SAPNO
02/09/2022
門前仲町
護摩焚きが最高🔥
深川不動堂
🌹ဒီတစ်ခါတော့ monzennakachouမှာရှိတဲ့ ဘုရားကျောင်းလေးကိုတင်ပေးထားပါတယ်။
ဒီဘုရားကျောင်းဟာ နာရီတာအပြည်ပြည်ဆိုင်ရာလေဆိပ်ရှိရာနာရီတာမြို့က နာရီတာဆန် ရှင်းရှိူဂျိဘုရားကျောင်းရဲ့တိုကျိုကျောင်းခွဲ(成田山新勝寺 東京別院)ဖြစ်ပါတယ်။ တန္တရဗုဒ္ဓဘာသာဂိုဏ်းဖြစ်တဲ့ရှင်ဂွန်းဂိုဏ်းရဲ့ ဘုရားကျောင်းဖြစ်ပြီး အကာလဝိဇ္ဇာ လို့ခေါ်တဲ့ ဖူဒိုမျောရဲ့ရှေ့မှာပြုလုပ်တဲ့ မီးသန့်စင်ပူဇော်ပွဲ (ဂိုးမားသို့ ဟိုးမား護摩) ကိုတက်ရောက်ပူဇော်နိုင်ပါတယ်။
မကောင်းတဲ့အတိုက်အခိုက် အညံ့တွေကို မီးရှို့ပြီးဖယ်ရှားကာ ကောင်းတဲ့အလင်းဓါတ်တွေရရှိစေဖို့ဆုတောင်းကြတာပဲဖြစ်ပါတယ်။ ယခင်ကပူေဇာ်ပွဲကိုတနေ့ (၅)ကြိမ်ပြုလုပ်လေ့ရှိပြီး ယခု ကိုရိုနာကပ်ရောဂါအချိန်မှာတော့ တနေ့ (၄)ကြိမ်သာ ပြု လုပ်ပါတော့တယ်။
🤔
ပူဇော်ပွဲအချိန်မှာ ဘုန်းကြီးတွေက စည်တွေတီးပီးတရားစာေတွမန္တန်ေတွရွတ်ဖတ်ပူေဇာ်ကြပြီး လူအများရဲ့ဆုတောင်းစာရေးထားတဲ့ ဟိုးမားပူဇော်တဲ့သစ်သားချောင်းတွေကို မီးရှို့ပူဇော်ကြတာဟာအံ့ဩဖွယ်ရာအတိနဲ့ စိတ်နှလုံးကိုရှင်းလင်းစေကာ အင်အားများရရှိလာသလိုခံစားစေရပါတယ်တယ် ။
🙏မင်မင်ကတော့ အဆင်မပြေတာတွေ အလုပ်အတွက်တို့ ကျန်းမာရေးအတွက်တို့သွားဆုတောင်းဖြစ်တယ် 🙏
😘ပူဇော်ပွဲကတစ်နေ့ကိုေလးခါ(၉/၁၁/၁/၃နာရီ)လုပ်ပါတယ်။
သွားဖြစ်မယ်ဆိုကိုယ်သွားမဲ့နေ့အတွက်အဆင်ေပြတဲ့အချိန်ေလးကိုအေရာက်ချိန်မှန်းပီးသွားပါနော် ။
စိတ်မွန်းကျပ်ပင်ပန်းပြီးအရာရာအဆင်မပြေဖြစ်လာရင် စိတ်ထွက်ပေါက်တစ်ခုအနေ သွားရောက်လေ့လာရင်းဆုတောင်းပြီးအညံ့တွေဖြေဖျောက်နိုင်ဖို့ ဗုဒ္ဓဘာသာဘုရားကျောင်းတစ်ခုအဖြစ်ညွှန်းဆိုပေးလိုက်ပါရစေနော်
🚉ဘူတာကတော့(TakadanobabaကနေTozaiလိုင်းစီးရင် မိနစ်၂၀ပါ)💫monzennakacho station 💁♀️fukagawa fudoudo exit ကနေထွက်ရင်ချက်ချင်းရောက်ပါတယ်နော်
#深川不動堂
#東京
25/08/2022
ကဲ အသဲလေးတို့ရေ
🥰ဒီနေ့မှာတော့ တိုကျိုရောက်ရင်သွားကိုသွားလည်ရမဲ့နေရာလေးတွေကိုListလေးလုပ်ပေးလိုက်တယ်နော်🤩
1.Kamaku Daibutsu
2.Enoshima Beach
3.Asakusa
4.Akihabara
5.Shibuya
6.Shinjyuku Gyouen
7.Meiji jingu Shrine
8.Tokyo Tower
9.Ueno Park
10.Tokyo Skytree
11.Odaiba
12.Tokyo Imperial Palace
🤎Tokyoရောက်ရင်တော့ဒီနေရာလေးတွေကိုမရောက် ရောက်အောင်သွားကြည့်ပါနော်🤎
ဟိတ် ခေးတွေ ဂျပန်မှာအလုပ်သွားရမှာပျင်းတဲ့နေ့ သွားချင်လာမဲ့ဂါထာပေးမယ်🤪
👉အလုပ်ကတစ်နာရီစာ¥၁၂၀၀ ရတယ်ဆိုပါစို့
ရွတ်ရမဲ့ဂါထာက 👉👉 (၁၂၀၀¥)👈👈👈
🙈သွားချင်စိတ်ဖြစ်မလာမချင်းရွတ်ရမယ်နော်🤣
19/08/2022
Hello japanစာသင်နေတဲ့အချစ်လေးတို့ရေ 🤩
ဒီတစ်ခါတော့ ဂျပန်ရောက်ကာစကကြုံရတဲ့အလွဲလေးတစ်ခုကိုသတိပြန်ရသွားလို့ စာလေးရေးပါမယ်🤭🤭
အချိန်ပိုင်းအလုပ်တစ်ခုမှာ customerက ကိုယ့်ရဲ့အသက် ?ဘယ်တုန်းကဂျပန်ရောက်တာလဲ? かわいい(ချစ်ဖို့ကောင်းတယ်)ရည်းစားရှိလားဘာညာမေးတယ်ပေါ့နော်
နောက်ဆုံးကောင်လေးကသူနဲ့တွဲမလားဆိုပီး စတဲ့အခါ ဘေးကဂျပန်မလေးက 可哀想(かわいそう=သနားဖို့ကောင်းတယ်)よမစပါနဲ့ဆိုပီးကိုယ့်ဘက်ကပြောပေးတာကို အဲ့တာလဲထင်လိုက်တာ かわいいနဲ့အဓိပ္ပာယ်တူပါပဲပေါ့😂😂😂
confidence level so highပါပဲ အဟိ🙈🤫🤫🤫
အိမ်ပြန်ရောက်မှ 辞書 (Dictionary )ပြန်ရှာတော့မှကိုယ့်အဖြစ်ကိုတွေးပီးရယ်ရတာအူတက်နေရောပဲ🤧🥴
ခုဂျပန်စာလေ့လာနေတဲ့သူတွေရော ဂျပန်ရောက်နေတဲ့သူတွေထဲမှာရော ဒါမျိုးအလွဲလေးတွေရှ်ိခဲ့ဖူးလားဟင်🤔🤔
15/08/2022
Hello 👋 👋 👋
💁♀️💁♀️💁♀️Saitamaခရိုင် Hannoမြို့မှာရှိတဲ့ Tove Jansson Akebono Children’s Forest Park အကြောင်းreview ရေးချင်ပါတယ် ✨
👉ကမ္ဘာကျော်ကလေးပုံပြင်ကာတွန်းတွေကိုဖန်တီးရေးတဲ့နာမည်ကျော်ဆရာမကြီးTove Jasson ရဲ့ Moomin ကာတွန်းဇာတ်ကောင်နဲ့ အဆောက်အဦးလေးတွေကိုအခြေခံဖန်တီးထားတဲ့ပန်းခြံလေးပါနော်🤩🤩🤩
⚡️ကလေးတွေအတွက်အဓိကဖန်တီးထားပေမဲ့ မိသားစုနဲ့ပဲဖြစ်ဖြစ် သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် အပန်းဖြေဖို့အကောင်းဆုံးပါပဲနော်💯
💟စနေတနင်္ဂနွေနဲ့ရုံးပိတ်ရက်တွေဆိုရင် ညဘက်တွေမှာပန်းခြံတစ်ခုလုံးကိုLighting Up လုပ်တဲ့အစီအစဉ်ရှိတာမို့အရမ်းလှပါတယ်နော်
🍄🍄🍄မှိုပုံစံအိမ်လေးတွေနဲ့ ကာတွန်းထဲကအဆောက်အဦးပုံစံတွေဖန်တီးတည်ရှိတာကြောင့်သွားလည်တဲ့အခါမှာတကယ်ကာတွန်းထဲရောက်သွားသလိုစီးမျောခံစားရမှာပါ😎
⛰ ⛰ Asahi yama တောင်ကိုလှမ်းမြင်နိုင်တဲ့ viewpointလေးလဲရှိပါတယ်နော်
အဲ့ဒီပေါ်ကနေမှ Hanno တစ်မြို့လုံးကိုမြင်ရသလို နေသာနဲ့အချိန်မှာဆို Skytree ကိုပါမြင်နိုင်ပါတယ်
☕coffee ဆိုင်လှလှလေးလဲရှိတော့ အဆင်ပြေတာပေါ့ရှင်😍
#あけぼの子どもの森公園
🚃🚃Seibu ikebukuro စီးမယ်ဆိုရင်တော့ motokaji ဘူတာမှာဆင်းရမှာဖြစ်ပါတယ်ရှင့်
ここをクリックしてあなたのスポンサー付きリスティングを獲得。