Future Wave Training
02/05/2026
စောင့်မျှော်နေကြတဲ့ Level Up Your Leadership (Batch-9) ခေါင်းဆောင်မှုစွမ်းရည်မြှင့်သင်တန်းကြီးဟာ ဒီနေ့ည (၇) နာရီမှာ စတင်တော့မှာ ဖြစ်ပါတယ်။
ပထမဦးဆုံးအနေနဲ့ မိမိတို့ရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ ကျွန်တော်တို့ Future Wave ကို ယုံကြည်စွာနဲ့ အချိန်ပေးတက်ရောက်ကြတဲ့ သင်တန်းသား၊ သင်တန်းသူသစ်များအားလုံးကို အထူးပင် ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။
📢 သင်တန်းသားများအတွက် အသိပေးချက်
• Zoom Meeting Information:
သင်တန်းတက်ရောက်ဖို့ လိုအပ်တဲ့ Link နဲ့ Password များကို သက်ဆိုင်ရာ သင်တန်းသား Group ထဲမှာ တင်ပေးထားပြီးဖြစ်လို့ အခုပဲ ဝင်ရောက်စစ်ဆေးပေးကြပါဦးခင်ဗျာ။
• သင်တန်းသားဟောင်းများအတွက်:
ကျွန်တော်တို့ Future Wave ရဲ့ ထူးခြားတဲ့ အားသာချက်တစ်ခုကတော့ "တစ်ခါတက်ပြီးရင် နောက် Batch တွေမှာ ပြန်လည်တက်ရောက်ခွင့်" ပေးထားတာပဲ ဖြစ်ပါတယ်။
• ဘာကြောင့် ပြန်တက်သင့်သလဲ:
ခေါင်းဆောင်မှုအတတ်ပညာဆိုတာ အမြဲလေ့လာနေရတာဖြစ်လို့ သင်တန်းသားဟောင်းတွေအနေနဲ့ မိမိတို့ရဲ့ အသိပညာတွေကို ပြန်လည်နွှေးရုံတင်မကဘဲ Batch အသစ်က သင်တန်းသားတွေနဲ့လည်း အမြင်ချင်းဖလှယ်ရင်း Network အသစ်တွေ ချိတ်ဆက်နိုင်မှာ ဖြစ်ပါတယ်။
ည (၇) နာရီမှာ အားလုံးနဲ့ ဆုံတွေ့ကြပါစို့။
2.5.2026
လေးစားစွာဖြင့်...
Phoo Kyaw Zin - Future Wave
Future Wave Training
02/05/2026
သွားကျိုးသွားတဲ့ ငါးမန်းကြီးလို စီးပွားရေးမှာ အထိနာပြီး ကြောက်နေပြီလား? (ဒီ video ကို ကြည့်ပါ) 👇
Phoo Kyaw Zin 2 likes. "သွားကျိုးသွားတဲ့ ငါးမန်းကြီးလို စီးပွားရေးမှာ အထိနာပြီး ကြောက်နေပြီလား? (ဒီ video ကို ကြည့်ပါ)"
28/04/2026
ဒီနေ့ - ကျင်းလုံမြန်မာ (Machinery Trading Co.,) ကြီးအတွက် * စတုတ္ထအကြိမ် (Batch-4)* အဖြစ် နောက်ထပ် ဝန်ထမ်းပေါင်း ၆၄ ဦး အား ….
Positive Attitude, Growth Mindset & Personal Development Program (၁) ရက်တာ Corporate Training သင်တန်းကို ပြုလုပ်ပို့ချပေးခဲ့ပါတယ်။
၄ ကြိမ်မြောက် သင်တန်းမှာလည်း ကျင်းလုံမြန်မာ ဝန်ထမ်းတွေရဲ့ တက်ကြွမှု၊ အချင်းချင်း ပွင့်ပွင့်လင်းလင်း မျှဝေဆွေးနွေးမှုတွေနဲ့ မေးမြန်းမှုတွေက အားရစရာကောင်းလှပါတယ်။
အခုဆိုရင် သင်တန်း ၄ ကြိမ် - ကျင်းလုံမြန်မာရဲ့ ဝန်ထမ်းပေါင်း (၂၄၀) ကျော် အထိ ကို သင်တန်းပို့ချပေးပြီးဖြစ်ပါတယ်။
ဒီအစီအစဉ်ဖြစ်မြောက်အောင် ယုံကြည်စွာ လက်တွဲခဲ့ကြတဲ့ ကျင်းလုံမြန်မာ မှ BOD လူကြီးမင်းများနှင့် HOD များအားလုံးကို Future Wave Training က အထူးပင် ကျေးဇူးတင်ရှိပါတယ်။
BOD , HOD လူကြီးများအတွက်ကတော့ Zoom Meeting မှ တဆင့် ၃ လ ကြာ Executive Coaching Program ကို လည်း ပြုလုပ်ပေးနေပါတယ်။
ရှေ့ဆက်ပြီး ကျင်းလုံမြန်မာ ကုမ္ပဏီ (ရန်ကုန်) ရဲ့ ခေါင်းဆောင်ကြီးများ နဲ့ ဝန်ထမ်းများအားလုံး အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ အောင်မြင်မှုအသစ်တွေ ဆွတ်ခူးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
28.4.2026
ချစ်ခင်လေးစားစွာဖြင့်...
Phoo Kyaw Zin - Future Wave
Corporate Training Service 2026
#ကျင်းလုံမြန်မာ
26/04/2026
"ကျွန်တော် စီးပွားရေးလုပ်ချင်တယ်၊
ဒါပေမဲ့ အရင်းအနှီးမရှိဘူး၊ ပညာမစုံသေးဘူး၊
အဆက်သွယ်မရှိဘူး၊ ဘာမှမတတ်နိုင်သေးလို့
အခုထိ စ မလုပ်ဖြစ်သေးဘူး။
အဲ့ဒါဘယ်လို စ ရမလဲဆရာ" တဲ့...
လူငယ်တော်တော်များများ
ကျွန်တော့်ကို လာမေးလေ့ရှိကြတယ်...
ကျွန်တော်တို့ဟာ တစ်ခုခုကို စတင်တော့မယ်ဆိုရင်
ကိုယ် "မစွမ်းနိုင်တာ" (မတတ်နိုင်တာ) တွေကိုပဲ
အရင်တွေးပြီး အားလျော့တတ်ကြပါတယ်။
"စွမ်းနိုင်ရာက စ ရင်...
အစွမ်းအစ ထွက်လာမယ်"
တကယ်တော့ "အစွမ်းအစ" ဆိုတာ
"စွမ်းနိုင်ရာကနေ စ" လိုက်လို့ ထွက်လာတာပါ။
တစ်ခုခုလုပ်တော့မယ်ဆိုရင်
ကိုယ်မစွမ်းနိုင်တာတွေချည်းပဲ
ထိုင်တွေးနေသရွေ့တော့
ဘယ်တော့မှ စဖြစ်မှာမဟုတ်ပါဘူး။
ကိုယ်ဘာမတတ်နိုင်ဘူးလဲလို့ တွေးနေမယ့်အစား
"ငါ ဒီကိစ္စအတွက် ဘာကိုတော့ စွမ်းနိုင်မလဲ" လို့
ပြောင်းတွေးကြည့်ပါ။
"ငါ ဘာလို့ မတတ်နိုင်တာလဲ?" ဆိုတဲ့ မေးခွန်းက
သင့်ကို လမ်းပိတ်စေပါတယ်။
"ငါ ဘာကိုတော့ စွမ်းနိုင်မလဲ?" ဆိုတဲ့ မေးခွန်းကတော့
သင့်ကို လမ်းပွင့်စေပါတယ်။
ကိုယ်စွမ်းနိုင်တဲ့ အသေးအမွှားလေးကနေ
စလိုက်တဲ့အခါ အရှိန်ရလာပြီး၊
အဲ့ဒီအရှိန်ကနေတစ်ဆင့်
သင်မထင်မှတ်ထားတဲ့ "အစွမ်းအစ" တွေ
တဖွဲဖွဲ ထွက်လာပါလိမ့်မယ်။
အဲ့ဒီအခါမှာ သင်ဖြစ်ချင်တဲ့ ပန်းတိုင်ကို
ပြီးမြောက်အောင်မြင်အောင် လုပ်နိုင်တဲ့
အစွမ်းအစ - စွမ်းအားတွေ ရလာမှာပါ။
ဒါ့ကြောင့် ကိုယ်မစွမ်းနိုင်တာက စမယ့်အစား၊
ကိုယ်တတ်နိုင်တာလေးကနေ စတင်လိုက်တဲ့အခါ
အလုပ်တစ်ခုဟာ ဖြစ်မြောက်သွားတတ်ပါတယ်။
လူငယ်တွေကို မှာချင်တာက
ကိုယ့်မှာ ဘာတွေမရှိဘူးလဲဆိုတာကို
စာရင်းလုပ်မနေပါနဲ့။
ကိုယ့်မှာ ရှိနေတဲ့ အရာလေးတွေနဲ့
ဘာစလုပ်လို့ရမလဲဆိုတာကိုပဲ အာရုံစိုက်ပါ။
ကိုယ်စွမ်းနိုင်တာလေးကနေ အခုပဲ စတင်လိုက်ပါ။
အစွမ်းအစဆိုတာ ထိုင်စောင့်နေရမှာမဟုတ်ဘဲ
လက်တွေ့လုပ်ဆောင်ရင်းနဲ့ ထွက်ပေါ်လာရမယ့်အရာပါ။
ဒါ့ကြောင့် ခုပဲ စဉ်းစားကြည့်ပါ။
ကိုယ်မစွမ်းနိုင်တာတွေကိုပဲ တွေးပြီး
လမ်းခုလတ်မှာ ရပ်တန့်နေမိတာမျိုး ရှိလား?
အခုရော...
ကိုယ်စွမ်းနိုင်တာလေးကနေ စတင်ဖို့
အဆင်သင့်ဖြစ်ပြီလား?
Comment မှာ မျှဝေပေးခဲ့ပါဦး။
26.4.2026
Phoo Kyaw Zin - Author
Future Wave Training
Future Wave စာပေ
#တွေးမိတက်ရေး
26/04/2026
ဘ၀မှာဘာလုပ်ရမှန်းမသိရင် ဒီ (၄) ချက်လုပ်ပါ | (ယ၊ ရ၊ လ၊ ဝ)
You Tube မှာ video အစ ဆုံး တင်ပေးထားပါတယ်။
Video ကြည့်ရန် >> https://youtu.be/9H2OFKWLe9I
Phoo Kyaw Zin - Author