The Car Addicts
15/04/2026
No Hybrids. Not Electric. Pure ICE power. 🦅🇺🇸
800+ hp Twin Turbo V6 နဲ့အတူ နေးဘားဂရင်းမှာ ကမ္ဘာ့အမြန်ဆုံး ICE ပြိုင်ကား ဖြစ်လာတဲ့ ford GT MK IV
6:15.977 ဆိုတဲ့ lap time က overall lap record တွေအားလုံးထဲမှာလည်း Porsche 919 "hybrid" evo နဲ့ VW ID.R (electric) တို့ပြီးရင် တတိယ အမြန်ဆုံးပဲ
track only ပြိုင်ကားဖြစ်တဲ့အလျောက် Nürburgring ရဲ့ policy အရ "prototype" category အောက်မှာ ဝင်ပြီး hp 2000 ထွက်တဲ့ Lotus Evija ထက် 10 စက္ကန့်၊ "production" category မှာ အမြန်ဆုံး AMG One ထက် 14 စက္ကန့်နီးပါး ပိုမြန်တယ်
Corvette ZR1 နဲ့ လူတွင်ကျယ်လုပ်လာတဲ့ chevy ကို ford က ပြန်တုံ့ပြန်တဲ့ ခြေလှမ်းတစ်ခုပေါ့
(အချိန်မှားရောက်လာခဲ့တဲ့ ကားတစ်စီးလို့ ဆိုရမယ့် Ford GT (Road Version) အကြောင်းကိုတော့ ကောမန့်မှာ link ထည့်ပေးထားပါမယ်)
956 ဆိုတဲ့ 1980 လောက်က porsche race car ကြီးတစ်စီးက အဲဒီခေတ်မှာထဲက 6:11.13 ဆိုတဲ့ record ကိုရထားခဲ့ဖူးတာကြောင့် technically 956 က အမြန်ဆုံး ICE ကား ဖြစ်ရမယ်ဆိုပေမယ့် သီးသန့် record run မောင်းတာမဟုတ်ပဲ ပြိုင်ပွဲ qualifying အတွင်းမှာ ရထားတဲ့ lap time ဖြစ်နေလေတော့ Nürburgring ရဲ့ "Qualifying" Category အောက်ကို ဝင်သွားတာကြောင့် GT MK IV ကပဲ official record holder ဖြစ်လာခဲ့ပါကြောင်း...
30/03/2026
စစ်ကြို၊ စစ်ပြီးခေတ် 20 ရာစု အစောပိုင်းနှစ်တွေမှာ Cadillac ရဲ့ ဇိမ်ခံကားကြီးတွေဟာ ကမ္ဘာ့အကောင်းဆုံး၊ အရှိန်အဝါအကြီးဆုံး ဆိုတဲ့ ဂုဏ်ကို ပိုင်ဆိုင်ခဲ့ကြပါတယ်
1930 မှာ Rolls Royce တောင်မှ သူတို့ရဲ့ Phantom ll ကို inline 6 အင်ဂျင်လေးနဲ့ထုတ်နေရတဲ့အချိန် Cadillac က ဆယ့်ခြောက်လုံးထိုး V16 အင်ဂျင်ကြီးကို Production ကားမှာ ပထမဆုံး စသုံးခဲ့ကာ industry ကို ရှေ့ဆုံးကနေ ဦးဆောင်ခဲ့တာဖြစ်ပါတယ် Bentley ရဲ့ founder Walter Owen Bentley ဆိုရင် Cadillac V16 ဟာ သူမောင်းဖူးသမျှထဲ အကောင်းဆုံးကားလို့တောင် ပေါ်ပေါ်တင်တင် ဝန်ခံ၊ ချီးကျူးခဲ့ရဖူးပါတယ်
Inline 8 အင်ဂျင်နှစ်လုံးကို 45° narrow angle မှာ ဆက်ထားပြီး တစ်ခြမ်းဆီ independently အလုပ်လုပ်တာကြောင့် အင်ဂျင်တစ်ခြမ်းပျက်စီးသွားရင်တောင် နောက်တစ်ခြမ်းနဲ့ ဆက်လက်မောင်းနှင်နိုင်မှာပါ အဲဒီအပြင် vavle lash adjustor တွေကလည်း Hydraulic ဖြစ်တာကြောင့် အင်ဂျင်ကြီးက displacement ကြီးသလောက် အင်မတန် ညက်ညောတဲ့အင်ဂျင်တစ်လုံးဖြစ်ပါတယ် spark plug ရဲ့ ဝိုင်ယာကြိုးတွေ၊ fuel line ၊ manifold တွေအထိပါ cover plate တွေနဲ့ ဖုံးပေးထားလို့ ဘောနက်ဖွင့်လိုက်တာနဲ့ ကားပိုင်ရှင် လူကုံထံတွေဟာ သူတို့ရဲ့ ဂုဏ်ယူဖွယ်ရာ အမေရိကန်ဖြစ် engineering artwork ကြီးတစ်ခုကို ခမ်းခမ်းနားနား ရှုစားနိုင်လိမ့်မယ်လို့ Cadillac က ဆိုခဲ့ဖူးပါတယ်
စစ်ပြီးခေတ်မှာလည်း Cadillac ဟာ ကမ္ဘာ့ထိပ်တန်း မော်တော်ကားကုမ္ပဏီကြီးအဖြစ် ဆက်လက်ရပ်တည်ကာ El dorado Brougham ဆိုတဲ့ flagship ဇိမ်ခံကားကြီးတစ်စီးကို 1957 မှာ ထပ်မံမိတ်ဆက်ခဲ့ပြန်ပါတယ် အစအဆုံး လက်နှင့်တပ်ဆင်ကာ အရေအတွက်အနည်းငယ်သာ ကန့်သတ်ထုတ်လုပ်ခဲ့တဲ့ မော်ဒယ်ဖြစ်ပြီး GM ရဲ့ ကမ္ဘာ့ပထမဆုံး နည်းပညာမြောက်များစွာပါဝင်တဲ့ ကားတစ်စီးလည်း ဖြစ်ပါတယ်
ကမ္ဘာ့ပထမဆုံး self leveling air suspension
ရှေ့ကားလာရင် မီးချပေးမယ့် Autronic Eye
Transistorized radio
Memory Seats
နေထိုးတဲ့အခါ ငွေရောင်သရဖူတစ်ခုလို တောက်ပနေမယ်လို့ဆိုတဲ့ Brushed stainless steel roof
B pillar ပျောက် rear hinged su***de doors
Glove box ထဲ ထည့်သိမ်းလို့ရတဲ့ silver plated magnetic tumbler တို့လို နောက်ဆုံးပေါ် latest and greatest luxury feature တွေနဲ့အတူ
1957 မှာ Rolls Royce Silver Cloud ဝယ်ရင် မင်းက "မနေ့က အကောင်းဆုံး" ကိုပဲ ရမှာဖြစ်ပြီး El dorado Brougham ဝယ်ရင်တော့ "မနက်ဖြန်ရဲ့ အကောင်းဆုံး" ကိုရနိုင်မယ်လို့ ကြွေးကြော်ရင်း ဇိမ်ခံကားတို့ရဲ့ စံနှုန်းသစ်တွေကို ချမှတ်ကာ ရှေ့ဆုံးက ပြေးခဲ့ပြန်ပါတယ်
El dorado Brougham တစ်စီးရောင်းရတိုင်း Cadillac ဟာ ကန်ဒေါ်လာ တစ်သောင်း (ယနေ့တန်ဖိုး: တစ်သိန်းသုံးသောင်း) ရှုံးပေမယ့် အဲဒီခေတ်က အမေရိကန်တို့ရဲ့ စက်မှုစွမ်းအားကို ကမ္ဘာကို ချပြဖို့အတွက် အမြတ်ငွေကို ပြတ်ပြတ်သားသား လျစ်လျူရှုခဲ့တယ်လို့ ဆိုရမှာပါ
လမ်းပေါ်မှာ ယှဉ်သွားနေရင်၊ five star ဟိုတယ်တွေ၊ အစိုးရ အဆောက်အဦးကြီးတွေရဲ့ ဆင်ဝင်အောက်ထဲ မောင်းဝင်လာရင် အကုန်လုံးကို ဖြုံသွားစေတဲ့ အရှိန်အဝါမျိုးပေးနိုင်တာကလည်း အဲဒီခေတ် အမေရိကန်ဇိမ်ခံကားကြီးတွေမှတစ်ပါး အခြားမရှိပါဘူး အမေရိကန်သမ္မတရဲ့ စီးတော်ယာဉ်ဟာ Cadillac One ပါ
ဒီလိုနည်းနဲ့ မော်တော်ကားတွေကို "ပို့ဆောင်ဆက်သွယ်ရေး" ထက် သူဌေးသူကြွယ်တွေ မိမိ status ကိုအပြိုင်အဆိုင် ဖော်ပြကြတဲ့ "ဇိမ်ခံအသုံးအဆောင်ပစ္စည်း" တစ်ခုအဖြစ် Cadillac က စတင်ပြောင်းလဲပေးခဲ့ပြီး Rolls Royce, Bentley, Mercedes Benz တွေက အတုယူရခဲ့တဲ့ ကားကုမ္ပဏီကြီးတစ်ခု ဖြစ်ခဲ့ပါတယ်
ကံမကောင်းစွာနဲ့ပဲ GM group ရဲ့ ဘဏ္ဏာရေး အရှုပ်အထွေး၊ ကမ္ဘာ့စီးပွားရေးပျက်ကပ်၊ ဂျပန်၊ ဂျာမန်ပြိုင်ဖက်တွေရဲ့ ထိုးနှက်မှု စတဲ့ ကိစ္စတွေကြောင့် 2000 ခုနှစ် အစောပိုင်းမှာတော့ Cadillac ရဲ့ ရွှေခေတ်တစ်ခေတ် နိဂုံးချုပ်ခဲ့ရပါတယ်
ယခု Celestiq ဟာ V16, El dorado တို့လို့ Cadillac ရဲ့ သမိုင်းမှာ အကောင်းဆုံးဖြစ်ခဲ့တဲ့ ဇိမ်ခံဆီဒန်ကားကြီးတွေရဲ့ အစဥ်အလာကို ပြန်လည်ဖော်ဆောင်ဖို့ ရည်ရွယ်တဲ့ full size ultra luxury sedan အဖြစ် ထွက်ပေါ်လာခဲ့ပါပြီ
တစ်ပုံချင်းစီမှာဆက်လက်ဖတ်ရှူပါ
Click here to claim your Sponsored Listing.