BestMedi

BestMedi

Share

Dementia ဦးနှောက်မှတ်ဉာဏ် လျော့နည့် ပျောက်ဆုံးလာခြင်း 05/04/2025

မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ (Dementia)
အကြောင်း သိကောင်းစရာ
ဘာကြောင့်ဖြစ်
ဘယ်လိုဖြစ်
လက္ခဏာ
ကာကွယ် ကုသခြင်း
အစားသောက်အနေထိုင်စသည့်အကြောင်းအရာများရေးသားထားခြင်းဖြစ်ပါသည်။
https://youtu.be/3c2eCcbQIps?si=0HIOpxzh_3BnVG99
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ ဆိုသည်မှာ
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါမှာ လူတစ်ဦး၏ မှတ်ဥာဏ်၊ သတိရှိမှု၊ နားလည် သဘောပေါက်မှု၊ စဉ်းစားတွေးတောနိုင်မှု၊ မှန်ကန်စွာ ချင့်ချိန်ဆုံးဖြတ်နိုင်မှုနှင့် ဘာသာစကား စွမ်းရည် (အရေး ၊ အဖတ် ၊ အပြော ) အစရှိသည့် ဦးနှောက်၏ စွမ်းရည်များတဖြည်းဖြည်း ဆုံးရှုံးမှု ဖြစ်လာသော ရောဂါတစ်ခု ဖြစ်ပါသည်။ယေဘုယျအားဖြင့် အသက် (၆၅) နှစ်ကျော်သော သူများတွင် ဖြစ်ပွားတတ်ပြီးအသက်ကြီးလေလေဖြစ်ပွားနှုန်း ပိုများလေလေ ဖြစ်ပါသည်။ မှတ်ဥာဏ်လျော့ပါးလာသော ရောဂါဖြစ်ပွား
သူများ၏ ၅၀%ခန့်မှ အယ်ဇိုင်းမား ရောဂါကြောင့်ဖြစ်ကြောင်း တွေ့ရှိရပါသည်။ ၂၀%ခန့်မှာ ဦးနှောက်သွေးကြောကျဉ်းခြင်းနှင့် ဆက်စပ်မှုရှိပြီး ယင်းတို့အနက် အများစုမှာ လေဖြတ်ရောဂါ ခံစားခဲ့ဖူးသူများ ဖြစ်ပါသည်။ အခြားအဖြစ်နည်းပြီး မှတ်ဥာဏ်လျော့ပါးလာသော ရောဂါများလည်းရှိပါသည်။အောက်ပါ အချက်များ ရှိနေလျှင် မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ ဖြစ်နေနိုင်ပါသည်။
(၁) သာမာန်ထက် ပို၍ မေ့လျော့တတ်ခြင်း
ဥပမာ - မနက်စာ စားပြီးမှန်း မသိ

(၂) စိတ်ခံစားမှု ပြောင်းလဲခြင်း
ဥပမာ - အကြောင်းမဲ့ ဝမ်းနည်းခြင်း၊
ကြောက်လန့်ခြင်း၊ ဒေါသထွက်ခြင်း။

(၃) လူမှုဆက်ဆံရေးတွင် အခက်အခဲရှိခြင်း
ဥပမာ - စကားပြောဆိုရာတွင် စကားလုံး ရှာဖွေရ ခက်ခြင်း၊ ပြောမည့် စကားလုံးကိုမေ့လျော့ခြင်း၊ လူနာမည်များ၊ အရာဝတ္ထုပစ္စည်းများ၏
အမည်များ မေ့လျော့နေခြင်း။

(၄) နေ့စဉ် လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင် ခက်ခဲခြင်း နေ့စဉ် လုပ်ငန်းဆောင်ရွက်ရမည်လုပ်ငန်းဆောင်တာများ ဆောင်ရွက်ရာတွင်သူတစ်ပါး အကူအညီမပါပဲ ဆောင်ရွက်ရန်ခက်ခဲခြင်း။ ဥပမာ - အဝတ်အစား ဝတ်ဆင်ရန်ခက်ခဲခြင်း၊ အစားအသောက် စားရန် မေ့နေခြင်း၊
အစားအစာ စားပြီးသော်လည်း မေ့နေခြင်း၊
ပစ္စည်းများ သိမ်းဆည်းထားပြီး မေ့နေခြင်း။-
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါလက္ခဏာများကို
ဖြစ်ခါစတွင် လူနာကိုယ်တိုင် သတိမထားမိတတ်ပဲ
မိသားစုများကသာ သတိထားမိတတ်ပါသည်။
ထိုကဲ့သို့သော ရောဂါလက္ခဏာများ တွေ့ရှိပါကတတ်ကျွမ်းနာလည်သော ဆရာဝန်များနှင့်
ပြသရန် လိုအပ်ပါသည်။
မှတ်ဥာဏ်လျော့ပါးလာသော ရောဂါကိုပျောက်ကင်းအောင် ကာကွယ်ကုသနိုင်သည့် နည်းများမှာမှတ်ဥာဏ်လျော့ပါးလာသောရောဂါအများစုမှာ လုံးဝ ပျောက်ကင်းအောင် ကုသ၍ မရသော်လည်း ရောဂါလက္ခဏာများ
သက်သာအောင် ကုသ၍ ရပါသည်။
မိသာစုများနှင့် ပြုစုစောင့်ရှောက်သူများ၏ အားပေးကူညီမှုသည် အလွန် အရေးကြီးပါသည်။
ကျန်းမာရေးနှင့် ညီညွတ်စွာ နေထိုင်စားသောက်ခြင်းဖြင့် လေဖြတ်ခြင်းကြောင့်ဖြစ်သော မှတ်ဥာဏ်လျော့ပါးလာသော ရောဂါကို ကာကွယ်၍ ရနိုင်ပါသည်။ လေဖြတ်နိုင်သေအကြောင်းများ ဖြစ်သည့် သွေးတိုးရောဂါ
၊သွေးချိုရောဂါများအား ထိရောက်စွာ ကုသခြင်း၊ဆေးလိပ်ဖြတ်ခြင်း၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ခြင်းတို့ဖြင့်လည်း ကာကွယ်နိုင်ပါသည်။
ဦးနှောက် သုံးရသော အလုပ်များ ပြုလုပ်ခြင်း
ဥပမာ - စာဖတ်ခြင်း၊ ဘာသာရပ်အသစ်များလေ့လာခြင်း၊ တေးဂီတ သီဆိုခြင်း၊ တီးခတ်ခြင်း နှင့်ကခုန်ခြင်း။
အပြည့်စုံကို အောက်ပါ video တွင်ကြည့်ရှုနိုင်ပါသည်။

Dementia ဦးနှောက်မှတ်ဉာဏ် လျော့နည့် ပျောက်ဆုံးလာခြင်း မှတ်ဥာဏ်လျော့ပါးလာသော ရောဂါ (Dementia) အကြောင်း သိကောင်းစရာဘာကြောင့်ဖြစ်ဘယ်လိုဖြစ်လက္ခဏာကာကွယ် ကုသခြင်းအစားသော...

08/01/2024

ဆီးချိုရှိသူတွေ သတိထားသင့်တဲ့လက္ခဏာတွေ
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ

ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။

ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။

ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။

ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။

အရေပြားပြဿနာဖြစ်မယ် -သွေးတွင်းသကြားဓာတ်မြင့်ပြီး ကိုယ်တွင်းရေဓာတ်နည်းသွားတဲ့အခါ အရေပြားခြောက်သွေ့တာ၊ ကွဲအက်တာ၊ အရေပြားယားယံတာ၊ အနာမကျက်တာတွေဖြစ်နိုင်ပါတယ်။

အမြင်အာရုံပြဿနာဖြစ်မယ် -သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ သွေးချိုမြင့်တက်မှုကြောင့် မျက်လုံး အတွင်းပိုင်းကသွေးကြောလေးတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။

ခြေကုန်လက်ပန်းကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း မြင့်သွားတဲ့အခါ အမျိုးအစား (၂) ဆီးချိုရောဂါ ရှိသူတွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်း နည်းသွားပြီး ခြေကုန်လက်ပမ်းကျ သွားနိုင်ပါတယ်။

အစာမကြေတာမျိုးဖြစ်မယ် -သွေးတွင်း သကြားဓာတ် မြင့်တက်မှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတား ဖြစ်စေပြီး အစာ ချေဖျက်မှုကို နှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊ အော့အန်တာတွေ ခံစားရနိုင်ပါတယ်။

သွေးတွင်း သကြားဓာတ် ကျနေတဲ့အခါ

ခြေကုန် လက်ပမ်း ကျမယ် -သွေးတွင်း သကြားဓာတ် အရမ်း ကျသွားတဲ့ အခါမျိုးမှာလည်း ခြေကုန်လက်ပမ်းကျ နိုင်ပါတယ်။

နှလုံးခုန် မမှန် ဖြစ်မယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ နှလုံး ခုန်နှုန်းက နှေးသွားပြီး နှလုံး မမှန်တာမျိုး ဖြစ်နိုင်ပါတယ်။

ကတုန်ကယင်ဖြစ်မယ် –ခြေဖျား လက်ဖျားတွေ အေးစက်ပြီး ခြေလက်တွေ တုန်တာကလည်း သွေးတွင်း သကြားဓာတ် ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာ တစ်ခုပါ။

ချွေးတွေအရမ်းထွက်နေမယ် -ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။

ဗိုက်ဆာမယ် – အစား ပြည့်ပြည့်ဝဝ စားထားရက်နဲ့ ဗိုက်ဆာတယ်လို့ ခံစားရတာက သွေးတွင်း သကြားဓာတ် နည်းနေတာကြောင့် ခန္ဓာကိုယ်က သွေးတွင်း သကြားဓာတ် လိုအပ်နေကြောင်း ပြသနေတဲ့ လက္ခဏာ တစ်ရပ်ပါ။

မအီမသာဖြစ်မယ် – ဗိုက်ထဲမှာ အော်ဂလီဆန်ပြီး မအီမသာ ခံစားနေရတယ် ဆိုရင် ဒါက သွေးတွင်း သကြားဓာတ် နည်းနေတဲ့ လက္ခဏာတစ်ခုပါ။

မူးဝေမယ် -သွေးတွင်း သကြားဓာတ် နည်းသွားတာကြောင့် ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့ အတွက် ခေါင်းမူးဝေရတာပါ။

စိတ်ရှုပ်ထွေးမယ် -သွေးတွင်း သကြားဓာတ် ကျသွားတဲ့အခါ အာရုံ ရှုပ်ထွေးတာတွေ၊ ပလုံးပထွေး စကားပြောတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။
to original uploader

Want your practice to be the top-listed Clinic in Ahlone?
Click here to claim your Sponsored Listing.

Category

Telephone

Website

Address

Ahlone