ETF-Empty To Full Language Centre

ETF-Empty To Full Language Centre

Share

06/03/2022

Current situation နဲ့ ပါတ်သက်ပြီး စကားပုံလေး တစ်ခု အတွေးထဲဝင်လာလို့

"Authority in the hand of the fool will make him a tyrant"

ဖွတ်မိကျောင်းဖြစ် မြစ်မချမ်းသာ

12/02/2022

How about more than three?😁😁😁😁😁

29/11/2021

Good morning to you all.

Have a nice.
Have a good day.
Have a wonderful day.
Have a fantastic day.
Have a great day.

Let's start our day with fantastic ideas!

23/11/2021

အရမ်းကောင်းတဲ့စာစုလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်

အင်္ဂလိပ် အက္ခရာ ABCD . . . Z
အထိဆိုရင် ၂၆ လုံး ရှိပါတယ်။

အဲဒီ အက္ခရာတွေကို ဒီလိုနံပါတ်စဉ်တွေ
ထိုးပြီး စီကြည့်ရအောင် . . .

A=1, B=2, C=3, D=4, E=5,F=6, G=7, H=8, I=9, J=10,K=11, L=12, M=13, N=14, O=15P=16, Q=17, R=18, S=19, T=20U=21, V=22, W=23, X=24, Y=25, Z=26

အဲဒီလို စီပြီးသွားရင်တော့ သက်ဆိုင်ရာ
အက္ခရာကို ကိုယ်စားပြုတဲ့နံပါတ်တစ်ခုစီ
ရှိသွားပါပြီ။

ကဲ ဘ၀မှာ ရာနှုန်းပြည့်အောင်မြင်ဖို့
ဘာအရေးကြီးဆုံးလဲ တွက်ကြည့်ကြစို့။

၁။ အလုပ်ကြိုးစားခြင်း (Hard Work)

H+A+R+D+W+O+R+K
8+1+18+4+23+15+18+11= 98 %
အဲဒါကြောင့် အလုပ်ကြိုးစားခြင်းဟာ
၉၈ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

၂။ ဗဟုသုတ (Knowledge)

K+N+O+W+L+E+D+G+E
11+14+15+22+12+5+4+7+5=96%
ဗဟုသုတပြည့်စုံခြင်းကတော့
၉၆ % အောင်မြင်နိုင်ပါတယ်။

၃။ ချစ်ခြင်းတရား (Love)

L+O+V+E
12+15+22+5 = 54 %
ချစ်ခြင်းတရားဟာ အောင်မြင်ဖို့
၅၄ ရာခိုင်နှုန်းပဲ ရှိပါတယ်။

၄။ ကံတရား (Luck)

L+U+C+K
12+21+3+11 = 47 %
ကံတရားကတော့ အောင်မြင်ခြင်းနဲ့
၄၇ ရာခိုင်နှုန်းပဲ ပတ်သက်ပါတယ်။

ဒါဆိုရင်တော့ မဟုတ်သေးဘူး။
၁၀၀ ရာခိုင်နှုန်း အပြည့်ရနိုင်မယ့်
အကြောင်းတရား တစ်ခုခုတော့ ရှိရမယ်။

သိပြီ ပိုက်ဆံ . . . ။

၅။ ပိုက်ဆံ (Money)

M+O+N+E+Y
13+15+14+5+25 = 72 %
မဟုတ်ပြန်ဘူး . . . ပိုက်ဆံကလည်း
၇၂ ရာခိုင်နှုန်းပဲ စွမ်းဆောင်နိုင်တယ်။

ဒါဆိုရင်....

၆။ခေါင်းဆောင်မှုအရည်အသွေး
(Leadership)

L+E+A+D+E+R+S+H+I+P
12+5+1+4+5+18+19+8+9+16 =89%
ခေါင်းဆောင်မှုကောင်းရင်တော့
၈၉ ရာခိုင်နှုန်း အောင်မြင်နိုင်ပါတယ်။

ပြဿနာတိုင်းမှာ အဖြေဆိုတာ ရှိစမြဲပါ။
အဲဒီတော့ ပြဿနာရဲ့ အဖြေကို
စိတ်နေစိတ်ထားလေး ပြောင်းပြီး
စဉ်းစားကြည့်ရအောင်။

ဟုတ်ပြီ . . .စိတ်နေစိတ်ထား။

၇။ စိတ်နေစိတ်ထား (Attitude)

A+T+T+I+T+U+D+E
1+20+20+9+20+21+4+5 = 100 %
ရပါပြီ . . . ။
ဘ၀ကို ၁၀၀ ရာခိုင်နှုန်း
အောင်မြင်မှုပေးနိုင်တဲ့ အရာကတော့
စိတ်နေစိတ်ထားပါပဲ။

“Attitude is everything ” လို့ ဆိုပါတယ်။

ကိုယ့်ရဲ့စိတ်နေစိတ်ထားကို
ပြောင်းလိုက်တာနဲ့ ဘ၀တစ်ခုလုံး
ပြောင်းလဲနိုင်ပါတယ်။

အခု အဖြေကို သိရပါပြီ။

ကဲ . . . ဘာဆက်လုပ်ကြမလဲ . . . ။

Good Attitude ဖြစ်အောင်
စိတ်နေ စိတ်ထားတွေ ပြင်ကြပါစို့။

Credit Original Uploader.
ထပ်ဆင့်မျှဝေပါသည်။

18/11/2021

General English Elementary level
Speaking practicing
To script

15/11/2021

🎶🎶🎶When the whole world's gone,
you won't be alone cause I'll be there
I'll be your shoulder to cry on🎶🎶🎶

Song lyricsထဲ က shoulder to cry on ဆိုတဲ့ အသုံးလေးနဲ့ မိတ်ဆက်ပေးမယ်ဗျ

a shoulder to cry on -a person who listens to your troubles/difficulties and offers sympathy and kindness.

ကိုယ့် အခက်အခဲ ဒုက္ခသောကတွေကို မျှဝေခံစားပေးတဲ့သူ စာနာမှုနွေးထွေးမှုတွေ ပေးနိုင်တဲ့သူမျိုးဆိုတဲ့ အဓိပ္ပါယ်ပါဗျ
ကဗျာဆန်ဆန်ပြောရရင်တော့ နားခိုရာ ပခုံးတစ်ခြမ်း ဖြစ်ပေးနိုင်တဲ့သူမျိုးပေါ့ဗျ😀😀😀

exampleလေးနဲ့ လေ့လာကြည့်ရအောင်ဗျ

eg. When you are depressed,you need a shoulder to cry on.

စိတ်သောကရောက်‌တဲ့ အချိန်မှာ နာခိုးရာ အားထားရာ ရင်ဖွင့် ဆွေးနွေးနိုင်တဲ့ ပခုံးတစ်ခြမ်းလိုလူလိုအပ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါဗျ

English languageနဲ့ ပတ်သက်တာတွေ နေစဉ်တင်ပေးမှာမို့ ကျွန်တော်တို့ pageကို like&followလေး လုပ်ထားကြပါဗျ

Want your school to be the top-listed School/college in Bago?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Ngwe Sandar
Bago