My Library

My Library

Share

Photos from Top Ten's post 16/01/2023
26/09/2022

နိုင်ငံ ၂ နိုင်ငံကို ချိတ်ဆက်ပေးမယ့် ကမ္ဘာ့အရှည်ဆုံး ရေအောက်ဥမင်

ဘော်လ်တစ်ပင်လယ်အောက် မီတာ ၄၀ အကွာမှာ တည်ဆောက်နေတဲ့ ရေအောက်ဥမင်ဟာ ၁၁.၁ မိုင် ရှည်လျားပြီး ဒိန်းမတ်နဲ့ ဂျာမနီနိုင်ငံကို ချိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်ကစလို့ တည်ဆောက်ရေးလုပ်ငန်းတွေ စတင်ခဲ့တာဖြစ်ပြီး သိပ်မကြာခင်အချိန်မှာပဲ ဥမင်အဖြစ် အသုံးပြုမယ့် ဧရာမ ကွန်ကရစ်အစိတ်အပိုင်း ၈၉ ခု ဆောက်လုပ်ဖို့ စက်ရုံ တည်ဆောက်တော့မှာပါ။ ၂၀၂၉ ခုနှစ်မှာ ဖွင့်လှစ်ဖို့ စီစဉ်ထားတဲ့ ရေအောက်ဥမင်လိုဏ်ခေါင်းစီမံကိန်းဟာ ယူရို ၇ ဘီလျံ ကုန်ကျမှာ ဖြစ်ပါတယ်။

အင်္ဂလန်နဲ့ ပြင်သစ်ကို ချိတ်ဆက်ပေးထားတဲ့ တူးမြောင်းဥမင်က ၃၁ မိုင် ရှည်လျားပြီး Fehmarnbelt ဥမင်ထက် ပိုရှည်လျားပေမဲ့ တူးမြောင်းတူးဖို့ boring machine တွေ အသုံးပြုခဲ့တာဖြစ်ပြီး Fehmarnbelt ဥမင်လို ရေအောက်မှာ ကွန်ကရစ်အစိတ်အပိုင်းတွေ တည်ဆောက်ဖန်တီးခဲ့တာ မဟုတ်ပါဘူး။

လက်ရှိအချိန်မှာ ဒိန်းမတ်နဲ့ ဂျာမနီကို ကူးသန်းဖို့ ကူးတို့နဲ့သွားရင် ၄၅ မိနစ်ကြာမြင့်မှာဖြစ်ပေမဲ့ ရေအောက်ဥမင် ပြီးစီးသွားတဲ့အခါ ရထားနဲ့သွားရင် ၇ မိနစ်၊ ကားနဲ့သွားရင် ၁၀ မိနစ်ပဲ ကြာတော့မှာပါ။

Ref: Denmark and Germany now building the world's longest immersed tunnel
Team (ရိုးရာလေး)

Photos from Hein Ko Ko's post 19/09/2022
Want your organization to be the top-listed Government Service in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Main Road
Bago