Burma Human Rights Network
တော်လှန်သူတို့ အသံ ပေါ့ကပ်စ်အစီအစဥ် (၅၀)
ယခုတပတ်ရဲ့ Podcast (ပေါ့ကပ်စ်) အစီအစဉ်ကနေ "တော်လှန်သူတို့အသံနှင့် အရင်းအနှီးကြီးသည့် ဖက်ဒရယ်ခရီးအတွက် စကားသံ” ဆိုတဲ့ အကြောင်းကို ဦးတည်ပြီး ဝါရင့်ပင်လုံသမိုင်းကြောင်းနှင့် ဖက်ဒရယ်ဒီမိုကရေစီရေး ကျွမ်းကျင်သူ ဆလိုင်းကစ်ပ်ကို ဖက်ဒရယ်ဂျာနယ်၊ မြန်မာက ဖိတ်ခေါ်ပြီး စကားစမြည် ဆွေးနွေးတင်ဆက်ထားပါတယ်။
အခုအစီအစဥ်မှာတော့ ဒေသပေါင်းစုံ နယ်ပယ်အသီးသီးက တော်လှန်သူတို့ရဲ့ အသံများကို ဖော်ပြပေးနေသလို တော်လှန်ရေးမှာ ပါဝင်နေမှု အခြေအနေများ၊ မြေပြင်ကြုံတွေ့ နေရတဲ့ အတွေ့အကြုံ၊ နိုင်ငံရေး အတွေးအမြင်များ၊ ခံယူချက်တွေနှင့် စပ်လျဉ်းပြီး ဆွေးနွေး တင်ဆက်ပေးထားတာပါ။
ဒါ့အပြင် အခုအစီအစဉ်ကို ဗုဒ္ဓဟူးနေ့ ည မြန်မာစံတော် ချိန် ၇ နာရီမှာ ဖက်ဒရယ်ဂျာနယ်၊ မြန်မာနဲ့ မိတ်ဖက် မီဒီယာများ၊ အဖွဲ့ အစည်းများရဲ့ သတင်း ကွန်ရက် စာမျက်နှာတို့ကနေ တပြိုင် နက် ထုတ်လွင့် တင်ဆက် ပေးသွားမှာဖြစ်လို့ စောင့်မျှော် ကြည့်ရှု နားဆင်နိုင်မှာ ဖြစ်ကြောင်း သတင်းကောင်း ပါးအပ်ပါတယ်။
#မိတ်ဖက်_မီဒီယာ #မိတ်ဖက်_အဖွဲ့အစည်း
#တော်လှန်သူတို့ရဲ့_အသံ_ပေါ့ကပ်စ်အစီအစဥ်
28/01/2026
ရွေးကောက်ပွဲအလွန်ကာလ မြန်မာ့နိုင်ငံရေးအခင်းအကျင်း
***********************************************
(ဆွေးနွေးပွဲ စကားဝိုင်း)
မြန်မာ့နွေဦးတော်လှန်ရေးဟာ များမကြာမီကာလမှာ ၅ နှစ်ပြည့်တော့မှာဖြစ်ပြီး ပြည်သူလူထုနေဖြင့် ငွေအား၊ လူအား၊ အကြံဉာဏ်အားများအပြင် ဘဝတွေ အသက်တွေ စတေးပြီးပါဝင် ပေးဆပ် တာဝန်ကျေသည်ထက် ပိုနေပြီးပဲ ဖြစ်ပါတယ်။ တော်လှန်ရေးဆိုတာကတော့ မပြီးဆုံးနိုင်တဲ့ တာဝန်တစ်ရပ်ပဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အကြမ်းဖက်စစ်အုပ်စုဟာ ပြည်တွင်းနှင့် နိုင်ငံတကာအသိုင်းအဝိုင်းအားလုံးက အသိအမှတ်ပြုမှုမရှိပေမယ့် စစ်အာဏာရှင်တွေရဲ့ လုပ်ထုံလုပ်နည်းများအတိုင်း မဖြစ်ဖြစ်အောင် ရွေးကောက်ပွဲမဟုတ်သော ရွေးချယ်ပွဲကို မရအရအဓမ္မရော ဇွတ်ရော ကြိုးစားပမ်းစားပြုလုပ်ကျင်းပခဲ့တာလည်း ဖြစ်ပါတယ်။ အခုလက်ရှိ ရွေးကောက်ပွဲအလွန်ကာလအတွင်း ကြုံတွေ့ခံစားရနိုင်တဲ့ စိန်ခေါ်မှုတွေ၊ ရွေးကောက်ပွဲအလွန်ကာလ တိုင်းပြည်အခင်းအကျင်းနှင့် ၅ နှစ်ပြည့်ပြီဖြစ်တဲ့ နွေးဦးတော်လှန်ရေးအရွေ့များအကြောင်းကို လူငယ် လူကြီး မျှတစွာပါဝင်ပြီး ဒီတစ်ပတ် BHRN ရဲ့စကားဝိုင်းမှာ တင်ပြဆွေးနွေးသွားကြမှာလည်း ဖြစ်ပါတယ်။
ပါဝင် ဆွေးနွေးမယ့်သူတွေကတော့ -
- ကိုမိုးထက်နေ
(သုတေသနနှင့်နိုင်ငံရေးအကြံပေး - Nyan Lynn Thit Analytica )
- ကိုအောင်သူရ
(စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေးအထွေထွေသပိတ်ကော်မတီ - GSC
- Jenny Lynn
- ခွန်ဟိဏ်း
တို့ဖြစ်ပြီး
Moderator အဖြစ်
မော်လဝီဆရာစိုးနေဦးက ဆောင်ရွက်သွားမှာဖြစ်ပါတယ်။
ဒီစကားဝိုင်းကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၂၉ ရက်(ကြာသပတေးည) 7:00 PM (YGN Time)/ 7:30 PM (BKK Time)မှာ Zoom ကတဆင့် ဆွေးနွေးသွားမှာဖြစ်ပြီး အစီအစဉ်ထုတ်လွှင့်မှုကို BHRN FB Page မှာ Live လွှင့်သွားပါမယ်။
အလားတူ မိတ်ဖက်မီဒီယာတွေဖြစ်တဲ့ Mizzima, Khit Thit Media, Myanmar Press Agency (MPA), MeKong News, Than Lwin Times, Than Lwin Khet, Federal Journal နှင့် People Radio Myanmar တို့မှာလည်း တပြိုင်နက် တင်ဆက်သွားပါမှာ ဖြစ်ပါတယ်။
ဒီစကားဝိုင်းကို တိုက်ရိုက်ထုတ်လွှင့်ခွင့်ပေးတဲ့ မိတ်ဖက်မီဒီယာများကို BHRN က အထူးပဲ ကျေးဇူးတင်ရှိပါတယ်။
- BHRN
၂၀၂၅ ခုနှစ် ဒီဇင်ဘာလအတွင်း
စစ်တပ်၏ လူ့အခွင့်ရေးချိုးဖောက်မှု
လစဉ်အစီရင်ခံစာမှ ကောက်နုတ်ချက်
-----------------
(Short Video for December 2025)
26/12/2025
ပေါက်မြို့နယ်တွင်းတိုက်ပွဲများ၌ စစ်တပ်ဘက်က အနည်းဆုံး ၁၂ ဦးသေဆုံး
ဒီဇင်ဘာ ၂၆၊ ၂၀၂၅။
မကွေးတိုင်း၊ ပေါက်မြို့နယ်ထဲမှာဖြစ်ခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က အနည်းဆုံး ၁၂ ယောက်သေဆုံးပြီး တော်လှန်ရေးမဟာမိတ် ပူးပေါင်းတပ်ဘက်က ၂ ယောက်ကျဆုံးခဲ့တယ်လို့ ကျောင်းသားတပ်ဦး/ ကျောင်းသားလက်ရုံးတပ်တော်က ဒီဇင်ဘာ ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။
ဒီဇင်ဘာ ၉ ရက်နေ့ကစလို့ ပေါက်မြို့နယ်၊ ကပစ ၂၄ ကနေ ဇီးပြား၊ တရော်ကိုင်း စစ်တပ်စခန်းနဲ့ ပျူစောထီးရွာတွေိကို ထွက်လာတဲ့ အင်အား ၂၁၁ ယောက်ပါ စစ်ကြောင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်တွေဟာ ဒီဇင်ဘာလ ၉ ရက်၊ ၁၀ ရက်၊ ၁၆ ရက်နေ့နဲ့ ၂၀ ရက်နေ့တို့မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။
တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က စစ်သား ၁၂ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၃၇ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ဖော်ပြထားပါတယ်။
ပြီးတော့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်တွေဘက်က ရဲဘော် ၂ ယောက် ကျဆုံးခဲ့ပြီး ရဲဘော် ၅ ယောက်လောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။
ကျောင်းသားလက်ရုံးတပ်တော် (SAF) နဲ့အတူ ပြည်သူ့တော်လှန်ရေးတပ်ဦး (PRF)၊ ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDO/ PDA)၊ နယ်စည်းမခြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ(ပခုက္ကူ) (Borderless)၊ မကွေးပြည်သူ့ကာကွယ်ရေးတပ်မတော် (MGY-PDF)၊ Phoenix Guerrila Force (ဖီးနစ်ပြောက်ကျားတပ်ဖွဲ့)၊ ပေါက်၊ မြိုင် (ပကဖ)၊ BLY ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့လည်း ဆိုပါတယ်။
ဓာတ်ပုံ - SAF ပြန်ကြားရေးနှင့် မဟာမိတ်ဆက်ဆံရေးဌာနကြီး
(MA)
( သတင်းများကို BHRN ၏ Telegram channel တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ )
BHRN Telegram News Channel>>>
https://t.me/BurmaHumanRightsNetwork
Click here to claim your Sponsored Listing.
Contact the organisation
Website
Address
London
E17