Chris By R&E

Chris By R&E

共有する

22/05/2026

မကြာမှီ Content Video လာပါမည်။ ဒါလေး အရင် ဖတ်ထားကြ တချိူ့ အချက်တွေက ပြောဖို့ ကျန် ခဲ့ တတ်လို့ပါ။

POWER (3)မျိူး အကြောင်း (ပြန်တင်ပေးလိုက်ပါပြီး)/
Electrical Power (၃)မျိူးအကြောင်း။

1.Real Power (KW) P
2.Reactive Power (KVAR) Q
3.Apparent Power(KVA) S

1.S,Q,P အကြောင်း သိမှ လုပ်ငန်းသုံး အဆောက်အဦး တစ်ခု အတွက် လိုအပ်သည့် KW ဘယ်လောက် အသုံးပြုနိုင်သည်ကို တွက်ချက်နိုင်ပါမည်။

2. S power ကို သိရှိမှ KW power အတွက် ကြားခံ Power များဖြစ်သော Transformer KVA ကို တွက်နိုင်ပြီး S,P Power ကို သိမှလဲ KVAR မည့်မျှ လိုအပ်သည်ကို တွက်ချက်နိုင်မည် ဖြစ်ပါသည်။

အောက်ဖော်ပြပါ အတိုင်း တွက်ချက်နိုင်ပါသည်။

(1.Kilowatt (KW)
Real Power (အမှန်တကယ်သုံးနေတဲ့ အင်အား)
Power = Voltage × Current × cosφ

2.Kilovolt-Ampere Reactive (KVAR)
Reactive Power (မသုံးပေမဲ့ လည်ပတ်ဖို့လိုတဲ့ အင်အား)
Power = Voltage × Current × sinφ

3.Kilovolt-Ampere (KVA)
Apparent Power (စုစုပေါင်းအင်အား)
Power = Voltage × Current )

ချိတ်ဆက်ပုံ

အဲဒီသုံးခုကို Power Triangle (တြိဂံ)ပုံ နှင့် ရှင်းလင်းနိုင်ပါတယ်။
Copy code

|\
| \
Q | \ S (kVA)
(kVAR) | \
| \
|_____ \
P (kW)

P = KW (Real Power) → တည်ရာအောက်ဘက်အရပ် (Horizontal axis)

Q = KVAR (Reactive Power) → တည်ရာအပေါ်ဘက်အရပ် (Vertical axis)

S = KVA (Apparent Power) → သုံးထောင့်အနားဖြစ်တဲ့ Hypotenuse

(Formula)

S² =P²+Q²
KVA² = KW² + KVAR²
KVA =√KW²+ KVAR²

Power Factor (φ) ကို
sinφ = √KVAR}{KVA}

ဉပမာ – မီတာတစ်လုံးမှာ 10 kW Load ရှိပြီး Power Factor = 0.8 ဖြစ်တယ်ဆိုလျှင်

KVA = KW / PF
= 10kw / 0.8
= 12.5 KVA

KVAR = √(KVA² - KW²)
= √(12.5² - 10²)
= 7.5 KVAR

ဆိုလိုရင်း
(၁)လိုအပ်သည့် Appatrent power သိချင်ပါက Real power ကို power Factor နှင့်စားခြင်းဖြင့် သိနိုင်ပါသည်။
(၂) Reactive Power ကို သိချင်ပါက KVAR Fomula
အရ လို အပ်သော Q (Energy )ကို သိရှိနိုင်ပါသည်။

ထပ်မံဖြည့်စွပ်နိုင်ပါသည်။
ူမည်ဆိုပါက Creative ပေးပါရန်။

Chris By R&E






See less

Photos from Chris By R&E's post 19/05/2026

၂၂နှစ်ကြာ ဝေးကွာခဲ့ သော Gunners တို့၏ ပျော်ရွှင်ဖွယ် ညချမ်း ..
အာစင်ဝင်းဂါး ခောတ် ‌လောက်ပေါ့ ကျတော် အထက်တန်းကျောင်းတက်ချိန် ၉တန်းလောက်မှာဆရာကြီးနှင့် လှိုင်သာယာ လက်ဖက်ရည် တစ်နေရာမှာ စပြီး ဒီအသင်းကို စကြည့်ဖြင့် ခဲ့ပါတယ်။
အဲ့အချိန် လောက် ဘောပွဲကို စပြီးကြည့်ဖြင့်ခဲ့ပေမယ့် ငယ်သူငယ်ချင်းတွေက တော့ ကိုယ့်ထက် စောပြီး ဘောလုံးပွဲ ကြည့်တာ ဝါသနာ ပါကြတော့ အသီးသီး သူ့တို့ အသင်းကိုယ်စီ နဲ့ပေါ့ ..တချိူ့က မန်ယူ /တချိူ့က မန်စီးတီး/လီဗာဘူး/ချဲ့စီး စသဖြင့် ကိုယ်ဆီ အသင်းတွေ ရှိကြတယ်။
ကိုယ့်ကတော့ ဘောလုံးပွဲကို ကြည့်ဖြင့်အောင် /ဝါသနာ ပါအောင် ဆွဲဆောင် ခံ ခဲ့ရတာတော့ အာစင်ဝင်းဂါး၏ အာဆယ်နယ် အသင်းပါပဲ။အဲအချိန်က စပြီး အားပေးခဲ့တာ ဒီနှစ်တော့ ကိုယ့် အသင်းက လုပ်ပြနိုင်ခဲ့ပြီးကွာ။
ပျော်ရွှင်စရာ ညချမ်းပါ။
#ဒီလိုည မှာ ဘောလုံးအတူ ကြည့်ခဲ့ဖူးတဲ့ #ဆရာကြီးကို သတိရလိုက်တာ။ အခုတော့ ကိုယ့်၏ ဆရာကြီး မရှိတော့ဘူး ဒီညကတော့ ဝမ်းသာ/ဝမ်းနည်း ပေါ့ဗျာ။

あなたの事業をメディア会社のトップリストChuo-kuにしたいですか?
ここをクリックしてあなたのスポンサー付きリスティングを獲得。

ウェブサイト

住所

Chuo-ku, Tokyo