Lady Snow

Lady Snow

Share

18/08/2021

ကိုဗစ်မှ ပြန်နလန်ထချိန် ၁၄ရက်နဲ့ ၂၁ရက်ကျော်လာတဲ့ သူတွေအနေနဲ့တော့ ချောင်းဆိုးကျန်နေသေးတယ်ဆိုရင် အသက်ရှူလေ့ကျင့်ခန်းကို “မှုတ်” တာနဲ့ တွဲပြီး လုပ်ပေးသင့်ပါတယ်။
🟨ချောင်းဆိုးတာအတွက်တင် မဟုတ်ပါဘူး။ ကိုဗစ်ပိုးကိုတိုက်ထုတ်ထားရလို့ အားနည်းနေတဲ့ အဆုတ်ရဲ့ လုပ်ဆောင်မှုတွေပြန်လည်ရလာအောင် "အဆုတ် ပြန်လည် သန်စွမ်း ရေး လေ့ကျင့်ခန်း များ"(Pulmonary Rehabilitation)ကို ဒီအချိန်မှာ လုပ်သင့်ပါတယ်။

🟨ဘာကြောင့် “မှုတ်” တာနဲ့ တွဲလုပ်ခိုင်းတာလည်းဆိုရင် ‘ဖြေးဖြေးနဲ့ပြင်းပြင်းရှူ အောင့်ထား ရှည်ရှည်မှုတ်ထုတ်’ ဆိုတဲ့ Deep Breathing Exercise အသက်ရှူလေ့ကျင့်ခန်းလုပ်ရင်း အဆုတ်အတွင်းပိုင်း လေအိတ်ထဲအထိ အောက်ဆီဂျင်ကိုရောက်စေချင်တဲ့အတွက်ဖြစ်ပါတယ်။

🔴ဒီလိုပြင်းပြင်းရှူတဲ့ အသက်ရှူလေ့ကျင့်ခန်းကို ကိုဗစ်ပြင်းထန် နေတဲ့ ၁၄ရက်အတွင်း၊ မောကြပ်နေတဲ့ လူနာတွေကို မလုပ်သင့်ကြောင်း ဆရာမတို့ Physiotherapist တွေတားမြစ်ခဲ့တဲ့ အသက်ရှုလေ့ကျင့်ခန်းဖြစ်ပါတယ်။
Fb ပေါ်မှာ အသက်ရှူလေ့ကျင့်ခန်းလုပ်ဖို့ တိုက်တွန်းနေတိုင်း လူနာရဲ့အခြေအနေကိုကြည့်ပီး ဘယ် အသက်ရှူလေ့ကျင့်ခန်းကို ညွှန်းသလဲဆိုတာ အရေးကြီးပါတယ်။

❓”မှုတ်”ရတဲ့ အသက်ရှူလေ့ကျင့်ခန်းတွေက ဘာတွေရှိပါသလဲ။

✅Blow Balloon (ပူဖောင်းမှုတ်ခြင်း)
✅Blow Water Bubbles (ရေခွက်ထဲ ပိုက်ထည့် ပူစီဖောင်းမှုတ်ခြင်း)
✅Blow the paper/tissue (စာရွက် သို့ တစ်ရှူးစကိုကိုင် လေမှုတ်ခြင်း)

အသက်ကိုဖြေးဖြေး ပြင်းပြင်းရှူသွင်းပီး အထက်ပါ လေမှုတ်ထုတ် လေ့ကျင့်ခန်းတွေကို လုပ်ပေးရမှာဖြစ်ပါတယ်။ ဒီလေ့ကျင့်ခန်းတွေကတော့ အလွယ်တကူ အိမ်မှာ ရှိတာတွေနဲ့ လုပ်လို့ရတဲ့ လေ့ကျင့်ခန်းတွေပါ။

☑️ဒီနေရာမှာ ဆရာမရေးသားထားတဲ့ “မှုတ်” ဆိုတဲ့စကားလုံးက ပါးစပ်ကနေ လေမှုတ်ထုတ်တာကို ဆိုလိုခြင်းဖြစ်ပါတယ်။ နှာခေါင်းကနေ လေမှုတ်ထုတ်ခြင်းမဟုတ်ပါဘူး။

☑️ပါးစပ်ကနေ ‘လေချွန်’ သလို ‘ဖယောင်းတိုင် မီးမှုတ်’ သလို နှုတ်ခမ်းအနေအထားနဲ့ ပါးစပ်ကနေ လေကိုရှည်ရှည် “မှုတ်” ထုတ်ပေးပါ။


✅ Deep Breathing Exercise ကို ၄-၇-၈ နည်း (“4-7-8 Technique ") နဲ့ အထောက်အကူပစ္စည်းမပါဘဲ အလွတ်လေ့ကျင့်နိုင်ပါတယ်။

🔶“4-7-8 Breathing” ဆိုတာဘာလဲ??

၁) အသက်ကိုရှူသွင်းချိန်မှာ စိတ်ထဲကနေ ‘၁ကနေ ၄အထိ’ ရေတွက်ပီး ပြင်းပြင်းရှူသွင်းပါ။

၂) ပီးနောက် အသက်ကို ‘၁ကနေ၇အထိ’ စိတ်ထဲကနေ ရေတွက်ပီး အောင့်ထားပါ။

၃) ပီးနောက် စိတ်ထဲကနေ ‘၁ကနေ၈အထိ’ ရေတွက်ပီး အသက်ကို ပါးစပ်ကနေ ရှည်ရှည်ရှူထုတ်ပါ။

✅Deep Breathing Exercise တွေကို ဘယ်နှစ်ကြိမ် လုပ်ရမလဲ??

အသက်ရှူလေ့ကျင့်ခန်းဟာ မိမိခံနိုင်တဲ့ အကြိမ်ရေထက်များသွားရင် ခေါင်းမူးစေတာ အဆုတ်ကြွက်သားတွေပင်ပန်းစေတာတွေ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အခုလို deep breathing exercises တွေဖြစ်တဲ့ “မှုတ်” တဲ့အသက်ရှူလေ့ကျင့်ခန်းတွေကို လုပ်ရာမှာ မိမိအခြေအနေပေါ်မူတည်ပီး တခါလုပ်ရင် အနည်းဆုံး၅ကြိမ်ကနေ အများဆုံး၁၀ကြိမ် ကို တနေ့ ၃-၄ ကြိမ်လုပ်ပေးပါ။

❗️လုပ်နေချိန်မှာ ခေါင်းတအားမူးလာရင် ဆက်တိုက်မလုပ်ဘဲ နားနားပီးမှ လုပ်ပေးပါ။

၁ခါလုပ်ရင် ၅-၁၀ ကြိမ်
တစ်နေ့ကို ၃-၄ခါလုပ်နိုင်ပါတယ်။

✅Deep Breathing Exercises ကြောင့် ဘလိုအကျိုးကျေးဇူးတွေရမလဲ?

☑️အဆုတ်ရဲ့ အတွင်းပိုင်း လေအိတ်လေးတွေအထိ လေရောက်မယ်
☑️အသက်ရှူလမ်းကြောင်းအတွင်း ချွဲကပ်တာတွေ ချွဲစုတာတွေ မဖြစ်အောင် ကာကွယ်နိုင်မယ်
☑️အဆုတ်ထဲ ပိုးဝင်တာတွေ နည်းအောင်ကာကွယ်နိုင်မယ်
☑️နမိုးနီးယားကို ကာကွယ်နိုင်မယ်
☑️အဆုတ်အား ပိုကောင်းလာမယ်
☑️အဆုတ်ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေ တက်လာမယ်
အကျိုးကျေးဇူးတွေကတော့ တွေ့တဲ့အတိုင်းပါပဲ။ ငဗစ်ကြောင့် ဒဏ်ခံလာရတဲ့ အဆုတ်ဟာ ပြန်ကျန်းမာလာပီး အလကားရတဲ့လေကို ဝဝလင်လင်ရှုနိုင်ပီး အသက်ရှူရပိုကောင်းလာပါလိမ့်မယ်။

ဒါကြောင့်မို့ ကိုဗစ်အလွန်မှာ ဘာဆေးသောက်ရမလဲလိုက်မေးပီး သောက်ဆေးတွေအားမကိုးပါနဲ့တော့။ အသက်ရှူလေ့ကျင့်ခန်းကို အဆုတ်အတွက် ပုံမှန် လုပ်ပေးကြဖို့ တိုက်တွန်းပါတယ်။

🟨 အထောက်အကူ ပစ္စည်း( Incentive Spirometer) သုံးပြီးလေ့ကျင့်သူများအတွက်တော့ ဒုတိယ ပုံအောက်မှာပြောပြထားပေးပါတယ်။

Physiotherapist တစ်ဦးအနေနဲ့ ကိုဗစ်လူနာတွေအတွက် အခုလိုကာလမှာ ဆေးရုံဆေးခန်းအလွယ်တကူ မသွားနိုင်တာကြောင့် မိမိတို့အိမ်မှာတင်လုပ်နိုင်ပီး ထိရောက်နိုင်တာတွေ မျှဝေရေးသားခဲ့ပါတယ်။ လက်တွေ့လုပ်ရာမှာ အကျိုးရှိပီး လူနာတွေ သက်သာလာတာတွေ မြင်ရ ကြားရတိုင်းလည်း အင်မတန်ကျေနပ်မိသလို ကျွန်မရေးရကျိုးနပ်တယ်လို့လည်း သုံးသပ်မိပါတယ်။

Sharing is Caring ❤️
“မှောက်” တာ “ပုတ်” တာပီးတော့ အခု “မှုတ်” တာပါ။

Credit - emkknowledgesharing

တခုလျှင် 17000ကျပ်

Want your business to be the top-listed Clothing Store in Dawbon?
Click here to claim your Sponsored Listing.

Website

Address

Min Nanda Road
Dawbon