်" စိုက်ထူခဲ့ကြပါတယ်။

"ရာကျော်ကျောက်တိုင်" ဖွင့်ပွဲမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းက “သမဂ္ဂအဆောက်အဦကိုသာ ဖြိုလို့ရမယ်၊ အမောင်တို့ရင်ထဲက သမဂ္ဂစိတ်ဓာတ်ကို တော့ ဘယ်သူမှဖြိုလို့ မရပါဘူး” လို့ မိန့်ကြားခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ပျက်ပြားအပြီးမှာ "ရာကျော်ကျောက်တိုင်" နဲ့အတူ သမဂ္ဂတဲတို့ ဖြိုဖျက်ခံခဲ့ရပါတယ်။

သမိုင်းသစ် ရေးထိုး
____________

ယခုနွေဦးတော်လှန်ရေးကာလမှာတော့ ဆဲဗင်းဂျူလိုင်မှာ ကျဆုံးခဲ့တဲ့ကျောင်းသားရဲဘော်တွေ၊ ခေတ်အဆက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာ အသက်ပေးခဲ့ရတဲ့ ကျောင်းသားရဲဘော်တွေကိုရည်စူးပြီး သမဂ္ဂရင်ပြင်နီ ကျောက်စာတိုင်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက စိုက်ထူနိုင်ခဲ့ပါတယ်။

စစ်အာဏာရှင်စနစ်ကို ဂုဏ်ရောင်ပြောင်စွာဆန့်ကျင်ခဲ့တဲ့ ဆဲဗင်းဂျူလိုင်အရေးတော်ပုံဟာ အခု ဇူလိုင်လ ၇ ရက်နေ့မှာ ၆၂ နှစ်ပြည့်မှာဖြစ်ပြီး ပြည်သူတရပ်လုံးအနေနဲ့ ဆဲဗင်းဂျူလိုင်စိတ်ဓာတ်ကိုကိုင်စွဲကာ ဆက်လက်တိုက်ပွဲဝင်ကြဖို့ အလေးအနက် တိုက်တွန်းနှိုးဆော်အပ်ပါတယ်။

“ဆဲဗင်းဂျူလိုင် တိုက်ပွဲဝင်စိတ်ဓါတ်ကို ဆက်လက်ကိုင်စွဲကြ”
“စစ်သုံးစစ်ကို အမြစ်ပြတ် တိုက်ဖျက်ကြ”

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

#ဆဲဗင်းဂျူလိုင် #ဗကသ #၇၇၆၂မမေ့ကြနဲ့

Comment မှာ မူရင်း PDF Files ကို Download ပြီး လွတ်လပ်စွာ ဖြန့်ဝေနိုင်ပါတယ်။

ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသများအဖွဲ့ချုပ်)

Want your organization to be the top-listed Government Service in Dawei?
Click here to claim your Sponsored Listing.

Category

Website

Address

Dawei