PES Knowledge Sharing

PES Knowledge Sharing

Share

10/11/2021

အဲ့ဒီ နည်းပြ သုံးလို့ ကောင်းရဲ့လား
LMF RMF AMF နှစ်ကောင် နဲ့
4-1-4-1 ကစားကွက် ကြီး စမ်းသုံးကြည့်မလို့
ဘယ်လိုနေလဲ သုံးဖူးတဲ့ သူ ရှိရင် ပြောကြပါအုံး

05/11/2021

Manager👨‍🏫👨‍🏫👨‍🏫
==============
အသင်းတစ်သင်းမှာ ကစားသမား တွေက အရေးပါသလို မန်နေဂျာ ရဲ့ အရေးပါမှု ကလည်း မနည်းပါဘူး။

မန်နေဂျာ မကောင်းရင် ဘယ်လောက် ကောင်းတဲ့ ကစားသမားတွေ ရှိနေပါစေ အဲ့အသင်းကအောင်မြင်မှုမရရှိနိုင်ပါဘူး။ဉပမာပြရရင် မန်ယူ နဲ့ ချယ်စီးလ် ပေါ့။ ချယ်စီး ရဲ့ နည်းပြ အပြောင်းအလဲ လုပ်မှုကြောင့် ချန်ပီယံလိဂ် ရခဲ့တယ်ဆိုတာ ငြင်းလို့မရတဲ့ အမှန်တရားဖြစ်သလို ဆိုးရှား ရဲ့ နည်းစနစ်ပိုင်း ကြောင့် အလယ်အလတ် အသင်းတွေကိုတောင် အသင်းကြီး ပီပီ ခြေစွမ်းပြ မကစားနိုင်တာ ကိုလည်း တွေ့ရမှာပါ။

မန်နေဂျာက တစ်ယောက် နဲ့ တစ်ယောက် ကစားကွက်တွေ၊နည်းစနစ်ပိုင်းတွေမှာ မတူညီကြပါဘူး။ Possession Game ဘောလုံးပိုင်ဆိုင်မှု အသာစီး ရယူပြီးတော့ တိုက်စစ်ဆင်ကစားခြင်း၊ Counter Attack တန်ပြန်တိုက်စစ်ဆင် ကစားခြင်း၊
Short pass အနီးကပ်လူပေးကစားခြင်း (သို့) ဘောစိတ် ၊ Long pass ဘောကျဲ (သို့) အဝေးပေး ကစားခြင်း၊ ဘောစိတ် ကစားမယ်ဆိုရင် ကစားသမားတွေက တစ်ဉီး နဲ့ တစ်ဉီး အကွာအဝေး နီးနီးနဲ့ နေရာယူပြီး ကစားကြပါတယ်။ဘောကျဲ ကစားမယ်ဆိုရင် ကစားသမား တွေက တစ်ဉီးနဲ့တစ်ဉီး ခပ်ဝေးဝေး နေရာယူပြီး ကစားကြတယ်။ ဘောစိတ်ပဲ ကစားကစား၊ဘောကျဲပဲ ကစားကစား အသင်းတိုင်းလိုလိုကတော့ မြင့်ဘော တွေကို မသုံးတဲ့ အသင်းမရှိပါဘူး။မန်စီးတီးလို အသင်းတောင် မြင့်ဘော ကန်တင်ပြီး ကစားမှု ရှိပါတယ်။

မန်နေဂျာချင်း က ကစားကွက်တူရင်တောင် ကစားကွက် တည်ဆောက်ပုံချင်း ကွာကြတယ်။

PES ထဲမှာ မိတ်ဆွေ တို့ အကြိုက်ဆုံး နည်းပြ က ဘယ်သူလဲ ။

PES ထဲမှာ မိတ်ဆွေ တို့အကြိုက်ဆုံး ကစားကွက် ကိုရော ရှာဖွေလို့ တွေ့ကြပြီလား✌

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Telephone

Website

Address

Bago