Buu Thee Pro Max

Buu Thee Pro Max

Share

20/05/2024

ကျွန်တော်ဘဝရဲ့ အချစ်ဦး❤❤.................................................

1. သားကြီး၊ အဲ့စက်က server ထောင်လို့ မရဘူး။

2. ငါထောင်ထားတယ်။ ဝင်ခဲ့ကြ။

3. AltQQ ဆိုတာ ဘယ်သူလဲ။ မသိရင် ကစ်လိုက်။

4. မြေပုံအသစ်ထွက်တယ်ဟေ့။ ဖိုင်ဆိုဒ် ကြီးတယ်။ 7.22 mb တောင်။

5. ဟေ့ကောင်ရေ။ မြေပုံဒေါင်းလုပ်တာ ဆယ်မိနစ်ပဲ ကြာတယ်။

6. Enter နှိပ်ပါဟ။ ဘယ်ကောင်လဲ မနှိပ်သေးတာ။

7. သားကြီး။ ဒီပွဲ ငါ striker ဆော့မယ်နော်။

8. ငါတို့ ၄ ယောက်ရှိတယ်လေကွာ။ sdnt သွားဆော့မယ်။ ၂ ပွဲလောက်။

9. ဟေ့ကောင်။ ဟိုဘက်ဆိုင်ကကောင်တွေနဲ့ ရှင်းကြေး ၃ဝဝဝ စိန်ခေါ်ထားတယ်။ သွားဝိုက်မယ်။

10. အဲ့ကောင် global ob သုံးတယ်။ စောက်ငညစ်။

11. ဟာ။ နိုင်ခါနီးမှ စက်ကျသွားတယ်ကွာ။ စက်ပြောင်းလိုက်။ နောက်ပွဲ။

12. စက်မရပါဘူးဆိုမှ နံပါတ် ၂ စက်မှာ ကောင်တာ ပစ်နေတာ ဘယ်ကကောင်လဲ မသိဘူး။ သောက်ရူး။

13. နိုင်ခါနီးပီနော်၊ နိုင်ခါနီးပီ။ ခြေမသိုင်း သုံးတဲ့ကောင် ေ-ာက်ခွက်ရိုက်မှာ။

14. တောထဲဝင်ပြီး တရားကျင့်နေတဲ့ကောင်၊ ဘက်တယ် ထွက်ဆိုင်ပါတော့ဟ။

15. သားကြီး။ မင်း မန်ဘာလေး ခဏငှားပါလား။ မငှားရင် ၂ဝဝ လောက်တော့ စိုက်ပေးလိုက်။

16. သေးပေါက်ချင်လို့ သက်သက် အသေခံလိုက်တာ။ ဟုတ်လှပီ ထင်မနေနဲ့။

17. ဒိုတာအကြောင်း မပြောနိုင်တဲ့ကောင်ကို လက်ဘက်ရည်ဝိုင်းထဲ ခေါ်မလာနဲ့။

18. ဟေ့ကောင်။ ကယ်ရီယာ ရှဲဦး။

19. ဘောတောင် မရှဲဘူးကွာ။ Bottle Run ဖို့ ကိုယ့်ပိုက်ဆံနဲ့ကိုယ် ဝယ်ထားတာ။ မကျေနပ်ရင် ကိုယ့်ဘာသာ ဝယ်သုံး။

20. သားကြီး။ ၉ ယောက်ရှိပြီ။ တစ်ယောက်ရအောင် ရှာတော့။ ၁ဝ ယောက်ပြည့်မှ ကိုကြည်က နိုက်ဖွင့်ပေးမှာတဲ့။

21. ဟိုကောင်၊ ဘောမို့လို့ အိပ်ပျော်နေတာလား။ အခုမှ ၅ နာရီပဲ ရှိသေးတယ်။ အဲ့ကောင်ကို နှိုး။

22. ဒီကေ နဂါး (၃) ကောင်ခွဲလို့ ရပါတယ်ဆို။ အစ်မပေးကြေး လောင်းမလား။

23. ဆေးလိပ်သောက်နေတဲ့ကောင်တွေ ထွက်ခေါ်ဦး။ ပွဲ စ နေပြီ။

24. သားကြီး ရှဲထားတယ်။ ငါ့ SD (၃) ကောင် ဝင်ကြည့်လိုက်။

25. ဘာဆိုလား ဆိုတဲ့ကောင်ကို သူ့အဖေ လာခေါ်သွားတယ်။ ကျောင်းပြေးတာ မိပီလေ။ ဟားဟား။

26. Earth Shaker ကြီးကို Fury မထည့်ပါနဲ့ကွာ။ မျက်စိနောက်လို့။

27. အဲ့ကောင်ဆီမှာ replay တွေ အများကြီးပဲ။ မန်မိုရီ စတစ်နဲ့ သွားတောင်းရမယ်။

28. သားကြီးရေ။ Version switcher လေး ရှိရင် တစ်ခါတည်း ထည့်ပေးလိုက်နော်။

29. ဟာ။ ငါ့ အနီချောင်းကို back track ကာသွား ပြန်ပီကွာ။

30. ပေါ့စ်၊ ပေါစ့်။ မန်ဘာ ကုန်သွားလို့။ အကိုရေ။ တစ်ထောင်ဖိုး ထည့်ပေးပါဦး။ အကြွေး။

31. သွားပြီ။ Tide hunter ရော sandking ရော Lich ရော ပါသွားပြီ။ ရှုံးပီနဲ့တူပါတယ်ကွာ။

32. ကျောင်းပြေးလာတဲ့ ရက်မှ ဆိုင်မှာ လူမရှိဘူးကွာ။ အဲ့ဒါမှန်းသိရင် မြုိ့ထဲမှာ ဆော့ပါတယ်။

33. မေးစမ်း၊ အဲ့ကောင်ကို။ အလှူအိမ်မှတ်ပီး ဝင်လာတယ်။ မေးစမ်း။ နာမည်ဘယ်လိုခေါ်လဲ။ ဘယ်မှာနေလဲ။

34. မောထရက်က အာဘူဒါ ပြီးသွားပြီဟေ့။ ဖောလိုက် ဖောလိုက်။ ဘက်တယ် မဆိုင်နဲ့။

35. စောက်ရမ်း ကြမ်းနေတယ်ပေါ့။ အပြင်မှာ ဝမ်း ဝမ်း ထိုးမလား။ စောက်ခြောက်။

36. မင်းတို့ဘာသာ ရန်ဖြစ်ရင် ဆိုင်ပြင် ထွက်ထားနော်။ ငါ့စက်တွေတော့ လာမထိနဲ့။ (ဆိုင်ရှင်ပြောသံ)

37. ဒီည နိုက်လို့ မရတော့ဘူးကွာ။ ဖားသားကြီး ငါ့ကို ကောထားတယ်။

38. အဲ့ကောင် ပါလာရင် လူခွဲရ ခက်ပြီပေါ့။ ငါတို့ဘက် လာမထည့်နဲ့။

39. မင်းတို့ အရက်က ဘယ်နှစ်ယောက်ရှိရှိ သောက်လို့ရတယ်။ နိုက်က ၁ဝ ယောက်ပြည့်မှ ဆော့လို့ရတာ။ သားကြီးရာ။ ၁ ယောက်ပဲလိုလို့ပါကွာ။ ဒီည လိုက် နိုက်ပေးပါ။ နော်။

40. သားကြီး ရှင်းကြေး ပေးလိုက်တာ အိမ်ပြန်ဖို့ ကားခ မရှိတော့ဘူး။ လမ်းလျှောက် ပြန်တာပေါ့ကွာ။

41. ဖှေ့စလက်ဗွိုက်က မူးတူ ၂ ချောင်းနဲ့ဟေ့။ အမူးမပြေတွေ စ ပီ။

42. နီသာဒရိတ် ကို ကန်ညွန် ၂ ချောင်းဆက်။ စောက်ရမ်းကြမ်းတယ်။

43. နိုက်ဆော့တဲ့ရက်မှ မီးလာပြတ်ရတယ်လို့ကွာ။ မနက်ထိ ငုတ်တုတ်မေ့ပီ။

44. နာမည်မှာ အရောင်နဲ့ ဘယ်လို ရေးရတာလဲ။ ပြောပြပါသားကြီးရာ။ မင်းကလည်း လာသျှိူနေတယ်။

45. သရဲမ အပြာချောင်းက အကောင်လေးတွေ ပိုများတာလေ။ ဒါတောင် မသိဘူးလား။

46. မီးစက်နှိုးပေးမယ်။ မီးစက်နဲ့ဆို တစ်နာရီ ၃ဝဝ နော်။

47. စိတ်တော့မဆိုးနဲ့။ အာကိန်းရွင်း ဆိုတာ မရှိတော့ဘူး။ စိတ်ဆိုးရအောင် မင်းထွင်ထားတဲ့ ဂိမ်းမို့လို့လား။

48. ဟေ့ကောင်တွေ။ သစ်ပင် က အော်တိုဘန်းနော်။ ယူရဲယူကြည့်။ ထွက်မှာ။

49. အရေးထဲ။ အိုက်တင်လာခံနေသေးတယ်။ အေးပါကွာ။ စိုက်ပေးပါ့မယ်။ လူပြည့်အောင်သာ လိုက်ခဲ့။

50. ငှက်ကို ဘယ်ကောင်ပုံပြောင်းနေတာလဲ။ ဒီမှာ ခေါ်လို့ မရတော့ဘူး။

51. ဟကောင်။ နားကြပ်တပ်မထားနဲ့။ ဘောပဲ။

52. စတက်အောဖ့် ဝီဇာဒရိုင်းက ဘာဆက်မလို့ ဝယ်ထားတာလဲ။

53. သားကြီးတို့။ ကလန်ထောင်ရအောင်။

54. တောက်။ ပထမဆုံး Rune က Regen တဲ့။ ဘာလုပ်ရမှာတုန်း။

55. အောက်လမ်းက ကောင်တွေ ပြေးတော့။ ဟိုဘက်က ဘက်ရှော့ပတ်နေပီ။

56. (All)thay7p7lar7sout7yuu7hahahaha7nga7pein

57. ခဏနေဦး။ &(*^% ပဲကွာ။ Mouse ကပ်နေတုန်း လာသတ်သွားတယ်။ အကိုရေ မောက်စ်လဲပေးပါဦး။

58. ဟေ့ကောင်တွေ။ မောက်စ်တွေ လျှောက်မဖြုတ်နဲ့နော်။ သူ့နံပါတ်နဲ့ သူထားတာ။

59. အကိုရေ။ မျက်စိတည့်တည့် အလင်းထိုးနေလို့။ ဒီရှေ့က မီးချောင်းလေး ပိတ်ပေးပါဦး။

60. အင်တာနက် လာသုံးတဲ့ လူတွေကို အားနာကြပါဦး။ တိုးတိုး ဆဲကြပါဟ။

61. သားကြီး။ ခုနက ငါ့ဘေးစက်မှာ လာထိုင်တဲ့ ကောင်မလေး gtalk account မှတ်ထားတယ်။ ဟဲဟဲ။

62. ဘောမို့လို့ AI မြေပုံကြီး ထောင်ထားတာလား။

63. အကိုရေ။ server က ဖိုဒါကို ပိတ်ပေးပါဗျိူ့။ ဟိုလဒ ကောင်းကောင်းမဆော့တော့ဘူး။ ထွက်ပဲကြည့်နေလို့။

64. သားကြီး ဟကောင်။ Local Disck (D) ထဲက New Folder ထဲက Music ထဲက Colurfull ထဲက data.data ထဲက ..... ထဲက .....

65. ငါ သင်္ဘောတက်မယ်ကွာ။ ငါ့ကောင်တွေ အေးဆေးဆော့လို့ရအောင် ဂိမ်းဆိုင်လေးထောင်ပေးမယ်။

66. အကိုရေ။ သီချင်းပြောင်းပါဗျိူ့။ ဒါတွေချည်းပဲ ထပ်နေပြီ။

67. ပြီးခဲ့တဲ့ အပတ်က အကြွေးဆပ်ပြီးမှ အခုမန်ဘာ အကြွေးထပ် ထည့်ပေးမယ်။

68. မနက်စောစောစီးစီး ပတ်ဝန်းကျင်က လူတွေက လန်းလန်းဆန်းဆန်း၊ ကိုယ်တွေပဲ အဆီပြန်မျက်ခွက်တွေနဲ့ ဂိမ်းဆိုင်က ထွက်လာတာ။ လက်ဘက်ရည်ဆိုင် ထိုင်ဦးမလား ? ပြန်အိပ်တော့မလား။

69. PoorMan Shield က Vanguard ထက် မာတယ်။

70. နောက်ဖေး တံခါးကို ဘယ်ကောင်ဖွင့်သွားတာလဲကွာ။ ခြင်တွေ ဝင်ကုန်ပြီ။

71. ဒဇို နဲ့ ဒီမီနေတာကို ဘောမို့ တွဲဆက်ထားတာလား။ အဲ့ဒါ အောဖ့်အဖက်တွေဟ။

72. ငါ့ သွေးပုလင်း ဘယ်ကောင် ယူသုံးလိုက်တာလဲ။ ^*&%()& ပဲကွာ။

73. ဆောရီး အကို။ ကျွန်တော်တို့ ဆယ်ယောက် ပြည့်နေလို့။ (မသိတဲ့ကောင် ဝင်မဆော့ခိုင်းနဲ့)

74. အဖိုးကြီးက ဟက်ကြီးနဲ့ကွာ။ မာချက်ပဲ။ အပေါ်လမ်းမှာ ဘယ်ကောင်တွေ လှူလိုက်တာလဲ။

75. အဲ့ကောင် စောက်ရူးလား။ စလေယာကို လုပ်သာအေ့ဂ်ျ ဆက်ထားတယ်။

76. ဖလာ၊ ကဒက်၊ ချဉ်ဖတ်၊ ၂ဝဝ တန် ခရိကြီးပါကွာ။

77. နောက်ဆုံး တစ်ပွဲနိုင်၊ တစ်နေကုန် နိုင်။ လဖက်ရည်ဆိုင်က မပြန်မချင်း လေတိုက်ခံရပီသာ မှတ်ပေတော့။

78. သားကြီး။ အင်ပေါ်တယ် ငါယူမှာနော်။ ငါ့ကိုပေး။

79. တိုးဝါးလော့ လမ်းမှာ မနေဘူး ဟေ့ကောင်။ မင်းဘာသာ သွားနေ။ ခရိစားလို့ ရမှာမဟုတ်ဘူး။

80. ဟေ့ကောင် မြန်မြန်ဝင်၊ တစ်ယောက် ပိတ်ပေးထားတယ်။

81. ဆော့မနေပါနဲ့ကွာ။ Dota 2 က 1 လောက် Graphic ကောင်းတာ မဟုတ်ဘူး။

82. အလယ်လမ်းရေ။ ဆိုက်ကားဆရာ စီ ထောက်လာတယ်။ ပြေးတော့။ (global ob)

83. နှင်းမြေပုံကြီးက မျက်စိနောက်တယ်ကွာ။ နောက်မြေပုံကလည်း အကြာကြီး စောင့်ရဦးမယ်။

84. ဒီကေ ကို ရွှေမှုန်ဓါး အရင်ဆက်။ ပြီးမှ ဖိနပ်ဝယ်။

85. သားကြီး၊ ပြေး၊ ပြေး၊ ငါ့ကို မကယ်နဲ့တော့။ ပြေးတော့။ ပြေးတော့။

86. ဇ ရှိရင် ဝမ်းဝမ်း အဖေခေါ်ကြေး ဆွဲမလား။

87. ဟေ့ကောင်တွေ၊ ည ၁ဝ နာရီ ကျော်နေပြီ။ တိုးတိုးအော်ကြ။

88. ယာဖှက် က ကိုယ့်ဆီက ပညာလာသင်သွားတာလေ။ နိုင်ချင်ရင် ငါ့ကို ရှဲဒိုးဖိန်းပေးကိုင်လိုက်။

89. သားကြီး။ Phoenix သတ်ရအောင်။ whosyourdaddy နဲ့။

90. အဲ့ကောင် -င်ယားပြီး ဒဗိုင်း ဆက်လို့ရှုံးတာလေ။

91. သားကြီး။ ဟိုဘဲ စက်မှာ စတစ် ထိုးထားတယ်။ ဟက်နေတာလား မသိဘူး။

92. ပရောဖက်က ပွဲစကတည်းက တစ်မြေပုံလုံး ခုန်လို့ရသွားပြီတဲ့။ ဒိုတာ ဆော့မနေနဲ့တော့။

93. ငါ့ကို မသေခိုင်းနဲ့။ ငါက သေ စ ရှိရင် ဆက်တိုက်သေပြီ။ တောက်။ ပြောရင်းနဲ့ သေပြန်ပြီ။

94. မကိုင်တက်ဘဲ ဘောမို့ ဂျီနိုမန်ဆာကိုင်ရလား ။ အကောင်သေးပေမယ့် စတိလို မာတာမဟုတ်ဘူး။

95. သားကြီး။ changelog က ဘာတွေ ပြောင်းသွားတာလဲ။ လုပ်စမ်းပါဦး။

96. ပိုကြီးတဲ့ သစ်ပင်ကို ကိုက်၊ သွေးပိုပြည့်တယ်ဟ။

97. gambler က ပိုက်ဆံနဲ့ ပစ်ပေါက်တာလည်း မပါဘူး။ မမိုက်ပါဘူးကွာ။

98. မြို့ထဲကကောင်တွေ ဒီနေ့ ငါတို့ ဆိုင်မှာ လာဆော့မှာတဲ့။ ဟိုဘက်ကဆိုင်က ကောင်တွေ သွားခေါ်ထားဦး။

99. ဘက်ချာကြီးက ချိတ်ဆွဲတိုင်းမိနေတယ်။ အဲ့ကောင် iseedeadpeople ရိုက်ထားလား မေးကြည့်စမ်း။

100. All pick က စောက်ကလေးတွေပဲ ဆော့တာ။ ပုံမှန်အတိုင်း RD ပဲ ဆော့စမ်းပါ။

some beautiful memories never die: 3💔

ကိုအောင်ရဲမော် (ကိုဘူး)
အမှတ်တရလေးတွေ ရှိကြဖူးသူတွေရှိကြမှာပါ

11/03/2020

Hello

Want your business to be the top-listed Gym/sports Facility in Bago?
Click here to claim your Sponsored Listing.

Category

Website

Address

Paungde
Bago