Lum Yang - Learning Zone
Vocabulary မှတ်နည်း(၄)နည်း
ဒီတစ်ခေါက်မှာတော့ ဘာသာစကားလေ့လာနေတဲ့သူတွေအတွက် ဝေါဟာရတွေကို သေချာမှတ်မိနိုင်ဖို့ better educationကနေ နည်းလမ်းလေးခုကို ဝေမျှပေးလိုက်ရပါတယ်။
၁) vocabularyစာအုပ်သီးသန့်ထားပါ။
မသိတဲ့စကားလုံးတွေ့ရင် စိတ်မှာပဲမှတ်တာမျိုးမလုပ်ပါနဲ့။ ကိုယ့်မှတ်ဉာဏ်ကို အဲ့လောက်အားမကိုးပါနဲ့။ စာအုပ်မှာချရေးပါ။ vocabulary bookဆိုပြီး သီးသန့်ထားထားရင် ပိုပြီးပြန်ကြည့်ရလွယ်ပါတယ်။
၂)စာလုံးတွေကိုရေးမှတ်တဲ့အခါ စာလုံးနဲ့ အဓိပ္ပါယ်ပဲ ရေးမှတ်တာမျိုး မလုပ်ပါနဲ့။ Example sentenceကိုပါချရေးပါ။ အများဆုံးသုံးကြောင်းလောက်ရေးရင်ပိုကောင်းပါတယ်။
ဥပမာ- memorizeဆိုပါစို့။
Momorize-ကျက်မှတ်သည်။ ဒါကိုပဲရေးမမှတ်ပါနဲ့။
I memorized the passage from text book.
To memorize words, we have to use them often.
အဲ့လိုဥပမာစာကြောင်းလေးနဲ့တွဲမှတ်ရင် အဲ့စကားလုံးကိုသုံးပြီး စကားပြောတဲ့အခါ သိပ်မခက်ခဲတော့ပါဘူး။ မှတ်မိဖို့လည်း လွယ်ပါတယ်။
၃)ခဏ၊ ခဏသုံးပေးပါ။
ဘယ်လောက်ပဲ ရေးမှတ်ထားထား၊ကျက်ထားထား အသုံးမပြုပေးရင်မေ့ပါတယ်။"Use it or lose it"ဆိုပြီး စကားပုံတောင်ရှိပါတယ်။ အိမ်မှာနေရင်း စကားလုံးအသစ်တွေကို သုံးပြီး ကိုယ့်ဘာသာပြောကြည့်တာပဲဖြစ်ဖြစ်၊ သူငယ်ချင်းနဲ့အချင်းချင်းပြောတာဖြစ်ဖြစ် ခဏခဏ လေ့ကျင့်ပေးပါ။ စကားလုံးအသစ်တွေကို အနည်းဆုံးဆယ်ကြိမ်ထက်မနည်း အသုံးပြုပေးမှ သေချာမှတ်မိပါတယ်တဲ့။ မဟုတ်ဘဲ ရေးမှတ်ပြီး ဒီအတိုင်းထားလိုက်မယ်ဆိုရင် စာအုပ်ဖိုးနဲ့မင်ဖိုးကုန်တာပဲ အဖတ်တင်ပါလိမ့်မယ်။
၄) Make it fun!
စာကျက်ရမှာမျိုးတွေမုန်းတယ်၊ အတည်ကြီးစာထိုင်မလုပ်ချင်ဘူးဆိုတဲ့သူတွေအတွက်တော့ စာလုံးတွေကို အလွတ်ကျက်ရတာမျိုးမကြိုက်ရင် word puzzles, crosswordစတဲ့ ဂိမ်းတွေဆော့ပါ။ word game applicationတွေ အများကြီးပဲရှိပါတယ်။ play storeမှာသွားရှာပါ။ အဲ့လိုဂိမ်းတွေဆော့ရင် စကားလုံးအသစ်တွေလည်း အများကြီးတွေ့နိုင်တဲ့အပြင် ဆော့ရတာပျော်စရာလည်းကောင်းပါတယ်။
Crd by...Better Education
Click here to claim your Sponsored Listing.