Old coil accessories

Old coil accessories

Share

25/01/2024

(၁) သူငယ်ချင်းတွေ စုဆောင်းပါ
ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ သူငယ်ချင်းတွေက ဘဝမှာ မရှိမဖြစ်သူတွေ ဖြစ်တယ် ။ သူတို့က နွေးထွေးတဲ့ အနွေးထည်တစ်ထည်နဲ့ တူတယ် ။ သူတို့ကို ကိုယ့် အကျင့်စရိုက် ၊ ကိုယ့်စိတ်နေသဘောထား နဲ့ လှဲလှယ်ထားတာဖြစ်တဲ့အတွက် ကောင်းကောင်းတန်ဖိုးထားရမယ် ။ ခုချိန်ထိ ကိုယ့်ဖုန်းထဲမှာ ဆက်သွယ်ရမယ့်လူ နည်းနေသေးတယ်ဆိုရင် စိတ်တူကိုယ်တူ သူငယ်ချင်းတွေကို စုဆောင်းဖို့ အချိန် မနှောင်းသေးပါဘူး ။

(၂) လက်လွှတ်တတ်ဖို့ သင်ယူပါ
ဒီအသက်အရွယ်က မရင့်ကျက်လို့ မဖြစ်တော့ဘူး ။ ဘဝမှာ အချစ်တစ်ခု ၊ ကံတရားတစ်ခု ၊ ကိစ္စတစ်ခုကို ရယူပိုင်ဆိုင်ဖို့ ကိုယ်ခွန်အားမဲ့ခဲ့တဲ့အခါ လက်လွှတ်တတ်ဖို့ သင်ယူရပါလိမ့်မယ် ။ ဒါကလည်း နောက်ထပ် အသစ်တစ်ခုကို စမ်းသပ်ဖို့ ကိုယ့်အတွက် အခွင့်အရေး ပေးလိုက်သလိုပါပဲ ။ ယုံကြည်မှု ၊ သတ္တိ ၊ ကြိုးစားမှုတွေ ရှိခဲ့မယ်ဆိုရင် အောင်မြင်မှုက ကိုယ့်အတွက်ပဲ ဖြစ်တယ် ။

(၃) အကြင်နာ မေတ္တာကို မျိုးပွားပါ
ကိုယ့်ထက် ဒုက္ခရောက်နေသူ ၊ ကိုယ့်ထက် ထိခိုက်နာကျင်နေသူကို ဒီလောကကြီးရဲ့ အလှအပနဲ့ နေရောင်ခြည်ကို ခံစားနိုင်အောင် တတ်နိုင်သလောက် ကူညီပါ ။ ဒီလို အကြင်နာမေတ္တာတွေကို မျိုးပွားပါ ။ ကိုယ် သတိမမူမိချိန် အဲဒီအကြင်နာတွေကနေ လှပတဲ့ပန်းပွင့်တွေ ဖူးပွင့်လာပါလိမ့်မယ် ။ အသုံးဝင်တဲ့ အီးမေးလ်တစ်စောင် ၊ စာတစ်ပုဒ် ၊ တစ်ပိုဒ်ကလည်း အကြင်နာတွေကို မျိုးပွားတာပဲဖြစ်တယ်

(၄) ဂီတကို နှစ်သက်ပါ
ဂီတတစ်မျိုး သို့မဟုတ် တူရိယာတစ်ခုကို တီးတတ်ရင် ပိုကောင်းတယ် ။ ဂီတက ကိုယ့်စိတ်ကို ဆေးကြောပေးသလို ကိုယ့်မှတ်ဉာဏ် ၊ အတွေးတွေကို ပိုပွင့်စေတယ် ။ ကိုယ်ထင်မှတ်မထားတဲ့ ဆိတ်ငြိမ်ခြင်းတွေကို သယ်ဆောင်လာပေးတယ် ။ ဘဝအတွက် ခံစားမှု အရသာပေါင်းစုံ သယ်လာပေးတယ်ဆိုရင် ပိုမှန်လိမ့်မယ် ။

(၅) သောကနှစ်မျိုးကို ရှောင်ပါ
ပထမသောက, က လိုတာမရတဲ့ သောက ၊ ဒုတိယက အချစ်ကြောင့် ခံစားရတဲ့သောက ။ ဒီသောကတွေကို ဖုန်သုတ်သလို စိတ်အိမ်ထဲက လှည်းကျင်းထုတ်ပစ်ပါ ။ ကိုယ့်ဟာမှန်ရင် ကိုယ့်ဆီ ရောက်လာပါလိမ့်မယ် ။

(၆) ခံနိုင်ရည်ရှိဖို့ သင်ယူပါ
တချို့ကိစ္စတွေကို လုံးဝ အစပြန်ဖော်လို့မရအောင် မေ့ထားသင့်တယ် ။ အခက်အခဲ တစ်ခုကြုံတိုင်း ရင့်ကျက်ကြီးပြင်းဖို့ အသိဉာဏ်တစ်ခုတိုးတယ်လို့ ထင်မှတ်ပါ ။ ထိခိုက်နာကျင်မှုနဲ့ စိတ်ဆင်းရဲမှု တချို့ကို ခံနိုင်ရည်ရှိဖို့ သင်ယူပါ ။ ဒီအသက်အရွယ်က ကလေးလေးတစ်ယောက်လို့ အသံထွက် အော်ငိုသင့်တဲ့ အရွယ် မဟုတ်တော့ပါဘူး ။

(၇) သူ့ ကျေးဇူးကို သိတတ်ပါ
အသုဘတစ်ခါ ပို့ပြီးတိုင်း သင်္ခါရတစ်ခါ ရတတ်ကြတယ် ။ တစ်ခါဖျားနာတိုင်း ပိုတန်ဖိုးထားရ ကောင်းမှန်း သိတော့တယ် ။ ကျေးဇူးတရားကို မိနစ် ၊ စက္ကန့်တိုင်း သတိရသင့်တယ် ။ ကျေးဇူးတရားက ကိုယ့်ဘေးက လူတွေကို တန်ဖိုးထားစေသလို လောဘ ၊ အတ္တ နဲ့ ငြင်းခုံတာတွေကို ပြေငြိမ်းစေတယ် ။ ပျော်ရွှင်ခြင်းရဲ့ ရင်းမြစ်ဆိုရင် ပိုမှန်လိမ့်မယ် ။

(၈) အလုပ်ကို မြတ်နိုးပါ
အလုပ်က လက်ဖက်ရည်သောက် ၊ စကားထိုင်ပြောရတာလောက် မလွယ်ကူပေမယ့် ကိုယ့်ရဲ့ အသိဉာဏ်နဲ့ ခွန်အားကို ဆန်းစစ်ပေးတာဖြစ်တယ် ။ ကိုယ့်တန်ဖိုး နဲ့ အောင်မြင်မှုကို ခံစားစေတယ် ။

(၉) သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့
စာဖတ်တယ် ၊ သင်ယူတယ်ဆိုတာ အသိဉာဏ် ၊ ဗဟုသုတတွေနဲ့ ကိုယ် စကားစမြည် ပြောသလိုပါပဲ ။ တစ်နှစ်ကို စာအုပ် (၅ဝ)အုပ် ဖတ်နိုင်အောင် ကြိုးစားပါ ။ ကိုယ့်ရဲ့ အသိဉာဏ် ၊ နားလည်စွမ်းတွေ တိုးလာပါလိမ့်မယ် ။

(၁ဝ) အားကစားလုပ်ပါ
ပိုနေတဲ့အချိန်ကို အသုံးချပါ ။ သဘာဝ ပတ်ဝန်းကျင်ကို ခံစားပါ ။ ပျင်းလို့ တက်တဲ့ ဝိတ်တွေ မရှိနိုင်သလို အရွယ်လည်း နုပျိုကျန်းမာစေပါတယ် ။

#နိုင်းနိုင်းစနေ #ကျွန်မဖတ်ဖို့

Want your business to be the top-listed Food & Beverage Service in Aunglan?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Zayarwadi 10
Aunglan
123456