Bago Update News
မြဝတီမြို့ ပြင်ဆင်ထားပါ
မကြာခင်ထူးခြားမှု့လာတော့မယ်
အသိတွေရှိရင် ဖြန့်ပေးပါ
03/09/2025
ပဲခူးမြို့နန်းမြို့ရိုးနဲ့ နီးတဲ့တဝိုက်
ဆိုရှယ်လစ်- မှော်ကန်-ပုဏ္ဏားစု
စင်္ကြာခြံ အပါဝင် အလင်းရောင် ရပ်ကွက်
အသီးသီးက ကျူးကျော် နေအိမ်တွေ
၃ ရက်အတွင်း ဖယ်ရှား ပေးရမယ်တဲ့။
👇
31/08/2025
နတ်သမီးလေး ဖမ်းခံရပြီးနဲ့နောက်မှာ
တနိုင်ငံလုံးဝိုင်းပြီး သူ့ကိုအရေးယူခိုင်းနေလို့
သူမအနေနဲ့ ဒီလောကကနေ အပြီးတိုင် အနားယူသွားမယ့်အကြောင်း
တောင်းပန်စာတင်ပြီး ခွင့်လွှတ်ပေးကြဖို့ အသနားခံလာတဲ့ နိုရာ
အမျိုးသားထုကြီးနဲ့ တာဝန်ရှိသူများလည်း ခွင့်လွှတ်ပေးလိုက်ကြပါနော်🙏
゚viralシfypシ゚viralシ
#နိုရာ
ပဲခူးယာဉ်ထိန်းရဲမှူး ဖုန်းမြင့်မှ
လက်အောက်ငယ်သားများအား တရားဝင် လုပ်စားခွင့်ပေးထားသော အကွက်များ
ပဲခူးမြို့ပေါ်မှာ လက်ရှိဖြစ်ပေါ်နေသော ယာဉ်ထိန်းများဖမ်းဆီးမှုများတာကိုတွေ့ရပါတယ် မနက်၉နာရီလောက်က ညနေ ၆နာရီထိရှိတယ် ဖမ်းတာ Hijetကားနဲ့ အရပ်သားတေတင်ပြီး ယာဉ်ထိန်းကဖမ်း ယာဉ်ကြီးကြပ်ကဆိုသူတေက ပိုက်ဆံတောင်း ၃သောင်းဆောင်မလား ချလံဖြတ်ရမလားဆိုဘဲ Altigraနဲ့နော်ဖမ်းတဲ့သူတေက အဲ့လူအဆိုးဆုံးလေကြီးလေကျယ်နဲ့ ခင်ဗျားတို့ စည်းကမ်းမရှိလို့ဆိုဘဲ ကျုပ်တို့ စည်းကမ်းမရှိလို့ ခင်ဗျားတို့ ကားစီးရတာပေါ့ဗျာ
OSSဆိုတဲ့တဖွဲ့က ရှိသေး ထွေအုပ်ကလူတေက စာရွက်တရွက် ပိုက်ဆံ၁သောင်းနဲ့လဲနေသလိုဘဲ စာရင်းမရှိ အိတ်ကြီးထဲ အတင်းဖိထည့် အမှန်တကယ်တိတိဒဏ်ကြေးဆောင်ရတယ်ဆိုရင် တရားရုံးမှာ သွားဆောင်ဖူးတဲ့သူတေသိတယ် ပိုက်ဆံကို တရွက်ချင်းစီတိတိကျကျကိုစစ်ပြီး ပြေစာပေးတာ
နောက်ပြီးပန်းလှိုင်ရုံးမှာ ယာဉ်ထိန်း၂ယောက်ကဖမ်း အုပ်ကြီးဆိုသူက ပိုက်ဆံထိုင်တောင်း လက်မှတ်ပါထိုးခိုင်းသေး ဈေးထဲဝင်တဲ့ကားမှန်သမျှ ပိုက်ဆံတောင်း
ပြီးရင်အလုပ်လုပ်ဆုံးက ကောလိပ်ရှေ့မှာ ရဲမေအပွင့်တေနဲ့ အကောင်ကြီးကြီးတေ မြို့ထဲပတ်ရှာ တခါမှမတွေ့ဖူးတဲ့ ဆရာမကြီးများ မနက်ဆို ဝိရိယရှိစွာနဲ့ ကောလိပ်ရှေ့ရောက်နေပြီ မို့ရွာရင်တောင် ထီးဆောင်းပြီး အလုပ်လုပ်ကြတာ 😂
ညဆိုဘားမှာ တမိသားစုလုံးနော် ထိုင်ကြတာ
မြို့တွင်းမှာတော့ ချောင်ပိတ်ရိုက် အပြစ်မရှိအပြစ်ရှာပြီးဖမ်း အချိန်တိုင်း အဖွဲ့ပေါင်းစုံ ခေါင်းစဉ်ပေါင်းစုံနဲ့ လုပ်စားခွင့်ပေးထားပြီး ခင်ဗျားတို့ ပြည်သူတေ ဘာတတ်နိုင်လဲဆိုသလိုပေါ့
တနေ့တနေ့ကို လူအယောက်၁၀၀လောက်က နေ့စဉ်တရားရုံးသွားနေရတဲ့ အလုပ်ပျက် စားဖို့ရှာနေရတဲ့
ဒုက္ခတေ ခင်ဗျားမခံစားဖူးတော့ ဘယ်သိမှာလဲဗျာ
လာတော့မှာပါ မကြာပါဘူး
31/08/2025
စစ်ကိုင်းပြတ်ရွေ့အောက်ပိုင်းငလျင်အရေးပေါ်သတိပေးခြင်း။ရန်ကုန်၊ပဲခူး၊သထုံ၊မော်လမြိုင်အထူးသတိ။ကပ္ပလီပင်လယ်ပြင်အတွင်းရှိ၊မုတ္တမပင်လယ်ကွေ့ထဲမှာ(Aug 30)ရက်နေ့ည(11:35 pm)မှာငလျင်တစ်ခုပြင်းအား(5.0)နဲ့လှုပ်ခတ်သွားခဲ့ပါတယ်။ဒီနေရာအနီးတစ်ဝိုက်မှာပဲ(Aug 20)တုံးကပြင်းအား(4+)နဲ့ငလျင်သုံးခုလှုပ်ခတ်သွားပြီး၊(Aug 21)မှာ(5+)ငလျင်တစ်ခုလှုပ်သွားခဲ့ပြီးဖြစ်ပါတယ်။
-
စစ်ကိုင်းပြတ်ရွေ့အောက်ပိုင်းအနီးတစ်ဝိုက်မှာ(4+,5+)ငလျင်တွေအကြိမ်ကြိမ်လှုပ်ခတ်နေတာကတော့ပုံမှန်လုံးဝမဟုတ်ပါ။စစ်ကိုင်းပြတ်ရွေ့ကြောကြီး၏အောက်ပိုင်းစတင်နိုးထလာနေပြီလား၊မကြာခင်အဲဒီနေရာပါတ်ဝန်းကျင်မှာနောက်ထပ်ဘာတွေထပ်ဖြစ်လာမလဲဆိုတာကိုတော့ဘယ်သူမှကြိုတင်မသိနိုင်လို့အထူးသတိထားပြီးတော့နေထိုင်ကြရပါတော့မယ်။
-
ခြိမ်းခြောက်နေခြင်းမဟုတ်ပါ။အဆိုပါနေရာမှာအန္တရာယ်တစ်ခုခုရှိလာနိုင်လို့သတိနှင့်စောင့်ကြည့်နေကြရန်နိုးဆော်သတိပေးခြင်းသာဖြစ်ပါသည်။
-
အားလုံးဘေးရန်ကင်းကြပါစေ။
Credit-Kelvin Albert Power
30/08/2025
ဒီကိစ္စ အောင်ကိုကိုမမှားဘူးလို့ထင်တယ် သူ့ကို ဒိုင်ခန့်တဲ့လူက မှားတယ်လို့ ယူဆမိတယ်
18/08/2025
နောက်ဂဏန်း ၂ လုံးမန့် 💸 နှစ်ထောင် ယူ
13/08/2025
ခွေးလေခွေးလွင့်များကို ဥပဒေနှင့်အညီ ရှင်းလင်းဆောင်ရွက်မည်ဖြစ်ပြီး တားဆီးနှောက်ယှက်ပါက အရေးယူခြင်း ခံရမည်။
13/08/2025
ပဲခူးသူ၊ပဲခူးသား မိတ်ဆွေတို့အနေနဲ့
ကောလိပ်ကားစီးပြီး တချိန်က
ဒီတံတားအဟောင်းပေါ်က ဖြတ်ဖူးရင်
အမှတ်တရလေးများ ရေးသွားကြပါဦးဗျို့ ။
Photo: Credit
ပဲခူးတွင် ဗိုလ်ချုပ်ကြေးရုပ် ဖျက်ဆီးခံရသည့်သတင်းအပေါ် မှတ်ချက်ရေးသူများ ဖမ်းဆီးခံရ
August 11, 2025
ပဲခူးမြို့မှာ သြဂုတ် ၈ ရက်က ဗိုလ်ချုပ်ကြေးရုပ် ဖြိုချမှုအကြောင်း ရေးသားထားတဲ့ သတင်းတွေအောက်မှာ ဝင်ရောက်မှတ်ချက်ရေးသားခဲ့တဲ့ ပဲခူးမြို့ခံ ၁၁ ယောက်ထက်မနည်း ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။
စစ်ကောင်စီက ပဲခူးမြို့ ရွှေမော်ဓောဘုရားလမ်း၊ တောင်ငူလမ်းမ၊ ဆေးရုံလမ်း စတဲ့ လမ်း ၃ လမ်း ဆုံတဲ့နေရာနဲ့ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မျက်နှာချင်းဆိုင်မှာရှိတဲ့ ဗိုလ်ချုပ်ကြေးရုပ်ကို သြဂုတ် ၇ ရက် ည ၁၁ နာရီဝန်းကျင်က ဖယ်ရှားခဲ့တဲ့အပေါ် ရေးသားထားတဲ့ သတင်းတွေအောက်မှာ မှတ်ချက်ရေးသူတွေကို ပဲခူးတိုင်းရဲမင်းကြီး အမိန့်နဲ့ ခရိုင်ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးတာလို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူက ပြောပါတယ်။
“ဖုန်းကို အရင်မေးတယ်။ ပြီးရင် သိမ်းတယ်။ ဗိုလ်ချုပ်ရုပ်တုနဲ့ ပတ်သက်တဲ့ ပို့စ်တွေအောက်က comment တွေကို ပြပြီး ဘာကြောင့်မန့်လဲ၊ ဘာအဓိပ္ပာယ်နဲ့ မန့်တာလည်း မေးတယ်။ ပြီးမှ အိမ်ထဲဝင်စစ်ပြီး ဖမ်းတယ်။ အဓိကက ခရိုင်ရဲတပ်ဖွဲ့ကို တာဝန်ပေးထားတာ။ အပိုင်ရဲစခန်းက နောက်မှ။ ကျနော် သိသလောက်တော့ အမှတ် ၂ ရဲစခန်းမှာ ၅ ယောက်နဲ့ အမှတ် ၃ ရဲစခန်းမှာရော အပါဆို ၁၁ ယောက်လောက် ရှိတယ်။ ပဲခူးတိုင်းရဲမင်းကြီးအမိန့်နဲ့ တော်တော်လေး စစ်ဆေး ဖမ်းဆီးနေတယ်။ ဒီရုပ်တုကိစ္စမှာ အောက်ခြေရဲတပ်သားတွေ မကိုင်တွယ်ချင်ကြဘူး။ တချို့ ရဲတပ်သားတွေဆို ကွန်းမန့်ရေးထားတာ ရှိရင်တောင် ပြန်ဖျက်ထားကြဖို့ သတိလိုက်ပေးနေတာတွေ ရှိပါတယ်။”
ဖမ်းဆီးခံရသူတချို့ကို ခံဝန်နဲ့ ငွေကြေးယူပြီး ပြန်လွှတ်တာရှိသလို တချို့ကို ပုဒ်မ ၅၀၅ တပ်ပြီး ဖမ်းဆီးထားတာလည်း ရှိတယ်လို့ ပြောပါတယ်။
ဖမ်းဆီးခံရသူတွေမှာ ၂ ယောက် ပြန်လည်လွတ်မြောက်လာပြီး ပဲခူးမြို့အတွင်း စစ်ကောင်စီနဲ့ ပတ်သက်ပြီး ဝေဖန်သူတွေကို နယ်ထိန်းရဲတွေကနေတဆင့် ထောက်လှမ်းဖမ်းဆီးတာလို့ ဆက်ပြောပါတယ်။
“ဖြစ်ဖြစ်ချင်း လိုက်လို့ ပြန်လွတ်လာတာ ၂ ယောက်ရှိတယ်။ ပဲခူးရဲမင်းကြီးက ၅၀၅ နဲ့ပတ်သက်ရင် တော်တော်အလုပ်လုပ်တယ်။ ပင်စင်ယူခါနီးဆိုတော့ တော်တော်လည်း ကြမ်းနေတယ်။ ပဲခူးမှာ ဒီဘက်ကလူတွေပဲပါတဲ့ တယ်လီဂရမ် ရှိနေတယ်။ ကျန်တဲ့သူတွေ မသိရပါဘူး။ တော်တော်များများလည်း ဒါကို မသိကြပါဘူး။ အဲဒီအထဲကပဲ ပဲခူးကိစ္စ တော်တော်များများကို အရေးယူနိုင်တာ။ အမှန်က အဲဒီကွန်ရက်က တော်တော်ကြီးပါတယ်။ ဗိုလ်ချုပ်ဇော်မင်းထွန်းလောက်ထိ ပေါက်နိုင်တဲ့ လင့်တွေပါ အဲဒီမှာရှိပါတယ်။”
ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့မှာလည်း ဇွန် ၂၅ ရက်က စစ်ကောင်စီက အမျိုးသမီးတယောက်ကို ဖေ့စ်ဘွတ်ခ်နဲ့ တယ်လီဂရမ်အကောင့် အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေဖို့ ရည်ရွယ်ချက်နဲ့ ဝါဒဖြန့်တယ်ဆိုပြီး ဖမ်းဆီးခဲ့ပါသေးတယ်။
မိန်းမသားချင်းတစ်ဦးကိုတစ်ဦးကာကွယ်စောင့်ရှောက်ချင်းဖြင့်ကူညီပါ
ကျွန်မတို့မိန်းမသားတွေဘဝကိုကာကွယ်ပေးဖို့ အစိုးရအဖွဲ့မှ သိမြင်နိုင်ပါစေရှင်
ပဲခူးမြို့နယ် နာဂဝန်စက်မှုဇုံ မြန်မာနယူးဟုပ် ကြက်သားပေါက် စက်ရုံ မှ အရောင်းဌာန မန်နေဂျာ ဦးဝေယံဦး(တရုတ်စကားပြန်) ဟာ စက်ရုံအတွင်းရှိ မြန်မာအမျိူးသမီးပေါင်း ၇ဦးခန့် /ကျွန်မသိတာပါ ၊ ကျွန်မလဲ သူ၏ စော်ကားပြုမှု မှု့များကြောင့် ၄င်းစက်ရုံမှ အလုပ်ထွက်သွားခဲ့ရပါတယ်၊ ကြားထဲမှာလဲ လက်ရှိစက်ရုံတွင်းမှာရှိတဲ့ အခြားသော ရာထူး အနိမ့်အမြင့် မိန်းကလေးတွေကို ထိပါးစော်ကားမှုများ စွာကိုကြုံရပါတယ်၊ နောက်ဆုံးပြီးခဲ့တဲ့ ၃ရက်လောက်ကမှ အိမ်ထောင်သည်အမျိူးသမီးတစ်ဦးကို ရုံးချိန်အတွင်း ရုံးခန်းအတွင်းသို့ဝင်ခါ ထိုအစ်မ၏ ရုံးခန်းတွင် ထိုအစ်မတစ်ယောက်ထဲသာရှိပါသည်၊ စွဲဖက်လုံးကာနာမ်းလေးသည် ထိုအစ်မလဲတော်တော်ငြင်းဆန်ခဲ့ရပါသည်၊ ဦးဝေယံဦးဟာ မိန်းမနှင့်ကလေးရှိပါလျှက်နှင့် စက်ရုံရှိရာထူးကြီးဝန်ထမ်းများနှင့်အဆင်ပြေသည်မှာတစ်ပိုင်း၊ စကားပြန်ဖြစ်နေသည်မှာတစ်ပိုင်း မြန်မာအမျိုးသမီးပေါင်းများစွာ နောက်ထက် အကြမ်းမဖက်ခံရဖို့ ကျွန်မ ဒီနေရာကနေ ပဲခူးတိုင်းအစိုးရအဖွဲ့ထံတောင်းဆိုအပ်ပါတယ်ရှင်။ ။
သမီးက မဟုတ်မမှန်လီဆယ်ပြောဆိုတယ်ထင်ရင် ထိုစက်ရုံအတွင်းရှိအမျိူးသမီးတွေကိုမေးမြန်းနိုင်ပါတယ်။
သမီးတို့ မြန်မာအမျိူးသမီးတွေအလုပ်အကိုင်ရှားပါးနေရတာသူလိုလူမျိူးကြောင်းနောက်ထက်လဲမည်သူကိုမှအလုပ်မထွက်စေချင်ပါဘူး။
Click here to claim your Sponsored Listing.
30/08/2025