Mr.Moon
22/07/2022
လွန်ခဲ့တဲ့နှစ်သန်းပေါင်းများစွာက ပယင်းထဲမှာ ရောက်ရှိနေတဲ့ အကောင်လေးတွေပါ စိတ်ဝင်စားရင် cbမှာစျေးလေးတွေမေးနိုင်ပါတယ် ကျန်းမာရေးနဲ့အထူး သင့်လျော်ပြီး ဆန်းပြားတန်ဖိုးရှိတဲ့ ပယင်းအစစ်အမှန်လေးတွေကို ရယူပိုင်ဆိုင်နိုင်ကြပါစေခင်ဗျ
16/01/2022
သဘာဝအလှများနဲ့ပယင်းဆွဲသီးလေးတွေလိုအပ်လို့ဝယ်ယူချင်တယ်ဆိုရင် cbသို့ဆက်သွယ်နိုင်ပါတယ်ခင်ဗျ။ ပယင်းအစစ်ဖြစ်ကြောင်းအာမခံပါတယ်ခင်ဗျ။
05/09/2021
❤️❤️❤️ပုံလေးကို ထိကြည့်ပါ
Credit photo
Amber (ပယင်းရတနာ) အစွမ်းသတ္တိ
20/08/2021
ရှီးပတီး
ရှီးပတီးဆိုတာ ဦးနှောဏ်မှိုစားခံရပြီး သူ့နဂိုပင်ကိုအသိစိတ်ပျောက်သွားတဲ့ အင်းဆက်တမျိုးပါ ...
၁) အင်းဆက်ကသူ့အဟာရအလို့ငှာ ဦးနှောက်ကိုမှိုရောဂါစွဲနိင်တဲ့ အပင်ကိုစားသောက်တယ်
၂ )အဲ့အပင်ကကျလာတဲ့မှိုက အင်းဆက်အကောင်ရဲ့ ဦးနှောဏ်တခုလုံးကိုလှိုက်စားစွဲကပ်သွားတဲ့အခါ အင်းဆက်ကနဂိုအသိစိတ်လွတ်ပြီး ဖုတ်သွင်းခံထားရသလို သူ့ရဲ့လက်ကျန်သက်တမ်းတလျှောက် အဲ့အပင်ပေါက်ရောက်ဖို့ ရေခံမြေခံကောင်းတဲ့နေရာကို အလိုလိုလိုက်သွားပြီး အဲ့နေရာမှာ ဇီဝိန်ချုပ်ငြိမ်းတယ်
၃) အဲ့သေသွားတဲ့အင်းဆက်ဦးနှောက်ကို မြေသြဇာအလို့ငှာမှိုကစားသုံးပြီး အပင်အဖြစ် ပြန်လည်ပေါက်ပြန်တယ်
၄) အဲ့အပင်အရွယ်ရောက်လာချိန်ကြရင် အင်းဆက်တွေကပြန်လာစားကြပြန်တယ် အဲ့ဒါနဲ့သံသရာလည်နေကြတာ-
@ဆိုလိုတာက အကောင်ကနေအပင်ပေါက်လာတာ မဟုတ်သလို အပင်ကနေအကောင်တွေသီးပွင့်လာတာလဲမဟုတ်ဘူး အကောင်ကသက်သက် အပင်ကသက်သက် အပြန်အလှန်စားသုံးရင်းနဲ့ နစ်မျိုးတဘဝဖြစ်သွားတဲ့သဘောပါ ဒီနေရာမှာ အင်းဆက်အမျိုးမျိုးဖြစ်နိင်တဲ့အတွက်ကြောင့် ရှီးပတီးကောင်ကပုံစံအမျိုးမျိုးဖြစ်နေနိင်တယ်။
ပူတာအို ရေခဲတောင် ဒေသအပါအ၀င် ရေခဲတောင်များဖုန်းလွမ်းရာ တိဘက်ကုန်းမြင့်ဒေသမှာသာ ရှာဖွေတွေ့ရှိနိုင်တဲ့ ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင်ရဲ့ အံ့မခမ်း တန်ခိုး အမျိုးမျိုး ကိုမှတ်သားမိသမျှ ဝေငှလိုက်ပါတယ်။
သိပ္ပံအမည် Cordyceps ခေါ်တွင်တဲ့ ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင် နေရာဒေသအပေါ်မူတည်ပြီး နံမည်အမျိုးမျိုးကခေါ်ကြသေးတာကတော့ ---
Caterpillar Fungus, Caterpillar Mushroom, Cs-4, Champignon Chenille, Chinese Caterpillar Fungus, Cordyceps Sinensis, D**g Chong Xia Cao, D**g Chong Zia Cao, Hsia Ts'Ao Tung Ch'Ung, Ophiocordyceps sinensis, Tochukaso, Vegetable Caterpillar
စသဖြင့် ခေါ်ဝေါ်ကြပါတယ်။
ပိုးဆေးနွယ်ရှင်ကို တစ်ကမ္ဘာလုံးမှာ ပိုးတုံးလုံးလေးတွေ အထိက ရှင်သန်ပေါက်ဖွားကြီးပြင်းရာ တိဘက်ကုန်းမြင့်ဒေသမှာသာ ရှာဖွေတွေရှိုနိုင်တာဖြစ်ပါတယ်။ စိုက်ပျိုး မွေးမြူလို့မရပဲ သဘာ၀အတိုင်း ရေခဲတောင်တွေပေါ်မှာ ရှာဖွေတူးဖော်မှသာ ရရှိုနိုင်တာဖြစ်ပါတယ်။ တွေရှိရတဲ့နေရာတွေကို ခွဲခြားရမယ်ဆိုရင်တော့ မြန်မာနိုင်ငံ ပိုတာအိုရေခဲတောင်ဒေသများ၊ ဘူတန် ၊ နီပေါ နဲ့ တရုတ်ပြည်အနောက်တောင်ပိုင်းဒေသတွေ မှာသာတွေ့ရှိရတာ ဖြစ်ပါတယ်။ အဟာရ အကျိုးကျေးဇူး ပြည့်၀တဲ့ စားသုံးနိုင်တဲ့ မှိုမျိုနွယ်၀င် တစ်မျိုးအဖြစ် လူသိများကြပါတယ်။ တရုတ်
ပြည်ကလာတဲ့ (Cordyceps Sinensis) မျိုးစိတ်ကတော့ အထင်ရှားဆုံး ဖြစ်ပါတယ်။
ရှေးနှစ်ပေါင်းထောင်ချီကတည်းက တရုတ်ပြည်မှာ ပြည့်ရှင်မင်းပိုင် နန်းတွင်းဆေး အဖြစ်သတ်မှတ်ထားခဲ့တာဖြစ်ပြီး သာမန်ပြည်သူတွေ သုံးစွဲခွင့်တောင် မရှိခဲ့ဖူးတဲ့ ရှားပါး ဆေးဘက်၀င် အပင်ပဲဖြစ်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ တစ်သောင်းကျော် (မီတာ 3800 အထက်) လောက် မှာသာ ရှာဖွေတွေ့ရှိုနိုင်တာဖြစ်ပြီးတရုတ်ပြည်မှာတော့ ဆောင်းပိုး၊နွေမြက်လို့ခေါ်ပါသတဲ့။ ဘာကြောင့်လဲဆိုတော့ ဆောင်းတွင်းအေးတဲ့ အချိန်မှာပိုးတုံးလုံးအနေနဲ့ ရှင်သန်နေပြီး နွေရောက်တဲ့ အခါမှာတော့ မြက်ကြားက မှိုလေးအသွင်နဲ့ ရှင်သန်နေတာဖြစ်ပါတယ်။ နောက်ပြီး ဒီပိုးဆေးနွယ်ရှင်လေးတွေဟာ ပိုးတုံးလုံးလေးတွေရှင်သန်ကြီးထားရာ ဒေသ၊ အလွန်မြင့်
မားတဲ့ တောင်တန်းတွေပေါ်မှာသာ တိကျတဲ့ အချိန်အတိုင်းအတာလေး အတွင်းမှာ ပေါက်ဖွားလေ့ရှိတာဖြစ်ပါတယ်။ ဒါပေမဲ့ အသက်ရှည် ကျန်းမာစေတဲ့ တစ်ခုတည်းသော ဆေးဘက်၀င်အပင်ဖြစ်ပါတယ်။
ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင်ဟာဆိုရင် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်း နဲ့ စိတ်ဖိစီးမှုတွေ အတွက်ကတော့ “Super food” လို့တောင် တင်စားကြတာတွေ့ရပါတယ်။ ရောဂါပိုးမွားများမှ ကာကွယ်ပေးပြီး၊ ကိုယ်ခနာ Energy Level ကိုလည်း မြင့်တင်ပေးရုံမက ကင်ဆာဆဲလ်တွေကိုပါ ထိရောက်စွာ ကာကွယ်တိုက်ဖျက်ပေးနိုင်ပါတယ်။ လေ့လာတွေရှိချက်များအရ ရှီပတီး (Cordyceps) ဆိုရင် သဘာ၀ ကင်ဆာကုထုံး လို့တောင် သတ်မှတ်ကြပါတယ်။ ကင်ဆာဆဲလ် ပြန်ပွားခြင်း (အထူးသဖြင့် အဆုတ်နှင့် အရေပြား) ကာကွယ်ပေးနိုင်တာတွေ့ရပါတယ်။
အထူး ထိရောက်စွာ သက်သာပျောက်ကင်း နိုင်တဲ့ ရောဂါများကတော့ …..
အသက်ရှူလမ်းကြောင်း ကူးစက်ရောဂါများ
တုတ်ကွေး၊ အအေးမိခြင်း၊ ချောင်းဆိုးခြင်း
မျိုးပွားနိုင်မှု အားနည်းခြင်း၊ ကာမဆန္နကုန်ခန်းခြင်း
အဆုပ်နဲ့ပတ်သက်သောရောဂါများ၊
ဆီးအိမ်နှင့် ဆီးရောဂါ အမျိုးမျိုး
ပန်းနာရင်ကြပ်ခြင်း
အသဲရောင် အသားဝါ (B)
သွေးလည်ပတ်မှုအားနည်းခြင်း၊ နှလုံးခုန်မမှန်ခြင်း၊ နှလုံးရောဂါ အမျိုးမျိုး
အသဲရောဂါ အမျိုးမျိုး၊ cholesterol မြင့်တက်ခြင်း
ကြွက်သားများ အားနည်းခြင်း
နာတာရှည် မောပန်းနွမ်းနယ်ခြင်း နဲ့ ကိုယ်ခံစွမ်းအားကျဆင်းခြင်း
မူးဝြေခင်း မောပန်းခြင်း
အဆစ်အမြစ်ရောင်ရမ်း
ကျောက်ကပ်ဆိုင်ရာ ရောဂါများ(အထူး) စသဖြင့် များစွာ သက်သာပျောက်ကင်းကြောင်းမှတ်သားရပါတယ်။
ရှီးပတီး (ခေါ်) ပိုးဆေးနွယ်ရှင်ရဲ့ အခြားအကျိုးကျေးဇူး အချို့ကို အနှစ်ချုပ်ဖော်ပြလိုက်ပါတယ်။
ရောဂါကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတိုးမြင့်ပေးပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုကာကွယ် တားဆီးပေးခြင်း
သက်လုံကောင်းခြင်း၊ အားကစားစွမ်းဆောင်ရည် မြင့်မားစေခြင်း
သဘာ၀အတိုင်း ကာမအားတိုးစေခြင်း
ဆီးချိုရောဂါကို အထူးတိုက်ဖျက်ပေးခြင်း
အသဲရဲ့လုပ်ငန်းကောင်းမွန်စေပြီး အဆိပ်အတောက်များကို သန့်စင်ပေးခြင်း
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါများကို တိုက်ဖျက်ပေးခြင်း
စသည့် အပြင် အခြားအကျိုးကျေးဇူးများစွာ ရရှိုနိုင်မှာဖြစ်ပါတယ်။
[မှတ်ချက်၊ အချိန်ရပါက အထက်ပါ ၆ ချက်ကို အသေးစိတ်ထပ်မှန်ရေးသားဖော်ပြပေးပါအုံးမည်။]
ကြွယ်၀စွာပါ၀င်ကြတဲ့ အဟာရဓါတ်ပါ၀င်မှုကတော့
Rich Proteins
Rich Amino Acid
Rich Carbon Hydrides
25 types of lactic Acids
11 types nucleic acids (ကင်ဆာ အဓိကတိုက်ဖျက်နိုင်)
Rich Steroid
Rich Vitamin ( B1, B2, B12, E, C, D )
စသည်ဖြင့် များစွာပါ၀င်နေတာကိုတွေ့ရှိရကြောင်းမှတ်သားရပါသည်။
မူရင်းတင်သူအား credit ပါ
Click here to claim your Sponsored Listing.
Category
Contact the business
Telephone
Website
Address
Bago