A Thae Lay
26/03/2024
မိုးညှင်းတွင် အုပ်ချုပ်ရေးမှူးတစ်ဦး ပစ်ခတ်သတ်ဖြတ်ခံရ
မိုးညှင်း - မတ် ၂၆၊ ၂၀၂၄။
မိုးညှင်းမြို့နယ်၊ နန့်မွန်းမြို့၊ နတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူး ယနေ့ နံနက် ၄ နာရီခန့်က သေနတ်ဖြင့်ပစ်ခတ်ခံခဲ့ရပြီး နေရာတွင်သေဆုံးသွားကြောင်းသိရသည်။
နတ်ကြီးကုန်းရပ်ကွက်မှ နန့်မွန်းဈေးသို့ ဆိုင်ဖွင့်ရန်သွားချိန် ပစ်ခတ်ခံခဲ့ရပြီး သေဆုံးသွားခြင်းဖြစ်သည်ဟု ဖြစ်စဉ်ကိုသိရှိသည့် ဒေသခံအမျိုးသားတစ်ဦးက The 74 Media ကိုပြောသည်။
“သူကနတ်ကြီးကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးပေါ့။ သူ့မိန်းမကို အဲဒီနန့်မွန်းမြို့ မနက်ဈေးကို ဆိုင်ကယ်နဲ့လိုက်ပို့ရင်းနဲ့ ဈေးမှာပစ်ခံရတာပေါ့နော်။ သေသွားပြီဗျ။ အဲဒီနေရာမှာပဲ သေတာ” ဟုဆိုသည်။
အုပ်ချုပ်ရေးမှူးဦးဌေးအောင်မှာ ရှမ်းနီပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်းသိရပြီး စစ်ကောင်စီအတွက် စစ်မှုထမ်းရန်လူငယ်များကိုဖုန်းဆက်ခေါ်လေ့ရှိကြောင်း အခြားဒေသခံအမျိုးသား တစ်ဦးကပြောသည်။
“သူကလူငယ်တွေကိုဖုန်းဆက်ပြီး ခြိမ်းခြောက်သလိုနဲ့မှတ်ပုံတင်တွေယူ စစ်မှုထမ်းရမယ်လို့ အဲဒီလိုတွေပြောတာ။ ပထမတော့ မဲနှိုက်ခိုင်းတယ်။ မှတ်ပုံတင်ရော လူရောယူပြီး စစ်တပ်ကိုအပ်မယ့်သဘောဗျ” ဟုပြောသည်။
မည်သည့်အဖွဲ့အစည်းက ပစ်ခတ်ခဲ့သည်ကို မသိရှိရသော်လည်း ညာဘက်မျက်လုံးအောက် နှာခေါင်းဘေးတွင် ကျည်ထိမှန်ခဲ့ပြီး အုပ်ချုပ်ရေးမှူး ဦးဌေးအောင်၏ ရုပ်အလောင်းကို မြစ်ကြီးနားသို့ သယ်ဆောင်သွားကြောင်း သိရသည်။
နန့်မွန်းမြို့တွင် ၂၀၁၄ သန်းခေါင်စီရင်းအရ အိမ်ထောင်စု ၂၄၀၀ ကျော်၊ လူဦးရေစုစုပေါင်း ၆၀၀၀ ကျော်နေထိုင်ပြီး ရှမ်းနီလူမျိုးများနှင့် ကချင်လူမျိုးအများဆုံးနေထိုင်ကာ ရှမ်းနီပြည်သူ့စစ်လှုပ်ရှားရာဒေသဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီတပ်က စစ်မှုထမ်းဥပဒေကိုအသက်ဝင်ကြောင်း ကြေညာပြီးနောက် တစ်လခန့်အကြာတွင် ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အချို့တွင် စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများက အသက်ပြည့်ပြီးသူများကို စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူခြင်း၊ မဲနှိုက်ရွေးချယ်ခြင်းများကို စတင်လုပ်ဆောင်နေပြီဖြစ်သည်။
သတင်း - Thu Ta
26/03/2024
26/03/2024
25/03/2024
25/03/2024
ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်
ရန်ကုန်၊ မတ် ၂၅
မန္တလေးတိုင်း၊ကျောက်ပန်းတောင်းမြို့နယ်၊ ထောက်ရှာကျေးရွာမှ အသက် ၂၇ နှစ်အရွယ် မောင်အောင်လင်းနိုင်သည် စစ်မှုထမ်းရန် မဲပေါက်သဖြင့် မိမိကိုယ်ကို ကြိုးဆွဲချ အဆုံးစီရင်ပြီး ကွယ်လွန်သွားကြောင်း ဆွေမျိုးများနှင့် မိတ်ဆွေများက အတည် ပြု ပြောဆိုသည်။
မတ်လ ၂၁ ရက်နေ့ ညနေပိုင်း ကျောက်ပန်းတောင်းမြို့နယ်၊ ဆိတ္တိန်းကျေးရွာ အုပ်စု၊ ထောက်ရှာကျေးရွာမှ ဦးစောဌေးနှင့် ဒေါ်မြင့်ရီတို့၏ သားဖြစ်သူ မောင်အောင်လင်းနိုင် အသက် ၂၇ နှစ်သည် ကျေးရွာအုပ်ချုပ်ရေးရုံး၏ မဲနှိုက်ပွဲတွင် တွင် စစ်မှုထမ်းရန် မဲပေါက်ခဲ့ကြောင်း၊ ထို့ကြောင့် ထွက်ပြေးရန် လုပ်ဆောင်သော်လည်း မိဘများနှင့်ဆွေမျိုးများက ကျန်ရစ်ခဲ့မည့် မိသားစုဝင်များကို စစ်တပ်က ပြဿနာရှာနိုင်သဖြင့် မပြေးရန် တားဆီးကြကြောင်း၊ ထို့ကြောင့် မတ်လ ၂၁ ရက်နေ့ ညနေပိုင်းတွင် ကြိုးဆွဲချ အဆုံးစီရင်ရာမှ သေဆုံးသွားကြောင်း၊ မသေဆုံးမီ သေတမ်းစာလည်း ရေးသွားခဲ့ကြောင်း သိရှိရသည်။
"သေတမ်းစာမှာ သူဒီလို သတ်သေလို့ နောင်အဖန်ငါးရာ ငါးကမ္ဘာ ခံရမှာလည်း သိတယ်။ ဒါပေမယ့် မခံစားချင်ဘူး။ သူမဝင်ချင်တဲ့ စစ်ထဲကို လုံး၀ မဝင်ချင်ဘူး။ မိဘတွေနဲ့ ဆွေမျိုးတွေကလည်း ပြေးဖို့ သဘောမတူဘူး။ အဲဒါကြောင့် နောင်ဘ၀မှာလည်း လူပြန်ဖြစ်ရပါလို၏ ဆိုပြီးစာရေးသားတယ်။ ဆေးလိပ်လေးနဲ့ ပုတီးလေးကို ဘေးမှာ ချပြီး အဆုံးစီရင်သွားတယ်။ မိဘတွေလည်း ရင်ကျိုးရတာပေါ့" ဟု မိသားစုနှင့်နီးစပ်သော ဆွေမျိုးတစ်ဦးက ရှင်းပြသည်။
အလားတူ မောင်အောင်လင်းနိုင်နှင့်အတူ ကျောက်ပန်းတောင်းမြို့နယ် ထောက် ရှာကျေးရွာတွင် မဲပေါက်သော လူငယ်တစ်ဦးမှာမူ မလေးရှားတွင် ရောက်ရှိနေသော လူငယ်ဖြစ်ကြောင်း၊ ထို့ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးက မလေးရှားရောက် လူငယ်ကို အမြန်ဆုံး ခေါ်ယူရန် မိသားစုကို ဖိအားပေးနေကြောင်း၊ မလေးရှားမှ ပြန်မလာလျှင် ဖခင်ဖြစ်သူကို စစ်ထဲသို့ ခေါ်မည်ဟု စစ်တပ်က ပြော ဆိုကြောင်း သိရှိရသည်။
ဓာတ်ပုံ-တပ်သားသစ်အဖြစ် စုဆောင်းခံရသော လူငယ်များ လေ့ကျင့်ရေးတပ်များသို့ ရောက်ရှိစဉ်။
25/03/2024
မြန်မာအတွက် ဒေါ်လာသန်း ၁၂၀ ကျော်အကူအညီပါဝင်တဲ့ အမေရိကန်အစိုးရအသုံးစရိတ်ကို သမ္မတ ဂျိုးဘိုင်ဒန် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပါတယ်။
မြန်မာအတွက် ဘယ်လိုကဏ္ဍတွေမှာ အကူအညီပေးသွားမှာပါလဲ။
ဒီသတင်းအပါအဝင် မြန်မာနဲ့ကမ္ဘာတဝန်းက နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေလို့ ဒီလင့်ခ် https://www.bbc.com/burmese/live/cy6zlqq9nn1t ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါပြီ။
#ဘီဘီစီမြန်မာပိုင်း #မြန်မာ #အမေရိကန် #အစိုးရအသုံးစရိတ် #အကူအညီ #ဂျိုးဘိုင်ဒန် #ဘတ်ဂျတ်
25/03/2024
25/03/2024
25/03/2024
02/01/2024
Click here to claim your Sponsored Listing.
Category
Website
Address
Bago