ke ke
25/01/2026
သားကောင်းဖြစ်ဖို့ကြိုးစားရင်း၊လင်ကောင်းဖြစ်ဖို့မမေ့ပါနဲ့
"အမေကိုချစ်ပါ ၊လုပ်ကျွေးပါ၊ဇနီးသည်ကို တန်ဖိုးထား ကာကွယ်ပေးပါ။
အိမ်ထောင်ပြုပြီးတဲ့အမျိုးသားတစ်ယောက်အတွက်အခတ်ခဲဆုံးနဲ့ အရေးကြီးဆုံးက" အမေ"နဲ့" ဇနီး"ကြားမှာ မားမားမတ်မတ်ရပ်တည်နိုင်ဖို့ပါ။
တော်တော်များများ မှားတတ်ကြတာက" အမေက တစ်ယောက်ပဲရှိတာ မိန်းမ ဆိုတာ အပြင်လူဆိုတဲ့အယူအဆပါ။
တကယ်တော့ ဇနီးဆိုတာ အပြင်လူမဟုတ်ပါဘူး။
သင့်ဘ၀ရဲ့တစ်သက်သာ လက်တွဲဖော်ဖြစ်ပါတယ်။
☝️"ဇနီး သည်ရဲ့ ပေးဆပ်မှုကိုမေ့မထားပါနဲ့"
သူမဟာ သင့်ကိုချစ်တဲ့ စိတ်တစ်ခုတည်းနဲ့ သူမနေသားတကျရှိခဲ့တဲ့ မိသားစုကို စွန့်ခွာပြီး သင့်ဆီရောက်လာတာပါ။
သင့်မိသားစုထဲမှာ သူမဟာ အထီကျန်နေတတ်ပါတယ်။
သူမမှာ အားကိုးရာဆိုလို့ သင် တစ်ယောက်ပဲ ရှိတာပါ။
အခြားသူတွေရဲ့ ဝေဖန်မှု၊အပစ်တင်မှု တွေကြားမှာ သင်ကိုယ်တိုင်ကပါ သူမ လက်ကို လွတ်ချလိုက်ရင် သူမ အတွက် ဘယ်လောက်တောင် ရင်နာစရာ ကောင်းမလဲဆိုတာ တွေးကြည့်ပါ။
✌️ "အမေကို ဂရုစိုက်ခြင်းနဲ့ ဇနီးကို နေရာ ပေးခြင်း"
အမေ့ကိုသိတတ်တာဟာမွန်မြတ်တဲ့စိတ်ထားပါ။
ဒါပေမဲ့ အမေ့ကို ချစ်ပြဖို့နဲ့ ဇနီးသည်ကို အနှိမ်ခံ၊အပြောခံ ဖြစ်အောင် မလုပ်ပါနဲ့။
နေရာပေးပါ :အိမ်တွင်းရေးကိစ္စတွေမှာ ဇနီးသည်ကို ဉီးစားပေး ဆုံးဖြတ်ခွင့်ပေးပါ။သူမဟာ အိမ်ရဲ့အရှင်သခင်မ ဖြစ်ပါစေ။
ကာကွယ်ပါ: ဘယ်သူကပဲဖြစ်ဖြစ် ကိုယ့်မိသားစု၀င်ပဲဖြစ်ဖြစ် ကိုယ့် ဇနီးကို မလေးမစားလုပ်လာရင် ယောက်ျားပီပီ ကြားကနေ ကာကွယ်ပေးပါ။
ဒါဟာ ရိုင်းတာမဟုတ်ပဲ ကိုယ့်အိမ်ထောင်စုကို တန်ဖိုးထားတာပါ။
"မွေးမိခင်ကို လုပ်ကျွေးတာဟာ 'တာ၀န်' ဖြစ်ပြီး၊ဇနီးသည်ကို ကာကွယ်ပေးတာဟာ 'သစွာတရား' ဖြစ်တယ်။
ဇနီးသည်တစ်ယောက်အတွက် အလိုအပ်ဆုံးက ငွေကြေးထက် နောက်မှာ မားမားမတ်မတ် ရပ်တည်ပေးမဲ့ ယောက်ျားတစ်ယောက်ရဲ့ ခိုင်မာတဲ့ေမတ္တာပါ...
Click here to claim your Sponsored Listing.